Ireland

ထင်မှတ်ထားတာတွေကော ထင်မှတ်မထားတာတွေကော ဖြစ်ပေါ် လာခဲ့တာကတော့ World Cup Qualification UEFA zone အုပ်စု နောက်ဆုံး ပွဲစဉ်များ ဖြစ်၏။ အထူးသဖြင့် Hungary vs Ireland တို့၏ ပွဲစဉ် ဖြစ်၏။ သရေ ကျမယ်ဆိုရင် အိမ်ရှင် Hungary တို့ နောက်တဆင့် တက်မည် ဖြစ်၏။ Ireland အနေဖြင့်က အနိုင်ရမှသာ နောက်တဆင့် တက်မည် ဖြစ်၏။
4 မိနစ်မှာ ကတည်းက Hungary အသင်းက ဦးဆောင်ဂိုး သွင်း၏။ 15 မိနစ်မှာ Ireland က ချေပဂိုး ပြန်သွင်း၏။ 37 မိနစ်မှာ Hungary က အနိုင်ဂိုး သွင်း၏။ 80 မိနစ် ရောက်မှသာ ဧည့်သည် အသင်းက ချေပဂိုး သွင်းယူ နိုင်ခဲ့၏။ ပွဲက သရေနဲ့သာ ပြီးတော့မယ် ထင်ခဲ့ပေမယ့် 90+6 မိနစ်မှာ Ireland အသင်းက အနိုင်ဂိုး သွင်းယူ သွားခဲ့၏။

နောက်ဆုံး မိနစ် နောက်ဆုံး အချိန် နောက်ဆုံး စက္ကန့် အရောက်မှာ အနိုင်ဂိုး ရရှိသွားခဲ့ခြင်း ဖြစ်၏။ အိမ်ရှင် အသင်းအဖို့တော့ နှမြောစရာ။ ပွဲချိန်ပြည့် နီးပါး ဦးဆောင် ထားနိုင်ခဲ့ပြီးမှ မိနစ် 80 နောက်ပိုင်းလေးမှာ အရာ အားလုံး ပြောင်းလဲလို့ သွားရလေတော့၏။ Ireland တို့ playoff ကစားခွင့် ရသွားခဲ့လေတော့၏။
Ronaldo မပါသည့် Portugal အသင်း အနေနဲ့ Armenia ကို 9-1 ဂိုးဖြင့် ဂိုးပြတ် အနိုင်ကစားပြီး ခြေစစ်ပွဲ တိုက်ရိုက် အောင်သွားခဲ့လေ၏။
Group I မှာတော့ ခြေစစ်ပွဲ အောင်နေပြီးသား Norway အသင်း အနေနဲ့ အဝေးကွင်းမှာ Italy ကို 1-4 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ တကယ်ကို မထင်မှတ်ထားသည့် ပွဲစဉ်တွေပင်။ ဒီနေ့မှာလည်း ကျန် Group များ၏ ပွဲစဉ်များ ကစားသွားဖို့ ရှိနေ၏။