Kitty Kitty

မနက်ဖက် ဆွမ်းတော်တင်၊ ဆွမ်းလောင်းပြီးရင် နောက်ထပ် လုပ်ရတာ ရှိသေး၏။ နေ့စဉ်နေ့တိုင်းရယ်တော့ မဟုတ်။ ရံဖန်ရံခါမှပါ။ ကြောင်ကို အစာ ကျွေးခြင်း ဖြစ်၏။ ကြောင်ကို အစာကျွေးသည် ဆိုမှ လွန်လေပြီးသော အတိတ်တခုကို သွားသတိရမိ၏။

အချိန်မှန် အစာလာလာတောင်းတတ်သည့် အနက်ရောင် ကြောင်တကောင် ရှိ၏။ ပိန်ကပ် မနေ၊ အသားအရည် ပြည့်၏။ ဘယ်အိမ်က ကြောင်မှန်းတော့ မသိပေ။ ကျနော်တို့ အိမ်မှာပဲ လာလာနေလေ့ ရှိ၏။ တညှောင်ညှောင်နဲ့ အစာတောင်း၏။ ထိုစဉ်က သူ့ကို ကျွေးဖို့ ကြောင်စာဆိုပြီး သက်သက်ဝယ်ထား၏။ နောက်ပိုင်းတော့ ဘာကြောင့်ရယ်မသိ အဆိုပါ ကြောင်လေးကို မတွေ့တော့ပေ။ သူ့ သခင်တွေကပဲ အပြင် ဘာညာ မသွားစေတော့တာလား။ သက်တမ်းစေ့လို့ပဲ ဆုံးပါးသွားလေသလား။ သွားရင်းလာရင်း ခွေးလေခွေးလွင့်များကိုက်လို့ သက်တမ်းမစေ့သေးဘဲ သေလေသလားတော့ မသိပေ။

အနှီကြောင် မလာ၊ မမြင်ရတော့ဘဲ 2 နှစ်လောက်နေတော့ ခုကြောင် ထပ်ရောက်လာခြင်း ဖြစ်၏။ ခုကြောင်ကတော့ ရွှေဝါရောင် ဖြစ်၏။ ပြီး အမကလေး ဖြစ်၏။ ယခင် အနက်ရောင် ကြောင်လေးကတော့ အထီး ဖြစ်၏။ ယခု ကြောင်က ယခင် ကြောင်တုန်းကလိုတော့ အိမ်မှာ အကြာကြီး မနေပေ။ အစာတောင်းစားပြီးတာနဲ့ တန်းပြန်သွားလေ့ ရှိ၏။ ယခင်ကြောင်ကကြ စားပြီးတာနဲ့ အိပ်နေတော့တာပဲ။ ကြွက်လည်း မခုတ်ပေ။

ယခု ကြောင်မက ကြွက် ခုတ်၏။ အိမ်ကြွက်မှ မဟုတ် မြေကြွက်တွေပါ ဖမ်းလေ့ ရှိ၏။ တချို့သော မနက်ခင်းတွေမှာ သူဖမ်းဆီး သတ်ဖြတ်ထားသည့် ကြွက် အကြွင်းအကျန်တွေ ရှင်းလင်းရတာမျိုးတွေလည်း ရှိ၏။ ယခု ကြောင်ကိုတော့ ကြောင်စာ မကြွေး ဖြစ်တော့ပေ။

တခု ဖြတ်ပြောရဦးမယ်။ ယခင် ကြောင်တုန်းက ကာလ တခုစာလောက် သူ့အပြင် နောက်ထပ် ကြောင်မလေး တကောင်ပါ ပါလာတတ်သေး၏။ နှစ်ကောင်လုံးကို ကြွေးရ၏။ ဆရာသမားက သူ့ကောင်မလေးပါ ခေါ်လာပြီး ဘူဖေး လာတီးခြင်း ဖြစ်လေ၏။ အမေကတော့ ကြောင်ပွားဝချက်ဟု ပြော၏။

အဆိုပါ ကြောင်မလာတော့သည့်နောက် ကြောင်စာလည်း ထပ်မဝယ် ဖြစ်တော့ပေ။ ခု ကြောင်မလေးက အိမ်မှာလည်း သိပ်မနေဘူးကိုး။ ပြီး အစား မရွေးပေ။ ကျနော်တို့ စားသည့် ပေါင်မုန့်၊ ဘီစကစ် စတာတွေပဲ ကျွေး၏။ သူမ ကောင်းကောင်းစား၏။ မကျွေးမချင်း တညှောင်ညှောင်နဲ့ အော်လေ့ ရှိ၏။ စားပြီးရင်တော့ သူ့သူ အေးဆေး ပြန်သွား၏။ တချို့ မနက်ခင်းတွေကြ လာပေမယ့် ညှောင်ညှောင်နဲ့ မအော်ပေ။ သူ စားချင်၊ ဆာသည့် ရက်မျိုးမှာတော့ တောင်းလေ့ ရှိ၏။ အေးဆေး၏။

တလောကတော့ ရက်ဆက်လာ၏။ ဗိုက်ကြီးနေသောကြောင့် အစာ အဟာရ ပိုလိုသည် ထင်ပါရဲ့။ ဒီနေ့ မနက်လည်း လာ၏။ ဆွမ်းတော်တင်ပြီး သူ့ကို မုန့်ကြွေးဖို့ လုပ်၏။ အစာတောင်းသံ ငြိမ်သွားလို့ ဘယ်ရောက်သွားလဲပေါ့။ အနောက်ဘက် အိမ်မှာ ကြွက်သွား ချောင်းနေလေရဲ့။ ခဏနေတော့ ကြွက်တကောင်ကို ဂုတ်ကနေ ကိုက်လို့ တဖက်ခြံသို့ ထွက်သွားလေ၏။ သူ့ အတွက်ယူလာသော ပေါင်မုန့်ကိ ကျနော်ပဲ စားလိုက်လေတော့၏။

(photos by Canva)



0
0
0.000
10 comments
avatar

ဒီနေ့ နေ့လည်ကတောင် သူ့ကိုမုန့်ကျွေးလိုက်သေးတယ်

0
0
0.000
avatar

ကြောင်မ တွေက ကြွက်ခုတ် ပိုတော်တယ်ထင်ပ။
!LOLZ
!MEME

0
0
0.000
avatar

အိမ်က ကြောင်တွေကတော့ အုပ်စုတောင့်တော့ ဘယ်ကြွက်မှ မနေရဲဘူး။ သူတို့အတွက် အမေက ကြက်ရိုးလေးတွေ စျေးက ဝယ်လာပြီး ကိုယ်တိုင်ကိုယ်ကျ ချက်ကျွေးတာ။ တခါတလေ ကျွန်တော်တို့ လူတွေတောင် ကြက်သား မစားရပေမဲ့ အဆိုပါ ကြောင်များကတော့ ကြက်သားနှင့် ဗိုက်နန့်လို့.... 😅

!PIZZA

0
0
0.000
avatar

အဲ့တာ ပြောတာ။ 😂

0
0
0.000
avatar

အော်ဒါနဲ့ Peakd သုံးလား ကိုဒွန်။ Peakd မှာက ကိုသုံးချင်တဲ့ပုံကို AI နဲ့ထုတ်ခိုင်းလို့ရတဲ့ tool ပါတယ်။ အဲ့ပုံတွေကို ကိုယ့်ရဲ့ ပိုစ်တွေမှာ သုံးလို့ရတယ်။

0
0
0.000
avatar

ဟုတ်လား။
စမ်းကြည့်မယ်။ ကျေးဇူးပါ။

0
0
0.000