Keep Moving, Still Strong
WOH ကလစ်လာတာ ၂ နှစ်ကျော်လာခဲ့ပြီ ဖြစ်၏။ ၂ နှစ်ကျော်လုံး တရက်မှ ပျက်ကွက်ခဲ့ခြင်း မရှိခဲ့ပေ။ မီးပျက်၊ wifi မရရင်လည်း Mobile data နဲ့ ကလစ်၏။ တမင် အချိန်ပေးပြီးလည်း ကလစ်သလို၊ တခုခု လုပ်နေရင်းကလည်း ကလစ်၏။ သူငယ်ချင်းတွေအိမ်မှာ ဆုံကြရင်လည်း စကားဘာညာပြောရင်း ကလစ်၏။ အိမ်မှာ မဟုတ်ဘဲ အပြင်ရောက်နေရင်လည်း ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး ကလစ်၏။ တခြား App တွေထက် WOH ကိုသာ စွဲစွဲမြဲမြဲ ကလစ် ဖြစ်၏။
Multi tasking skill က အညံ့ကြီး မဟုတ်ပေမယ့် ကလစ် App အများကြီး လိုက်သုံးနေဖို့က ကျနော့် အတွက် အဆင်မပြေလှပေ။ တခုဆို တခုထဲနဲ့ပဲ ကလစ်၏။ နေ့စဉ် ဝင် ကလစ်တယ် ဆိုပေမယ့် ခုနောက်ပိုင်း VPN အခက်အခဲကြောင့် ယခင်လောက်တော့ အများကြီး မရတော့ပေ။ ယခင်ဆို တရက်ကို 5 stars ကြော်ငြာချည်း အနည်းဆုံး 100 ရ၏။ ခုက 10 ရဖို့ပင် မနည်းကောင်း ကြိုးစားနေရ၏။ 10 ဆလောက် ကွာသွားတာကြီးက မချင့်မရဲ ဖြစ်ရ၏။ အဆင်ပြေသည့် VPN မရသရွေ့တော့ ရနေသည့် ဟာလေးနဲ့ပဲ အကောင်းဆုံး ကြိုးစား ကလစ်နေပါဦးမည်။
WOH အပြင် Spring Bees လည်း လုပ်၏။ သူ့ကိုက မေ့မေ့သွားလို့ ဝက်ဝံကြီး တိုက်ခိုက်တာခံရပြီး ပျားရည်တွေ ဆုံးရှုံးသွားရတာလည်း ရှိ၏။ 12 နာရီတခါ ဝင်ပြီး နှိပ်ပေးရမယ့်ဟာကို မေ့မေ့သွားလို့။ Spring Bees ကတော့ ခုမှ Level 7 (Defender) ပဲ ရှိသေး၏။ Level 10 ရောက်ဖို့တော့ အတော်လိုဦးမည်။
တရက်မပျက် ကလစ် ဖြစ်နေသည့် အကြောင်းအရင်းတွေ များစွာ ရှိ၏။ နောက်ထပ် ထပ်ပေါင်းထည့်ရမည့် အကြောင်းအရင်းတွေကလည်း ထပ်မံတိုးတိုးလာလေ့ ရှိ၏။ ငလျင်ဒဏ်ခံနေရတုန်းက စကစ၏ လေကြောင်းတိုက်ခိုက်မှုကလည်း ပျက်ရက်မရှိ ကလစ်နေဖို့ကို ဆက်လက်တွန်းအားပေး၏။ ပြီးနောက်တခုက စစ်ကိုင်းဒေသဘက်က CDM အမတယောက်၏ ပိုစ့်လေး တခုကြောင့်လည်း ပါ၏။ သူ့ပိုစ့်လေးကို အကျဉ်းချုံး ပြောပြ ပါမယ်။
ဝန်ထမ်းပါ။ ဒါပေမယ့် အာဏာသိမ်းပြီး ကတည်းက CDM လုပ်ထားတယ်။ ခက်ခဲမှုတွေ ရှိပေမယ့် ရအောင်ကြိုးစား ရပ်တည်နေပါတယ်။ ခု ငလျင်ကြောင့် အိမ်လည်း ပြိုသွားခဲ့ရပါပြီ။ ဒါပေမယ့် ကလစ်တဲ့ အလုပ်ကိုတော့ အပျက်မခံခဲ့ပါဘူး။ အထူးဦးစားပေးကတော့ WOH ပေါ့။ Spring Bees ကတော့ level 10 ရောက်နေပါပြီတဲ့။
CDM လည်း လုပ်တယ်။ ကလစ်ကာလည်း လုပ်တယ်။ ဟောခု ငလျင်ကြောင့် အိမ် မရှိတော့တောင်တာ သူ့ ကလစ်နေကြ အလုပ်ကို အပျက်မခံခဲ့ပေ။ ထိုသို့သော အကြောင်းချင်းရာတွေကြောင့်ပဲ ကျနော် ရက်ပျက်မခံ ကလစ်နေရခြင်း ဖြစ်၏။ ခုလို နိုင်ရာဝန်ကို တစိုက်မတ်မတ် စွဲစွဲမြဲမြဲ လုပ်ဆောင်နေသူတွေကြောင့် ဒီတော်လှန်ရေးက မုချ အောင်ကို အောင်မြင်ရမည် ဖြစ်၏။
တချို့တွေ အိမ်မပြန်နိုင်တော့။
တချို့တွေ စိတ်ဓာတ်ခိုင်မာကြတယ်။
!PIZZA
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
အမှန်ပဲဗျ။
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun
Come get MOONed!