Keep Fit

အသက်အရွယ်ကြောင့် ထင်ပါရဲ့ နေ့တိုင်းနီးပါး ပြင်းထန်တဲ့ Training တွေ လုပ်ရလို့ နာကျင် ကိုက်ခဲတာမျိုးတွေ ရှိလာခဲ့၏။ မလုပ်လို့ကလည်း မရပေ။ ပွဲချိန်ရက်က နီးကပ်နေပြီ။ ပြင်ဆင် လေ့ကျင့်ချိန်က သိပ် မရှိတော့ပေ။ Training ပိကုန်ပြီး ပွဲရောက်မှ မကစားနိုင် ဖြစ်နေမှာလည်း စိုးရိမ်ရသေး၏။ ထို့ကြောင့် Training မပိဘဲ၊ မိဖို့ကိုလည်း အလေးထားရပေလိမ့်မည်။
ပြိုင်ပွဲ ကျင်းပရေး အနေဖြင့် အစောပိုင်းမှာ အသင်း တသင်းကို ကစားသမား 10 ယောက်၊ နည်းပြ၊ အုပ်ချုပ်သူ စုစုပေါင်း 12 ယောက်သာ ခွင့်ပြု၏။ အသင်းတွေ၏ ဝိုင်းဝန်း တောင်းဆိုမှု အရ ကစားသမား 2 ယောက် ထပ်တိုးခွင့်ပြုကာ တသင်းကို စုစုပေါင်း 14 ယောက် ခွင့်ပြုပေးလိုက်၏။ အဲ့လိုမှပဲ အဆင်ပြေမှာ။ Futsal က တောက်လျောက် လှုပ်နေ၊ ပြေးလွှားနေရသည့် အားကစား ဖြစ်၏။ မိမိ ခြေထဲ ဘောလုံး ရှိ ရှိ၊ မရှိ ရှိ နေရာစုံ ရွှေ့ပေးနေဖို့ လို၏။ ကစားသမား အနေဖြင့် အနည်းဆုံး 12 ယောက်မှ အဆင်ပြေပေလိမ့်မည်။
ပြီးခဲ့သောနှစ်က ပြိုင်ပွဲမှာလည်း ကစားသမား 12 ယောက်ထိ ခွင့်ပြုပေးခဲ့၏။ အဲ့တာကို ဒီနှစ်မှ 10 ယောက်ပဲ ဆိုတော့ ဘာလို့လဲပေါ့။ ဒေသတွင်း ပြိုင်ပွဲတွေကတော့ ထိုအတိုင်းပင်။ အဆင်ပြေသလို ပွဲကို လုပ်ကြ၏။ မည်သို့ပင် အဆင်ပြေသလို လုပ်တယ်ဆိုဆို စည်းမျဉ်းတွေ နှင့်ညီအောင် တတ်နိုင်သလောက် လုပ်သင့်၏။ အပျော်တမ်း ပြိုင်ပွဲ၊ အလွတ်တန်း ပြိုင်ပွဲ ဘယ်လို ပြိုင်ပွဲ ဖြစ်ဖြစ် တကယ့် ပွဲကြီးတွေရဲ့ စည်းမျဉ်း စည်းကမ်း အတိုင်း လုပ်သင့်၏။ သို့မှာသာ အပျော်တန်း အသင်းတွေလည်း စည်းမျဉ်းတွေနဲ့ ရင်းနှီးကာ တိုးတက်လာပေလိမ့်မည်။

Training လုပ်ရာမှာ Stamina ပိုင်းနှင့် ကစားကွက်ပိုင်းကို အထူး အလေးပေးပြီး လုပ်ဆောင်၏။ အထူးသဖြင့် ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘောတွေက အစ လေ့ကျင့်ထားကြ၏။ ကြုံသလို ကြုံတဲ့သူ ကန် မဟုတ်တော့ဘဲ ဘယ်သူက ဘယ်လို ရွှေ့ပြီး ဘယ်သူက ကန်မယ် အစရှိသဖြင့် လေ့ကျင့်ထားကြ၏။ ဒီလောက်ထိ လုပ်ထားနိုင်မှ အဆင်ပြေမည် မဟုတ်လား။ ခေါင်းလောက်မှန်းထားမှ ရင်လောက် ရနိုင်မည် မဟုတ်လား။
Training လုပ်ရတော့ ညဘက်တွေဆို သူ့သူ ခပ်စောစော အိပ်ဖြစ်သွား၏။ စိတ်က မအိပ်ချင်သေးတောင် ကိုယ်ခန္ဓာက ပင်ပန်းနေပြီမို့ အိပ်ပျော်သွားလေ၏။ နောက်ထပ် 7 ရက်လောက်သာ Training လုပ်ဖို့ အချိန်ကျန်တော့၏။ ထို ရသည့် ကျန်သည့် ရက်လေးမှာ အကောင်းဆုံး သေချာ လုပ်ကြဖို့ လိုမည်။
ကလေးတွေနဲ့ အပြိုင် ကစားနိုင်ဖို့ ကြိုးစားနေရတာကလည်း ထင်သလောက် မလွယ်လှပေ။ စိတ်ကတော့ ရှိပါရဲ့ နို့ပေမယ့် ကိုယ်က မလိုက်နိုင်နေတာမျိုးတွေလည်း ရှိ၏။ သို့ပေမယ့် ခုထိတော့ တချို့ကလေးတွေနဲ့ သူတင် ကိုယ်တင် ကစားနိုင်နေပါသေး၏။
တိုက်ကွမ်ဒို မကစား ဖြစ်တော့တဲ့ နောက်ပိုင်း Futsal အားကစားနည်းကိုသာ တစိုက်မတ်မတ် ကစားခဲ့၏။ Futsal ကြောင့် ပျော်ရွှင်မှု ရသည်မှန်ပေမယ့် အောင်မြင်မှုလေးလည်း ရယူချင်ပါသေး၏။ အောင်မြင်မှုသည် အသက်အရွယ်နဲ့ အထိုက်အလျောက် သက်ဆိုင်ပေမယ့် မှန်ကန်သော ကြိုးစားမှုသာ ရှိမည်ဆိုရင် ပန်းတိုင်သို့ ရောက်ပါလိမ့်မည်။
ပြိုင်ပွဲမှာ ဆုရပါစေဗျာ။ ဖိုက်တင်း!
"ပထမဆု ရယူဖို့ဟေ့....!"
ဘရူနိုအကွက်တွေ ထုတ်သုံးပလိုက် 😅
!PIZZA
ကျေးဇူးဗျ။
Rooney လို စိတ်မျိုးနဲ့ Bruno အကွက်တွေ သုံးရမှာပဲ။
😅