Keep Involving
မုန်တိုင်းရှိသည် ဆို၏။ မြန်မာနိုင်ငံထဲ ဝင်သည့် မုန်တိုင်းတော့ မဟုတ်ပေ။ အဖျားလေးခတ်တာဟု ပြောလို့ရ၏။ သို့ပေမယ့် သူ့ အဖျားခတ်တာက အတော်ဆိုးသည် ပြောရမည်။ ကုန်းတွင်းပိုင်း ဝင်ရောက်နေပြီ ပြောပေမယ့် ခုထိတော့ အားပျော့သွားသည့် အနေအထားမျိုး မတွေ့ရသေးဘူး ထင်ပါရဲ့။ သတင်း အမြဲ ကြည့်လေ့ ရှိတဲ့ အမေကတော့ ၁၂ ရက်နေ့အထိတဲ့ဟု ပြောနေ၏။ အင်း ကျနော်တို့ ပြည်သူတွေမှာလည်း ဒုက္ခ။ လဲကျပါတယ်ဆိုနေ အထုအထောင်းက ခံနေရသေး၏။
မနေ့ညက DVB YouTube account ကလည်း hack ခံရသေးသည် ဆို၏။ Apple live ကြီး ပြထားပြီး QR code scanner တွေ ဖတ်ရန်ဆိုပြီး ထည့်ထားသည် ဆို၏။ scan မဖတ်ကြရန် Crypto အသိုင်းအဝိုင်းက သတိပေးထား၏။ ပေါလိုက်တဲ့ လူလိမ်တွေ။
ဒေါ်လာဈေး၊ ရွှေဈေး အနည်းတော့ ပြန်ကျ၏။ ကုန်ဈေးနှုန်းကတော့ မကျသေးပေ။ ကျဖို့လည်း မမြင်ပေ။ တက်ဖို့ မရှိတာကတော့ ပြည်သူတွေ၏ စိတ်အခြေအနေ၊ ခံစားမှုတွေ ဖြစ်၏။ နို့ပေမယ့် တော်လှန်ရေး အင်အားစုတွေ၏ တဖြည်းဖြည်းချင်းစီ ခရီးရောက်လာမှုက စိတ်ဖြေစရာ၊ တဖန်ပြန်လည်လို့ အားတက်စရာ ဖြစ်စေခဲ့၏။ စနစ်ဆိုးကို ဖြုတ်ချနိုင်မှသာ ကျန်တာတွေကို ဆက်လက် လုပ်ဆောင် နိုင်မည် မဟုတ်လား။ ပြာပုံထဲကနေ ပြန်ရုန်း ထရလည်း ကန့်လန့်ခံနေသူတွေ မရှိမှသာ အဆင်ပြေမည် မဟုတ်လား။
မန္တလေး၊ ပြင်ဦးလွင် ကလည်း ခပ်လှုပ်လှုပ် ဖြစ်နေ၏။ ဘယ်နေ့လဲ၊ ဘယ်လိုလဲ နဲ့ပေါ့။ ဘာတွေ ဆက်ဖြစ်လာမည် မသိသေးပေမယ့် ပြင်ဆင်သင့် ပြင်ဆင် စရာ ရှိတာတွေကိုတော့ ပြင်ဆင်ထားဖို့ လိုမည် ဖြစ်၏။ အပြောက လွယ်၏။ လုပ်ဖို့ကကြ ခက်၏။ ကျနော်တို့က အပြောသမား မဟုတ်၊ အလုပ်သမားလည်း မဟုတ်ပေ။ အကူသမားတွေ ဖြစ်၏။ မြေပြင်ထိ ဆင်းပြီး မတိုက်၊ မကူ နိုင်ပေမယ့် Digital နည်းလမ်းဖြင့်တော့ ကူနိုင်ပါသေး၏။
ဘယ်လို နည်းလမ်းနဲ့ပါဝင် ပါဝင်၊ အဓိကက ပါဝင် ကူညီနေနိုင်ဖို့ပင် မဟုတ်လား။ တော်လှန်ရေးကနေ သွေဖယ်သွားသည့် လမ်းကြောင်းမျိုးကို ကျနော်တို့ ရွေးချယ်ကြမည် မဟုတ်ပေ။ ငါတို့မှာ ငါတို့ ရှိတယ် ပြောခဲ့သလို အားလုံးက အဆုံးထိ သွားမယ့် သူတွေချည်းပင် ဖြစ်၏။
မန်းလေး ရောက်လာမယ့်နေ စောင့်နေရသလိုပါဗျာ။
!LOLZ
!MEME
lolztoken.com
Long time no sea.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!