Keep Moving Forward
Hive မှာ ပိုစ့်တင်ခြင်းနှင့် ကလစ်ခြင်းက ကျနော်၏ နေ့စဉ် မပျက်မကွက် လုပ်ဆောင်သည့် အရာများ ဖြစ်ချေ၏။ တခါတလေ ပိုစ့်တင် ပျက်ကွက်ခဲ့ရင်တောင် ကလစ်တာကိုတော့ ရအောင် လုပ်၏။ အပြင် ဘာညာ သွားဖြစ်ရင်တောင် ပတ်ဝန်းကျင် အခြေအနေကို ကြည့်ပြီး ကလစ် ဖြစ်၏။ ဘယ်လိုနေနေ ရအောင်ကလစ်၏။ သူငယ်ချင်းတွေနဲ့ စကား ဘာညာပြောနေရင်းနဲ့လည်း ကလစ် ဖြစ်၏။ အဓိကက ကလစ်နေဖို့ ကလစ် မပျက်ဖို့သာ။
ကျနော် လုပ်ပေး၊ ကူပေး နိုင်တာကလည်း ဒါပဲ ရှိသည်ကိုး။ ထို့ကြောင့် ရက်အပျက်မခံဘဲ ရရင် ရသလို ကလစ်နေခြင်း ဖြစ်၏။ စပြီး ကလစ်မယ်ဟဟု တွေးပြီးကတည်းက ပျက်ရက် မရှိဖို့ကိုလည်း တပါတည်း စိတ်ဆုံးဖြတ်ထား၏။ ဘယ်လိုမှ အဆင်မပြေတဲ့ရက်မျိုးဆိုရင်တောင် အနည်းဆုံး ကြေငြာ ၅ ခုလောက် ရအောင်တော့ ကြည့် ဖြစ်၏။
ခုတလော WOH က ယခင်လောက် ကြေငြာ သိပ်မတက်တော့ပေ။ VPN ကြောင့် ထင်ပါရဲ့။ ကိုတွတ်က VPN တွေ စီစဉ်ပေး ပေမယ့် အဆင်က ပြေလိုက် မပြေလိုက်နဲ့ရယ်။ သို့နှင့် ကိုယ့်ကို သုံးနေကြ အဆင်ပြေသည့် VPN တွေ တခုပြီး တခု ပြောင်းကာ ကလစ်နေရ၏။ ဘယ်လောက်ထိ ပါဝင်ပြီးပြီ မဟုတ် ဘယ်လောက်မှ မပါဝင်ရသေးဟုသာ နှလုံးသွင်းထား၏။ မြေပြင်က သူတွေထက် စာရင် ကိုယ့် လုပ်ပေးနိုင်စွမ်းက သေးသေးလေးရယ်သာ။ နိုင်ရာဝန် ထမ်းတာပေါ့လေ။
ဘာပဲ ပြောပြော တနှစ်နဲ့ ဆယ်လ တိတိ မပျက်မကွက် ကလစ်နိုင်ခဲ့ပြီမို့ ဂုဏ်ယူမိပါ၏။ ဆက်လက်၍လည်း ပါဝင်နေဦးမည် ဖြစ်ပါ၏။ ဒီခရီး နီးလာပါပြီလေ။
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻