ကဲ ဘယ်နှယ့် ရှိစ
Lyon နဲ့ပွဲတုန်းက စွမ်းဆောင်ရေကြောင့် New Castle United နဲ့ EPL Round 32 ပွဲစဉ်မှာ ပထမ ဂိုးသမား Onana ကို အနားပေးပြီး အရန်ဂိုးသမား Bayindir ကို ပွဲထွက် ကစားစေခဲ့၏။ အဲ့မှာ ပိုဆိုး သွားရော။ အရင်လူက တချက် ခေါက်ရင် နောက်လူက နှစ်ချက်ခေါက်ပါလေရော။ Onana ဖမ်း တုန်းက Lyon နဲ့ 2-2 ဂိုး သရေကျပြီး Bayindir ဖမ်းချိန်မှာတော့ New Castle ကို 4-1 ဂိုးနဲ့ အရှုံးပေးခဲ့ရလေတော့၏။
ဂိုးပြတ် သွားခဲ့ရပေမယ့် Bayindir ၏ အမှားချည်းပဲတော့ မဟုတ်ပေ။ ဒါပေမယ့် result ကိုပဲ ကြည့်မယ်ဆိုရင်တော့ Bayindir အဖို့ Onana ထက် ဆိုးနေသလို ရှိ၏။ နို့ပေမယ့် Onana က တပွဲတလေလောက်သာ ကောင်းပြီး ကျန် ပွဲတော်တော်များများမှာတော့ ကစားပုံက ဆိုးရွားလှ၏။ အရန် ဂိုးသမား Bayindir ကိုသာ အချိန်တခု ပေးလိုက်ရင် Onana ထက်တော့ သာမယ် ထင်ပါရဲ့။
United ကို အားကျလို့ ထင်ပါရဲ့ Tottenham ကလည်း Wolves ကို ရှုံးသွားခဲ့၏။ သူတို့ကတော့ ကိုယ်တွေထက် တဂိုးသာပါ၏။ 4-2 ဂိုးဖြင့် ရှုံးခြင်း ဖြစ်၏။ Chelsea ကလည်း အိမ်ကွင်းမှာ Ipswich ကို 2-2 သရေကျသွားခဲ့၏။ West Ham ကလည်း Liverpool ကို 2-1 ဂိုးဖြင့် အရှုံးပေးခဲ့ရ၏။ ဒီတပတ်မှာ London မြို့ခံ အသင်းတွေ အခြေအနေ မကောင်းဟု ဆိုရပေလိမ့်မည်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ United တို့ အနေဖြင့် Europa League Quarter Final ဒုတိယအကျော့ ပွဲစဉ်အဖြစ် Lyon အသင်းကို မိမိ အိမ်ကွင်းမှာ ဧည့်ခံ ကစားရ ပေလိမ့်ဦးမည်။ ဘယ်ဂိုးသမား ဖမ်းမည်နည်း။ ဘယ်သူ ဖမ်းဖမ်း ပရိတ်သတ်တွေမှာ မျက်ခုံးလှုပ်နေကြ ပေလိမ့်မည်။