Get Well Hopefully
ငလျင် လှုပ်ပြီးနောက် နှစ်ရက်လောက် ပိုစ့် မတင် ဖြစ်ခဲ့ပေ။ စိတ်အခြေအနေ အဆင်မပြေတာလည်း ပါ၏။ စာတော့ ရေး ဖြစ်ပါ၏။ ပိုစ့်တော့ မတင်ဖြစ်ပေ။ ကြိုရေးထားသည့် သဘောမျိုးတော့ ဖြစ်သွားတာပေါ့။ ငလျင် လှုပ်ပြီးခါစတုန်းက လျှပ်စစ်မီးကော အင်တာနက်တွေကော မရပေ။ Wifi ကတော့ လုံးဝ မရ၊ Mobile data ကတော့ ရ၏။ ဒါပေမယ့် ကျနော့် အိမ်ဘက်နားက Phone line မကောင်းပေ။ Phone ပြော၊ Internet လေး သုံးရဖို့ လမ်းထပ်ထိ သွားရ၏။
လျှပ်စစ်မီး ပြန်မရခင်တုန်းက သူငယ်ချင်းနား phone, power bank တွေ အားသွင်းရင်း Internet သုံးရ၏။ အဓိက အားဖြင့် ငလျင် သတင်းတွေ လိုက်ကြည့်၊ Telegram ခဏ သုံး၊ ပြီးတော့ ရက်ပျက်လို့ မဖြစ်သည့် WOH ကလစ်ပေါ့။ ကျန် အချိန် ကိုယ့် အိမ်မှာကိုယ်တော့ မျက်စိပိတ် နားပိတ် ပြန် ဖြစ်သွားရော။ Download လုပ်ထားသည့် ဇာတ်ကားလေး ဘာလေးကြည့်၊ စာလေး ဘာလေး ပြန်ဖတ်ပေါ့။ စာမဖတ်တာ ကြာပေမယ့် စာဖတ် skill ကတော့ မလျော့သွားသေးပေ။ မဖတ်တာ ကြာလာလို့ထင် ဖတ်ရတာ အရသာ ရှိချက်၊ စိတ်ကျေနပ်ဖွယ် ကောင်းချက်။
အင်တာနက်နဲ့ လျှပ်စစ်မီးက ရှေ့ဆင့် နောက်ဆင့် ပြန်ရ၏။ ပိုစ့်တွေလည်း ပြန်တင် ဖြစ်၏။ ပျက်ကွက်ခဲ့သည့် နှစ်ရက်တာ အတွက်တော့ နှမြောမိ၏။ ကိုယ့် စိတ်မှ အဆင်မပြေနေတာကိုး။ ခဏ နားဖြစ်တယ်လို့ပဲ မှတ်ယူထားလိုက်ပါ၏။ စာတွေ ပြန်ရေး၊ ပိုစ့်တွေ ပြန်တင် ဖြစ်ပေမယ့် စိတ်ကတော့ သိပ် အဆင်မပြေလှပေ။ ဖြည်းဖြည်းချင်းစီ recovery ပြန် လုပ်ယူရပေလိမ့်မည်။
ဘာမှ မလုပ်နေလို့ကလည်း မဖြစ်သေးပေ။ ကိုယ် လုပ်နေတာ ဆိုလို့လည်း ဒီစာရေး ပိုစ့်တင်တာလေးပဲ ရှိတာကိုး။ တခုခုလေး လုပ်နေဦးမှလည်း စိတ်က ဖြေစရာ ရှိမည် မဟုတ်လား။ အစောပိုင်းတုန်းက ဘယ်လိုမှ မရပေ။ သတင်းတွေ မြင်တော့ ရင်ထဲ စို့နင့်ပြီး ခံစားရ၏။ ဝမ်းနည်းရ၏။ နောက်ပိုင်းမှ တဖြည်းဖြည်း စိတ်ကို ထိန်းနိုင်လာခဲ့ခြင်း ဖြစ်၏။
လျှပ်စစ်မီးနဲ့ အင်တာနက်တွေ ပြန်ရပြီး ရက်ပိုင်းအတွင်းမှာ ပျောက်နေတာ ကြာပြီ ဖြစ်သည့် Freebit.io က Wheels of Fortune ပြန်ရ၏။ ကြားထဲက ပျက်ထားသည့် ရက်တွေအစားတော့ ပြန်မရပေ။ ဘာပဲ ပြောပြော ပြန်ရလာတာပဲ ဟုတ်နေပါပြီလေ။ ရယ်ရတာက ပြန်ရမယ့် ရတော့လည်း BTC ဈေး ကျနေချိန်မှ ပြန်ရခြင်း ဖြစ်၏။ အင်းလေ လုံးဝမရတာထက် ပြန်ရတာကိုပဲ ကျေးဇူးတင်ရပေလိမ့်မည်။ ဘယ်လောက်ပဲ ဒသမနောက်က ကိန်းဂဏန်းလေးတွေ ဖြစ်နေပါစေ တယ်ကရ မပြုရသည့်ထဲမှာ BTC လည်း ပါသည် မဟုတ်လား။
ဘစ်ကွိုင်းက တဖြည်းဖြည်းစုရတာပါလေ။
!LOLZ
!MEME
Credit: atheistrepublic
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
All of them.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
စုပေမယ့် သုံးမိလိုက် ပြန်စုလိုက်နဲ့ပါပဲဗျာ။
😁
!LOLZ
!MEME
Credit: filosof103
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
You use a pumpkin patch.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(2/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ