ဂိမ်းပိုစ့် ဆိုရာဝယ်

ဂိမ်းပိုစ့်တွေ ရေးမယ်ဆိုပြီး ဂိမ်းကစားမယ်ပေါ့။ Moon Karts Game သွားတွေ့၏။ ခက်တာက PC မှာမှ ကစားလို့ရမှာတဲ့။ လုပ်လို့ရတာဆိုလို့ အဆိုပါ ဂိမ်းကို ထုတ်တဲ့ Arcade Colony ရဲ့ အခြားဂိမ်းတွေကို သွားကစားရင်တော့ ရမယ်။ ကဒ်ဂိမ်းတွေထက်စာရင် ကားလေးမောင်းပြိုင်ရတာကို ပိုပြီး ကစားချင်မိတာတော့ အမှန်ပင်။ Hive မှာ Rabona Game ကစားပြီး ကတည်းက ဘာဂိမ်းမှ ထပ် မကစားဖြစ်တော့ပေ။

ခုတောင် vote ရချင်လို့သာရယ်။ ဒါကလည်း ထင်သလောက် လွယ်မနေခဲ့ပါဘူး။ လွယ်လွယ်နဲ့ရတာ Hive မှာ မရှိဘူးလေ။ ကြိုးစား အားထုတ်မှုတော့ ပါမှရယ် မလား။ အချို့ ဂိမ်းတွေက သူတို့ ဂိမ်းအကြောင်း ပိုစ့်တင်ရင် vote လာပေးကြလေ့ ရှိ၏။ ဒါကလည်း ဂိမ်းအဖွဲ့အစည်းက ကြီးလာမှသာ ပြီး rule ဘာညာတွေနဲ့ ကိုက်ညီဦးမှရယ်။ ပြီး ဘိုလိုလေးကလည်း ရေးနိုင်ဦးမှ။

သို့နှင့် ကျနော်လည်း ကြိုးစားကြည့်မယ်ကွာဆိုပြီး အချိန်အတော်ကြာ မေ့ထားခဲ့သည့် ဘိုစာနဲ့ လျှောက်ရေးလေတော့။ အကယ်လို့ ကျနော့် ဂိမ်းပိုစ့်တွေကြောင့် မိတ်ဆွေတို့ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် တောင်းပန်ပါတယ်လို့ ကြိုတင် ပြောထားပါရစေ။ တောင်းပန်ပြီးပြီမို့ ဆက်ရေးပါဦးမယ်ဗျာ။ (ဟဲ ဟဲ)

Arcade Colony ထုတ် အခြားဂိမ်းတွေ မကစားလိုရကား လုပ်စရာက Colony Token staking လုပ်ဖို့သာ ရှိတော့၏။ လုပ်ပေါ့။ ပထမတကြိမ် အရင်စမ်းပြီး staking လုပ်လိုက်၏။ နောက်ရက် ထပ်လုပ်မယ်ပေါ့။ အဲ့မှာ pizza ရဲ့ MOON Game သွားတွေ့၏။ Season 1 မစခင် သူတို့ ပိုစ့်တင်သေး၏။ အဲ့တုန်းက အမှုမဲ့ အမှတ်မဲ့နဲ့ သတိမထားမိခဲ့ပေ။ ကစားကြည့်မယ်လေဆိုပြီး စမ်းဆော့နေခဲ့၏။

MOON မှာက အခြား ဂိမ်းတွေလို တခုခုပေးချေရတာမျိုး မရှိသေးပေ။ NFT card ဘာညာ မျိုးလည်း မရှိသေးပေ။ In game token ရယ်လို့လည်း မရှိသေးပေ။ Pizza ကနေ launch လုပ်တာဆိုတော့ PIZZA token ကိုပဲ သုံးမည်ထင်။ PIZZA ကိုပဲ ဂိမ်းရဲ့ token အဖြစ် သုံးရင်တော့ ပိုကောင်းတာပေါ့လေ။

MOON Game အကြောင်း ပိုစ့်လေးတွေ ရေးနေပေမယ့် vote ကတော့ ထင်သလောက် မရသေးပေ။ ဒါကလည်း ဒီဂိမ်းက ခုမှ စနေလို့ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ဒါမှမဟုတ် ကျနော့် အရေးအသား တင်ပြပုံ ကြောင့်ပဲလားပေါ့။ ကိုယ်က ဘိုလို ခပ်ကျွမ်းကျွမ်းမလား။

အမှန်တော့ ဂိမ်းပိုစ့်တွေက အရေးအသားထက် အဆိုပါ ဂိမ်းနဲ့ ပတ်သက်သည့် token ဘယ်လောက်ကိုင်ထား၊ ဒါမှမဟုတ် ဘယ်လောက် အရင်းအနှီးသုံးထား၊ ဒါမှမဟုတ် ဒီဂိမ်းထဲမှာ အချိန်ကြာနေခဲ့ပြီး level တခု ရောက်နေခဲ့မယ် အဆိုပါ ဂိမ်းတွေကလည်း vote ပေးဖို့ team ဖွဲ့ထားတယ်ဆိုရင်တော့ မျှော်လင့်ထားသည့် vote အရေအတွက် ရနိုင်၏။ မည်သို့ပင် ဆိုစေကာမူ ကျနော့် ဘိုလိုရေးခြင်း စွမ်းရည်ကိုတော့ မြှင့်တင်ဖို့လိုတာ အမှန်ပင်။



0
0
0.000
4 comments