ခုတော့ သူမဟုတ် သလို

မိုးက ရယ်ရ၏။ တန်ဆောင်တိုင်ပွဲ ပြီးတာနဲ့ တန်းကို တိတ်သွား၏။ မိုးတိမ် မိုးသား မရှိ ကြည်လင်သည့် ကောင်းကင်ကြီးကို မြင်နေရ၏။ တန်ဆောင်တိုင် ပွဲတော်ကို အဝေးက လာလည်သည့် သူများအဖို့ ရာသီဥတုကြောင့် ဘယ် မီးပုံးမှ ကောင်းကောင်း မကြည့်လိုက်ရပေ။ ပိတ်ရက် ခွင့်ရက် ကန့်သတ်ချက်တွေကြောင့် ဆက်နေချင်ပေမယ့် နေမရဘဲ ပြန်ကြရ၏။
ဧည်သည့်တွေ ပြန်မှပဲ ရာသီဥတု ကောင်းလို့ မီးပုံးတွေ တလုံးပြီး တလုံး လွှတ်ကြလေ၏။ ပွဲရက် တိုးပေမယ့် အလုံးရေ များသောကြောင့် တရက်တရက်ကို တော်တော်များများ လွှတ်ဖြစ်သည်ဟု ပြန်ကြားရ၏။ ဧည့်သည်တွေမှရယ် မဟုတ် မီးပုံးပျံ အဖွဲ့တွေလည်း ကသီလင်တ နိုင်တာပါပဲ။
နေ့လည်ကနေ ညနေထိ ရာသီဥတုက ကောင်းနေတော့ မီးပုံးပျံ အဖွဲ့တွေက လွှတ်တင်ရန် အလို့ငှာ စုရပ်ကနေ ကွင်းဆီသို့ ထွက်ခွာလာကြ၏။ ကွင်းထဲလည်းရောက် ရာသီဥတုက ဖောက်နဲ့ မလွှတ်ရပြန်ပေ။ ထိုသို့ နှစ်ရက်ဆက် သုံးရက်ဆက် ကြုံတွေ့ရပြီး တကယ် လွှတ်လို့ရသည့် ရက်ရောက်တော့ လူက သိပ်မစုံတော့ပေ။ ကောင်းရော။

လပြည့်နေ့ကများဆို လေကော၊ မိုးကော ကျ၏။ ပွဲ မလည်ပေမယ့် သူငယ်ချင်းတွေကလည်း ခေါ်နေသဖြင့် မီးပုံးပျံကွင်းကို မြင်ရသည့် တောင်ပေါ် တနေရာကနေ သွားကြည့် ဖြစ်၏။ ည ၉ နာရီလောက်မှ ကျနော်တို့ ထိုနေရာသို့ ရောက်၏။ လမ်းမှာ ကျနော်တို့က အသွား၊ တချို့က အပြန်။ ဘာလို့ ပြန်နေကြတာလဲ အစောကြီးကိုပေါ့။
ကိုယ်တွေ ရောက်လို့ ကြည့်မှ ဟုတ်သား မြူတွေ ပိတ်ဖုံးနေတာများ ကွင်းမြင်ရဖို့ မပြောနဲ့ အနီးအနားက ဘာမှကို မမြင်ရပေ။ တချို့ စောင့်နေကြသူတွေလည်း ရှိသေး၏။ ကိုယ်တွေလည်း စောင့်ပေါ့။ Camp တဲတွေ ပါလာသည်မို့ အဆိုပါ တဲတွေထိုးပြီး စောင့်၏။ မထူးပေ။
နောက်ဆုံး ပြန်ဆင်းခဲ့၏။ ကိုယ်တွေ တဖွဲ့သာ ကျန်၏။ အောက်ရောက်တော့ ရာသီဥတုက အပေါ်မှာလောက် မဆိုးနေပေ။ တောင်ပေါ်မှာက တော်တော်ဆိုးဆိုးကြီးကိုး။ လေကတော့ ကြမ်းနေသေး၏။ မီးပုံးပျံကတော့ လွှတ်ဖြစ်မည် မဟုတ်တော့ပေ။
အင်း အဲသလိုတွေ ဖြစ်တာပေါ့။
လူမှုကွန်ယက်မှာ မြင်ရတာ စိတ်မသက်သာလှဘူး။
မီးပုံပျံပွဲကြည့်ကြတဲ့လူတွေ ပြောပါတယ်။
!PIZZA
!MEME
Credit: bitandi
Earn Crypto for your Memes @ HiveMe.me!
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!