FA Cup Third Round

ဒီတပတ်မှာတော့ EPL ပွဲစဉ်များအစား FA Cup Round 3 ပွဲစဉ်များ ကစားမည် ဖြစ်၏။ EPL အသင်းချင်း ထိပ်တိုက်တွေ့ဆုံသည့် ပွဲစဉ်တွေလည်း ပါဝင်နေခဲ့၏။ အချို့ EPL အသင်းတွေက Championship, League 1 တို့က အသင်းတွေနှင့် တွေ့ဆုံနေပြီး ရှုံးနိမ့်သွားခဲ့တာမျိုး ရှိ၏။ EPL အသင်း အချင်းချင်း တွေ့ဆုံနေမှုမှာ Tottenham vs Aston Villa တို့၏ ပွဲစဉ်ကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့၏။ ထုံးစံအတိုင်း Tottenham တို့ 1-2 ဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။

Everton vs Sunderland ပွဲစဉ်မှာတော့ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်နေသဖြင့် ပင်နယ်တီ ဆုံးဖြတ်ယူရာမှာ Sunderland တို့ 0-3 ဖြင့် နောက်တဆင့် တက်သွားခဲ့လေ၏။ နောက်ထပ် ပင်နယ်တီ အဆုံးအဖြတ် ယူရသည့် ပွဲစဉ်ကတော့ New Castle vs Bournemouth တို့၏ ပွဲစဉ် ဖြစ်၏။ 3-3 သရေ ရလဒ် ထွက်ပေါ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူရာမှာ New Castle က 7-6 ဖြင့် အနိုင်ရသွားခဲ့လေ၏။

EPL အသင်း Nottm Forest အနေဖြင့် Championship အသင်း Wrexham အသင်းနှင့် 3-3 သရေရလဒ် ထွက်ပေါ်နေသောကြောင့် ပင်နယ်တီ အဆုံးအဖြတ် ယူရာမှာ Wrexham က 4-3 ဖြင့် အနိုင်ရသွားခဲ့၏။ Crystal Palace အသင်းကတော့ National League North မှာ အဆင့် 14 နေရာမှာ ရပ်တည်နေသည့် Macclesfield အသင်းကို 2-1 ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရပြီ ဖြစ်၏။

EPL ဇယားအောက်ဆုံးက Wolves အနေနဲ့ League 2 က Shrewsbury အသင်းကို 6-1 ဖြင့် အနိုင်ရပြီး နောက်တဆင့် တက်သွားနိုင်ခဲ့လေ၏။ Man City ကတော့ League 1 က Exeter City အသင်းကို လူငယ် အများစုဖြင့် ပွဲထုတ်ကာ 10-1 ဖြင့် အနိုင်ရသွားခဲ့လေ၏။

ဒီနေ့ မြန်မာစံတော်ချိန် ည 11 နာရီမှာတော့ Man United vs Brighton တို့ ကစားသွားဖို့ ရှိနေ၏။ Darren Fletcher အနေဖြင့် အသင်းကို မည်သို့ ကိုင်တွယ် ပွဲထွက်မလဲက စိတ်ဝင်စားစရာပင်။ ခက်တာကလည်း လက်ရှိ လူစာရင်းနဲ့က ဘာမှ ကောင်းကောင်း လုပ်မရပေ။ City လို လူငယ်တွေ ဦးစားပေး ထုတ်ရပြန်တော့ ကန်ရမယ့် အသင်းက League 2 က မဟုတ်ဘဲ EPL အသင်း အချင်းချင်း ဖြစ်နေ၏။ ဘာပဲ ပြောပြော လူငယ်တွေကို ပွဲထွက်ခွင့် ပေးလိုက်ရင်တောင် ပိုကောင်းနေမလား ပဲ။ ဘယ်လို ရလဒ်တွေ ထွက်ပေါ် မလဲကတော့ စောင့်ကြည့်ရုံသာ။

(photos from FA Cup page)



0
0
0.000
0 comments