Final Results of Round 38

EPL, Serie A, Spain Laliga တို့၏ ရာသီသိမ်း ပွဲစဉ်များ အားလုံး ကစားပြီးခဲ့ပြီ ဖြစ်၏။ EPL ကတော့ တချိန်ထဲ တပြိုင်ထဲ ကစားခဲ့ပေမယ့် ကျန် လိဂ် နှစ်ခုကတော့ မတူညီသည့် ပွဲချိန်တွေနဲ့ ရာသီ သိမ်းခဲ့၏။ မြန်မာစံတော်ချိန် အရ မနေ့ညနှင့် ညသန်းခေါင်ကျော် အချိန်တွေမှာ ကစားသွားခဲ့ခြင်း ဖြစ်၏။ ချန်ပီယံတွေက အဖြေပေါ်ပြီးသားတွေမှာ Champion League, Europa League, Conference League ဝင်ရောက်ခွင့်တွေကိုသာ ယှဉ်ပြိုင်သွားကြရဖို့ ရှိတော့၏။

ထို ဥရောပပြိုင်ပွဲ ဝင်ခွင့်တွေ အတွက် ယှဉ်ပြိုင်ရာမှာ EPL က ပိုမို ပြင်းထန် မြိုင်ဆိုင်ခဲ့သည်ဟု ဆိုရမည်။ Man City, Chelsea, New Castle, Aston Villa, Nottm Forest တို့ အပြိုင် ဖြစ်နေကြသည်ကိုး။ ပွဲစဉ်များ ကစားပြီးချိန်မှာ City က Fulham ကို 0-2 ဖြင့် လည်းကောင်း၊ Chelsea က Nottm Forest ကို 0-1 ဖြင့် လည်းကောင်း အနိုင်ရသွားခဲ့၏။ Aston Villa ကတော့ United ကို 2-0 ဖြင့် လည်းကောင်း၊ New Castle က Everton ကို 0-1 ဖြင့် လည်းကောင်း ရှုံးနိမ့်သွားခဲ့၏။

City က အဆင့် 3, Chelsea က အဆင့် 4, New Castle က အဆင့် 5 ဖြင့် Champion League ဝင်ခွင့် အသီးသီး ရရှိသွားခဲ့၏။ Aston Villa က အဆင့် 6 နှင့် Nottm Forest ကတော့ အဆင့် 7 သာ ရရှိခဲ့၏။ New Castle က ရှုံးသွားပေမယ့် Champion League ဝင်ခွင့် ရသွားခဲ့၏။ အကယ်လို့ Aston Villa ကသာ United ကို အနိုင်ရသွားရင် ဒါမှမဟုတ် အနိမ့်ဆုံး သရေကျအောင် ကစားနိုင်ခဲ့ရင် New Castle တို့ ချန်ပီယံလိဂ် ဝင်ရောက်ခွင့် ဆုံးရှုံးမည် ဖြစ်၏။

ဖြစ်ချင်တော့ Aston Villa ကော Nottm Forest တို့ကကော ပြိုင်ဘက်တွေကို အသီးသီး ရှုံးနိမ့်သွားသဖြင့် New Castle တို့ ချန်ပီယံလိဂ် ဝင်ခွင့် ရသွားခဲ့၏။ Nottm Forest အနေဖြင့်လည်း အိမ်ကွင်းမှာ Chelsea ကို အနိုင်ကစားနိုင်ဖို့ အကောင်းဆုံး ကြိုးစားခဲ့ပါသေး၏။ New Castle နဲ့ Aston Villa အသင်းတို့ရဲ့ ရှုံးနိမ့်မှုက သူ့ အတွက် အခွင့်အရေး မလား။ သို့ပေမယ့် Chelsea အသင်း၏ ဒုတိယပိုင်း မိနစ် 50 မှာ သွင်းယူခဲ့သည့် တလုံးထဲသောဂိုးကို ချေပပြီး လိုအပ်သည့် အနိုင်ဂိုးကို မသွင်းယူနိုင်သောကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နှင့် လွဲချော်ခဲ့ရလေတော့၏။

ပူပူနွေးနွေး Europa League Champion Tottenham ကတော့ အိမ်ကွင်းမှာ Brighton ကို 1-4 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ တန်းဆင်းဇုန်အထက် အဆင့် 17 နဲ့ ရာသီသိမ်းသွားပေမယ့် ငါတို့က Europa League Champion ပြီး လာမယ့် ရာသီ Champion League လည်း ကန်ရဦးမှာဆိုပြီး မော်ကြွားလို့ရ၏။ ကိုယ်တွေ United သာ။

(photos from Premier league page)



0
0
0.000
0 comments