Gifts from Lovely Friends
မွေးနေ့က ပြီးသွားပေမယ့် မွေးနေ့လက်ဆောင်ရတာက ခုထိ မပြီးသေး။ ကျနော့် အမကြီးက မွေးနေ့ မတိုင်ခင် ရှေ့ရက် ကတည်းက မုန့်ဖိုးဆိုပြီး ပေး၏။ မွေးနေ့မှာ ကျနော် စာသင်ဖြစ်အောင် ကူညီလမ်းပြပေးခဲ့သော အမလို ခင်ရသည့် ဆရာမကလည်း မွေးနေ့ မုန့်ဖိုးဆိုပြီး ပေးပြန်လေ၏။
ပြီး မွေးနေ့ Futsal ကွင်းမှာ စားကြ သောက်ကြတော့ အသင်းဖော် ညီလေးက သောက်စရာ တာဝန် ယူပေးပြန်၏။ မနေ့ ရှေ့တနေ့မှာတော့ အခြား အသင်းဖော်တွေက Man United jersey & Glory Sport က ထုတ်သည့် Windbreaker jacket တို့ကို လက်ဆောင် ပေးလေ၏။
မနေ့က အကိုတယောက်လို ခင်မင်ရ၊ ညီမတယောက်လို ခင်မင်ရ သည့် သူငယ်ချင်း လင်မယားမှ ပန်းချီကားနှင့် ကော်ဖီဖျော်သည့် ခွက်တို့ကို လက်ဆောင် အဖြစ် ပေးလေ၏။ တကယ်ကို နှစ်လိုဖွယ်ရှိလှသည့် လက်ဆောင်လေးတွေပင်။ ကျနော် သဘောကျ၏။ လက်ဆောင် နှင့်အတူ သူငယ်ချင်း အသိ မိတ်ဆွေတို့၏ ချစ်ခြင်းမေတ္တာကိုလည်း ခံစားမိလေ၏။
ရေမွန်၏ ဘာလိုနေသေးလဲ သီချင်းစာသားလေးလိုပေါ့။ ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ မေတ္တာ မဟုတ်ဘူးလား ဆိုသလို ချစ်ခြင်းမေတ္တာ တို့ဖြင့် ထုံမွမ်း လွှမ်းခြုံထားသည့် ပတ်ဝန်းကျင်မှာ ရှင်သန်ရတာကလည်း ဆုလာဒ် တခုပင် မဟုတ်ပါလား။ တခုတ်တရ ကျေးဇူးတင်မိပါရဲ့။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 180000 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts:
ပျော်ရွှင်စရာပါလေ။
!LOLZ
!MEME
lolztoken.com
They paint their toenails red and hide in strawberry patches!
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: fun.miner
Earn Crypto for your Memes @ HiveMe.me!