K Drama

ရုပ်သံ စီးရီးတွေ သိပ်ပြီး ကြည့်လေ့ မရှိပေ။ မကြိုက်လို့ရယ် မဟုတ် ဇာတ်လမ်းတွဲ အရှည်ကြီးဆိုတော့ အချိန် မပေးနိုင်သောကြောင့် ဖြစ်၏။ ယခုလို ရုပ်ရှင် စီးရီး website, app တွေ ခေတ်မစားခင်တုန်းကဆို ရုပ်သံဇာတ်လမ်းတွဲတွေကို TV မှာပဲ ကြည့်ခဲ့ကြရ၏။ ထိုစဉ် ည ၇ နာရီ ဇာတ်လမ်းတွဲတွေက လူကြိုက်များကြ၏။ မိသားစုတွေ တစုတဝေးထဲ ထိုင်ကြည့်ကြလေ့ ရှိ၏။ ဇာတ်လမ်း ဇာတ်အိမ်ကောင်းသော ဇာတ်လမ်းတွဲတွေကို ရွေးချယ်ပြီး ထုတ်လွှင့်ပေးလေ့ ရှိ၏။
ထိုစဉ်ကလည်း သိပ်မကြည့် ဖြစ်ပါဘူး။ တရက်မှ တပိုင်းလာ၊ ဇာတ်လမ်း အရှိန်တက်နေတုန်း တပိုင်းပြီးရော။ နောက်ရက် ထပ်စောင့်ရနဲ့ စိတ်မရှည်ပေ။ ထို့ကြောင့် မကြည့်ဖြစ်ခြင်း ဖြစ်၏။ အမေကတော့ ကြည့်၏။ ကျနော့် အမေမှ မဟုတ်ပါဘူး အမေတွေ တော်တော်များများ ည ၇ နာရီ ဇာတ်လမ်းတွဲတွေကို နှစ်ခြိုက်စွာ ကြည့်ရှု အားပေးကြ၏။
အိမ်ရှင်မတွေအဖို့ တနေ့ကုန်နီးပါး အိမ်မှု ကိစ္စများ လုပ်ပေးပြီးနောက် ဒီအချိန်လေးမှာ ခဏတဖြုတ် အပန်းဖြေ အနားယူရသည် မဟုတ်လား။ စိတ်သက်တောင့်သက်သာနဲ့ ဇာတ်လမ်းထဲ စီးမျောရင်း အနားယူကြလေ့ ရှိ၏။

ရုပ်ရှင် စီးရီး website, app & channel တွေ အများကြီး ပေါ်ပေါက်လာပြီး နောက်မှာတော့ တခါလား နှစ်ခါလား ဇာတ်လမ်းတွေ ကြည့်ဖူး၏။ အပိုင်း 20 ထက် မပိုသည့် ဇာတ်လမ်းတွဲတွေသာ ကြည့်ဖြစ်၏။ အချိန် တခု ပေးပြီး နှစ်ရက် သုံးရက်နဲ့ ပြီးအောင် ကြည့် ဖြစ်၏။ ဆိုတော့ကာ ဇာတ်လမ်းတွဲတွေ မကြာခဏသာ ကြည့်နေမယ်ဆို အချိန် အတော်လေး ကုန်ပေလိမ့်မည်။ ကိုယ့်မှာ အချိန်လည်း အတော်အားမှ အဆင်ပြေပေလိမ့်မည်။ ထို့ကြောင့်လည်း သိပ်မကြည့် ဖြစ်ခြင်း ဖြစ်၏။
မနေ့က စာမရေး လိုက်ရ။ ဇာတ်လမ်းတွဲ ကြည့်နေလို့ အစကနေ ကြည့်ခြင်း မဟုတ် ဒီအတိုင်း Facebook မှာ တင်ထားတာ တွေ့လို့ တဝက်ကနေ လိုက်ကြည့်မိခြင်း ဖြစ်၏။ ဇာတ်လမ်းတင်သူကလည်း copy right လွတ်အောင် မရ ရအောင် ရှာကြံတင်၏။ တပိုင်းလုံး မဟုတ်ဘဲ တခန်းတဖြတ် 10 မိနစ် မကျော်သည့် အပိုင်းလေးတွေ လုပ်ပြီး တင်လေ၏။
Facebook ကနေ video တွေ ကြည့်ရင်း အနှီ ဇာတ်လမ်းတွေကို တဝက်က ဖြတ်ကြည့်မိပြီး ကျန် အပိုင်းတွေပါ လိုက်လံ ကြည့်မိသွားခြင်း ဖြစ်၏။ ထို့ကြောင့် မနေ့က စာမရေးလိုက်ရပေ။ ပြီးခဲ့သော နှစ်ပတ်လောက်က ရေးထားသည့် ပိုစ့်လေးတခု ရှိနေလို့သာ တော်သေး၏။ အဲ့ဒါလေး တင်လိုက်ရလို့ မနေ့က ပိုစ့်တင် မပျက်သွားခြင်း ဖြစ်၏။ ဇာတ်လမ်းတွဲက မပြီးသေး။ ဒီနေ့ ပြီးအောင် ကြည့်လိုက်ပါဦးမယ်လေ။
အဲ့သဟာကြောင့်မကြည့်တာ ကြည့်မိရင် သံယောဇဉ်က မကုန်ဘူး။
!LOLZ
!MEME
lolztoken.com
They each got six months.
Credit: vcclothing
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: ashiru
Earn Crypto for your Memes @ HiveMe.me!
ဟုတ်ပါ့
အချိန်ကုန်