Happy Birthday Mom

ယနေ့ကား အမေ့ မွေးနေ့ ဖြစ်၏။ မွေးရက်၊ မွေးနေ့ တိုက်ဆိုင်နေသည့် နေ့ရက်လည်း ဖြစ်လေ၏။ တန်ခူးလဆုတ် ၇ ရက်နေ့၊ စနေနေ့ 19 ရက်နေ့ ၁၃၈၇ (2025) ခုနှစ် ဖြစ်လေ၏။ 74 နှစ် ပြည့်လို့ 75 နှစ်ထဲ ရောက်မည် ဖြစ်၏။ ယခု အသက်အရွယ် ရောက်သည်အထိ အမေ တခါသားမှ မွေးနေ့ပွဲ ဆိုပြီး မလုပ်ခဲ့ပေ။ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့တာမျိုးလောက်တော့ လုပ်လေ့ ရှိ၏။

ဒီ မွေးနေ့မှာတော့ မွေးနေ့ မွေးရက်ပါ တိုက်နေသဖြင့် နန်းကြီးသုပ် ဆွမ်း ချက်၍ လှူရင် ကောင်းမည်ဟု ပြောသဖြင့် ကျနော့်အမက ချက်ပေးလေ၏။ အမကြီးက အလှူငွေ စိုက်ထုတ်၊ အမငယ်က ချက်ပြုတ်၊ ကျနော်က လိုအပ်တာ ကူပေါ့။ ဘုန်းကြီးကျောင်း တကျောင်းကို အာရုဏ်ဆွမ်း၊ တကျောင်းကိုတော့ နေ့ဆွမ်း ဆွမ်းချိုင့်ပို့ ဖြစ်၏။

နေ့လည် ဖက်မှာတော့ အမက တောင်ပေါ် ဘုရားတွေ ဖူးရန် လိုက်ပို့ ပြန်သေး၏။ အသိ ညီလေး တယောက်၏ ကားကို အကူအညီတောင်းပြီး ကျနော်တို့ မိသားစု၊ အမ တဝမ်းကွဲ မိသားစုနှင့် ကျနော့် အမကြီး၏ အသိ အချို့တွေနဲ့ တောင်ပေါ် ဘုရားတွေ သွားရောက် ဖူးမျှော်ကြ၏။

မွေးနေ့လေးမှာ အမ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။



0
0
0.000
5 comments
avatar

ပျော်ရွှင်ဖွယ် မွေးနေ့လေး ကျင်းပပေးကြသော
သားသမီးရတနာများ ရရှိခြင်းသည်လည်း
ကံကောင်းခြင်း လက်ဆောင်ပါလေ။
!LOLZ
!MEME

0
0
0.000