Keep it up Mainoo

Hello, Nice to meet you all.

At early morning (2:30 AM GMT+6:30) the last match of FA Cup Round 3 is played, Wigan vs Manchester United. Manchester United won Wigan with 0-2. Except Arsenal all the rest of Big Teams from EPL road to next Round.

I want to highlight Mainoo the player of Manchester United who play at DM role. He is just 18 years old. He show stable and nice performance. He is more better than better. For United that is really nice. There are too many injury players including Midfielders players. Mainoo solve this problem. One day he can replace Casemiro's position after he retired (left) from Man United. Come on Mainoo Keep it up.

There are many score match at Round 3. The most score match is Coventry 6-2 Oxford United. Next Round will play at January 27.

Tomorrow and the day after tomorrow early morning (2:30 AM GMT+6:30), there are Semi Final matches of Carabao (EFL) Cup will play. There are 2 lags at Semi Final stage. 1st lag at 10, 11 January and 2nd lag at 24, 25 January. What do you think, which team will attempt to Final stage. By the way EPL is back at this weekend.

See you tomorrow guys. Enjoy your football matches.

FA Cup 3rd ၏ နောက်ဆုံးပွဲစဉ်တပွဲ ဖြစ်သည့် ဝီဂန်နဲ့ မန်ယူနိုက်တက်တို့ ၏ ပွဲစဉ် ဒီနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင် ကစားသွားခဲ့၏။ မနက် ၂ နာရီခွဲဆိုတော့ ထတော့ မကြည့်တော့ပေ။ စောင့်လည်း မကြည့်နိုင်။ ည ၁၁ နာရီခွဲ၊ မနက် ၁၂ နာရီ၊ မနက် ၁ နာရီလောက်ဆိုရင်တော့ ကြည့်ဖြစ်လောက်သေး၏။ ခုက တော်တော် နောက်ကျသဖြင့် မကြည့် ဖြစ်တော့ပေ။ ဝီဂန် လောက်တော့ နိုင်တန် ကောင်းပါရဲ့ပေါ့လေ။

မျှော်လင့် ထားသလိုပဲ ယူနိုက်တက်တို့ ၀-၂ ဂိုးဖြင့် အနိုင်ရခဲ့၏။ နောက်တဆင့်တော့ တက်သွားခဲ့ပြီ ဖြစ်၏။ ဘယ်အဆင့်မှာ ထွက်ရမလဲကတော့ မပြောတတ်သေးပေ။ မနှစ်ကတော့ ဗိုလ်လုပွဲအဆင့်ထိ ရောက်ခဲ့၏။ ဒီနှစ်တော့ မပြောတတ်ပေ။ မနှစ်က EFL ဖလားရခဲ့ပြီး FA ဖလားတော့ မရခဲ့ပေ။ ဒီနှစ် EFL ကနေက ထွက်ခဲ့ရပြီးပြီဆိုတော့ FA ဖလားများ ရနေလေမလားတော့ မသိပေ။ ပြောကောင်း၊ ပြောကောင်း ရရင်လည်း ကောင်းတာပေါ့လေ။ ပရီးမီးယားလိဂ် အိပ်မက်ကလည်း သေမှ မသေချာတော့တာကိုး။

မနေ့က မိုင်နူးလေး အတော်ကောင်းသည် ဆို၏။ အသက် ၁၈ နှစ်အရွယ် လူငယ်လေးကတော့ တပွဲပြီး တပွဲ၊ တပွဲထက် တပွဲ ပိုပိုပြီး ကောင်းလာ နေခဲ့၏။ တချိန်မှာ ကက်စီမဲရိုး နေရာမှာ အစားထိုးဖို့ အဆင်သင့် ဖြစ်နေလောက်ပါရဲ့။ အကယ်ဒမီထွက် လူငယ်တွေထဲကနေ ခြေစွမ်းကောင်းမွန်တဲ့ လူငယ်တွေကို အသင်းကြီးမှာ နေရာ ပေးနိုင်ဖို့ လို၏။ လူ ဝယ်ရတာ နည်းတော့ အသင်း အတွက်လည်း အဆင်ပြေတာပေါ့လေ။

နက်ဖြန်နဲ့ သဘတ်ခါ မနက် အစောတွေမှာတော့ EFL ဆီမီးဖိုင်နယ် အဆင့် ပွဲစဉ်တွေ ကစားသွားဖို့ ရှိ၏။ ဆီမီးဖိုင်နယ် အဆင့်မှာတော့ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့ ကစားကြရမည် ဖြစ်၏။ ဘယ်အသင်းတွေများ ဗိုလ်လုပွဲ တက်ရောက်သွားနိုင်မလဲကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။

(Photos from FA Cup Facebook Page)



0
0
0.000
4 comments
avatar

Yay! 🤗
Your content has been boosted with Ecency Points, by @donjaun.
Use Ecency daily to boost your growth on platform!

0
0
0.000