I'm now Emperor

တလောက Spring Bees နဲ့ ပတ်သက်ပြီး ပိုစ့်တင်တာကို မှတ်မိကြမယ် ထင်၏။ WOH မှာ ကြေငြာတွေ ပြန်ရနေပြီ ဖြစ်ကြောင်း ပြောပြီးနောက်မှာ တင်ဖြစ်သည့် ပိုစ့် ဖြစ်၏။ WOH ကခုလည်း တကယ်ကို အဆင်ပြေနေပါ၏။ ကလစ်ကာလေး တယောက် ပြန်လည်လို့ စိတ်ချမ်းသာရလေပြီ။ စိတ်အနှောင့်အယှက် ဖြစ်စေတာကတော့ Spring Bees သာ။ Level 10 သို့ကို မရောက်နိုင်သေးခြင်း ဖြစ်၏။

ထိုအကြောင်း ပိုစ့်ရေးလိုက်ပြီး ကတည်းက ဝက်ဝံကြီး၏ ခိုးယူခြင်း ခံကို မခံရတော့ပေ။ Developer တွေများ Hive က ကျနော့် ပိုစ့်ကို လာဖတ် သွားကြလေ သလား‌။ ၁၂ နာရီ တကြိမ် ဝင်နှိပ်ရမယ့် ကိစ္စကို သတ်မှတ်ချိန်ထက် နောက်မကျဘဲ ဝင်ယူနိုင်သောကြောင့်လားပေါ့။ ဒါပေမယ့် အရင်ကလည်း အဲ့လိုပဲ ဂရုတစိုက်နဲ့ လုပ်တာပါပဲ။

ရှိစေတော့ ဘာပဲ ပြောပြော ခိုးယူ မခံရအောင် သတိထားခြင်း၏ ရလဒ် အနေနဲ့ Level 10 သို့ ရောက်ပြီ ဖြစ်၏။ Emperor တဦး ဖြစ်သွားခဲ့လေပြီ။ နို့ပေမယ့် သတိမထားမိရင် ဝက်ဝံကြီး ရောက်လာနိုင်သေးသမို့ Level 9 သို့ ပြန်ရောက်သွားနိုင်၏။ ထို့ကြောင့် သေချာလေး ဂရုစိုက်ဖို့တော့ လိုမည်။

မျှော်မှန်းထားသည့် Target လေး ပြည့်မှီသွားလို့ ဝမ်းမြောက်မိပါ၏။ WOH မှာလည်း နေ့စဉ် ကြေငြာတွေ ပြန်ကလစ်လို့ ရနေပြီ။ ကိုယ် ပါဝင်ပြီး လုပ်ပေးနိုင်တာကလည်း ဒါလေးပဲ ရှိသည် မဟုတ်လား။ ဒီအလေ့အထကို မပျက်အောင် သေချာ မွေးမြူရပေလိမ့်မည်။

WOH မှာက ကြေငြာ ပြန်ရနေပြီ ဆိုပေမယ့် ၁၀ ခုထက် ပိုပြီး ကြည့်လို့ မရနေပေ။ VPN ပြောင်းကြည့်တဲ့ရက်ကတော့ အပို ၃ ခုလောက် ထပ်ရ၏။ ဒီအတွက်လည်း အဖြေရှာရပေလိမ့်ဦးမည်။ အရင်ကဆို ၅၀ ဆိုလည်းဟုတ်၊ ၁၀၀ ဆိုလည်း ဟုတ်နဲ့။ ဘာပဲ ပြောပြော ၁၀ ခုဆိုတော့လည်း ၁၀ ခုပေါ့။ မရပ်နေပဲ ဆောက်လျှောက်နေဖို့သာ။



0
0
0.000
5 comments