Here your Final List

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲတွေမှာ Champion League Semi Final ဒုတိယကျော့ ပွဲစဉ်များ ယှဉ်ပြိုင် ကစားခဲ့ကြ၏။ တကယ်ကို အကြိတ်အနယ်ရှိလှသည့် ပွဲစဉ်များပင်။ နောက်တဆင့် တက်ရေးက အသင်းတိုင်းအတွက် အရေးကြီးလွန်းလှသည်မို့ သေချာလေး ကြိုးစားကစားကြ၏။ ဒီတပွဲနိုင်ရင် ဗိုလ်လုပွဲ တက်ကြမည် မဟုတ်လား။

ပထမကျော့ Barcelona အိမ်ကွင်းမှာတုန်းက 3-3 သရေကျခဲ့၏။ ထိုစဉ်က Inter Milan က ဦးဆောင်ဂိုးတွေ အရင်သွင်းပြီး Barcelona က နောက်က လိုက်ကစားခဲ့ရ၏။ ဒုတိယကျော့မှာလည်း ထိုနည်းတူပင် Inter Milan တို့ ဦးဆောင်ဂိုး 2 ဂိုး အရင် သွင်း၏။ Barcelona တို့ နောက်ကနေ လိုက်ကစားပြီး ချေပဂိုးတွေ ဦးဆောင်ဂိုးတွေ ပြန်လည် သွင်းယူ၏။ ပွဲချိန် 87 မိနစ်မှာ သွင်းယူသည့် Raphinha ၏ ဂိုးကြောင့် 2-3 ဖြင့် Barcelona တို့ ပွဲကို ဦးဆောင်ခွင့်ရသွား၏။ ဒီရလဒ်နဲ့ ပွဲပြီးပြီပေါ့။ ထိုသို့ ထင်နေတုန်းမှာပင် 90+3 မိနစ်မှာ Inter Milan ၏ Acerbi က ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့၏။

သာမန် ပွဲကစားချိန် မိနစ် 90 အပြီးမှာ တဖက် 3-3 ဂိုးစီ သရေကျနေသဖြင့် အချိန်ပို ထပ်ကစားရလေ၏။ အချိန်ပို ပထမပိုင်းမှာ 99 မိနစ်မှာ Frattesi က Inter Milan အတွက် ဦးဆောင် အနိုင်ဂိုးကို သွင်းယူပေးခဲ့၏။ အဆိုပါ ဂိုးကိုတော့ Barcelona တို့ မချေပနိုင်တော့ဘဲ 4-3 ဖြင့် အရှုံးပေးခဲ့ရ၏။ နှစ်ကျော့ပေါင်း 7-6 ဖြင့် Inter Milan တို့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီ ဖြစ်၏။

ပထမကျော့ အိမ်ကွင်းမှာ 0-1 ဖြင့် ရှုံးနိမ့်ထားသည့် Arsenal အတွက် ဒုတိာကျော့ အဝေးကွင်းပွဲက ဖိအား အနည်းငယ် ရှိနေခဲ့၏။ အနည်းဆုံး 1 ဂိုးအသာနဲ့ နိုင်ထားမှ အဆင်ပြေမည်။ ဒါမှ အချိန်ပိုတွေ၊ ပင်နယ်တီတွေ ဆက်သွားနိုင်မည်။ 2 ဂိုးပြတ်နဲ့သာ နိုင်ရင်တော့ မိနစ် 90 နဲ့ ပြီးပြတ်မယ်ပေါ့။ ပွဲစရင်ပဲ Arsenal တို့ ဖိကစား၏။ ဒါပေမယ့် ဂိုးရသွားတာက PSG ဖြစ်၏။ 27 မိနစ်မှာတင် PSG တို့ ဦးဆောင်ဂိုး စသွင်း၏။ 72 မိနစ်မှာ ဒုတိယဦးဆောင်ဂိုး ထပ်သွင်းလိုက်ချိန်မှာတော့ ပွဲက ပြီးသလောက် ရှိသွားခဲ့ပြီ။

72 မိနစ်မှာ ဒုတိယဂိုး မသွင်းခင် PSG တို့ ပင်နယ်တီ ကန်ခွင့်ရခဲ့သေး၏။ 69 မိနစ်မှာပေါ့။ Arsenal ဂိုးသမား အကောင်းဆုံး ပုတ်ထုတ်ကာကွယ်ပေးသွားခဲ့၏။ အဆိုပါ စိတ်တက်ကြွဖွယ်ရာကို Arsenal ကစားသမားတွေ အကောင်းဆုံး အသုံးချရမှာ ဖြစ်ပေမယ့် ‌အာရုံစိုက်မှု လျော့သွားတဲ့ ခဏလေးမှာ PSG တို့ ဒုတိယဦးဆောင်ဂိုး ရသွားခဲ့လေ၏။

76 မိနစ်မှာ Arsenal 1 ဂိုးပြန်သွင်းလို့ 2-1 ဖြစ်သွား၏။ မိနစ် 80 မှာ ရရှိသည့် အပိုင်အခွင့်အရေးကိုသာ Saka ဝင်အောင် အဆုံးသတ်ခဲ့ရင် 2-2 ဖြစ်သွားနိုင်၏။ ပြီး ပွဲ၏ အလှည့်အပြောင်းလည်း ဖြစ်သွားနိုင်၏။ ဒါပေမယ့် ကံတရားက Arsenal ဖက်မှာ မရှိနေခဲ့၏။ Arsenal ၏ ကစားပုံကလည်း လိုအပ်ချက် ရှိနေခဲ့၏။ 2-1 နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း 3-1 ဖြင့် PSG တို့ ဗိုလ်လုပွဲ တက်သွားခဲ့၏။ ဗိုလ်လုပွဲမှာ Inter Milan vs PSG တို့ တွေ့ဆုံကြမည် ဖြစ်၏။

(photos from UEFA page)



0
0
0.000
3 comments