Futsal Competition

ကမ္ဘာသစ် Futsal ပြိုင်ပွဲက September 18 ရက်နေ့မှာ စတင်မည် ဖြစ်၏။ ကျနော်တို့ အသင်းက 18 ရက်နေ့မှာ စတင် ကစားရမည် ဖြစ်၏။ 15 ရက်နေ့က အုပ်စု မဲနှိုက်၏။ Group A မှာ ပါဝင်နေသဖြင့် နက်ဖြန် 18 ရက်နေ့မှာ စတင် ကစားရခြင်း ဖြစ်၏။ 20, 25 ရက်နေ့များမှာတော့ လက်ကျန် ပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြရမည် ဖြစ်၏။

အဖွင့်ပွဲစဉ်က AON နှင့် ဖြစ်၏။ နာမည်ကြီး အသင်း တသင်း ဖြစ်၏။ ရန်ကုန်မြို့မှာ ကျင်းပသည့် အပျော်တန်း ကလပ်အသင်းများ ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်ထားသည့် အသင်း ဖြစ်၏။ တောင့်တင်းသည့် အသင်း ဖြစ်၏။ ဘယ်လို အသင်းမျိုးပဲ ဖြစ်နေပါစေ ကျနော်တို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မည် ဖြစ်၏။ အဖွင့်ပွဲစဉ်မို့ ရလာဒ်ကောင်းထားဖို့လည်း လိုသည် မဟုတ်လား။

ပြီးခဲ့သော ပြိုင်ပွဲ တခုမှာတော့ အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့၏။ ဒါပေမယ့် ကျန်ပွဲစဉ်မှာ အနိုင်ရယူနိုင်ခဲ့သဖြင့် နောက်တဆင့် တက်နိုင်ခဲ့၏။ ပြိုင်ပွဲတိုင်းမှာ နောက်တဆင့်တက်လေ့ ရှိပေမယ့် ပေါ့လို့တော့ မရပေ။ ဒီလူ ဒီအသင်းတွေ မကြာခဏ ဆုံနေရတော့ ခြေစွမ်း အနေအထားတွေကို သတိထားမိလာနေကြပြီ ဖြစ်၏။ ခြေရည်တူအသင်းချင်းတွေ့ရင် အကြိတ်အနယ် ရှိလှ၏။

လက်ရှိ ပြိုင်ပွဲကိုတော့ ရှုံးထွက်အဆင့်ထက် ပိုသည့် အနေအထားသို့ ရောက်ရန် ရည်ရွယ်ထား၏။ ဗိုလ်စွဲဖို့ မမှန်းထားဘူးလား မေးက မမှန်းထားဟုသာ ရိုးရိုးသားသား ဖြေရပေလိမ့်မည်။ ကျနော်တို့ လူစာရင်း၊ ကျနော်တို့ စုဖွဲ့မှုနှင့်က ချန်ပီယံ မဖြစ်နိုင်ပေ။ ထို့ကြောင့် အမြင့်ဆုံး ကွာတားဖိုင်နယ် သို့မဟုတ် ဆီမီးဖိုင်နယ် အဆင့်သို့ မှန်းထား၏။

အပျော်တန်း အသင်းအနေဖြင့် သက်တမ်းတခုထိတော့ ရှိလာနေခဲ့ပြီ ဖြစ်၏။ တဖြည်းဖြည်းနဲ့တော့ pro အဆင့်သို့ လှမ်းနိုင်ဖို့ ရည်ရွယ်ထား၏။ အသင်းက အပျော်တန်း အသင်းဆိုပေမယ့် ကစားနေသည့် ကစားသမားတွေကိုတော့ pro စိတ်မျိုး မွေးထားဖို့ အမြဲတမ်း မှာ၏။ ကျနော် ကိုယ်တိုင်လည်း အဆိုပါ စိတ်မျိုးပဲ ‌မွေးထားပါ၏။

နက်ဖြန် အဖွင့် ပွဲစဉ်ကို အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင် သွားပါမယ်။ အားပေးကြပါဦး။

(photos from KBT page)



0
0
0.000
2 comments
avatar

အကောင်းဆုံးလုပ်ခဲ့ပါ အား‌ပေးနေပါတယ်

0
0
0.000