FA Cup Round 5

EFL အမှတ်ပေး ဇယားကတော့ အပြောင်းအလဲ မရှိပေ။ Coventry အသင်းကပဲ အမှတ်ပေး ဇယားကို ဆက်လက်၍ ဦးဆောင်ထား၏။ Middlesbrough အသင်းကတော့ ဒီနေ့မှ ကစားရမည် ဖြစ်၏။ Ipswich အသင်း မနေ့က သရေကျသွားသဖြင့် အဆင့် ၃ နေရာကို Millwall အသင်းက ရယူသွားခဲ့၏။ Ipswich အသင်း အနေဖြင့် ၁ ပွဲလျော့နေသည့် အနေအထားဆိုတော့ ပွဲကျန် ၁ ပွဲကိုသာ အနိုင်ရခဲ့ရင် အဆင့် ၃ နေရာသို့ ပြန်လည်၍ တက်လှမ်း နိုင်မည် ဖြစ်၏။ Middlesbrough အနေဖြင့်လည်း အဆင့် ၂ နေရာကို ထိန်းထားပြီး အဆင့် ၁ က Coventry ကို ဖိအားပေးနိုင်ဖို့ ဒီနေ့ QPR နှင့် ပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည် ဖြစ်၏။

EPL မရှိပေမဲ့ FA Cup Round 5 ပွဲစဉ်များ ကစား၏။ အသင်းကြီးတွေ ပါဝင်နေ၏။ မနေ့က အသင်းကြီးတွေ၏ ပွဲစဉ်တွေ အားလုံး ကန်ပြီးသွားခဲ့ပြီ ဖြစ်၏။ Liverpool က Wolves ကို ၁-၃ ဖြင့် အနိုင်ရသွားခဲ့၏။ Arsenal က League One မှ Mansfield ကို ၁-၂ ဖြင့် အနိုင်ရသွားခဲ့၏။ Chelsea အသင်းက EFL မှ Wrexham ကို ၂-၄ ဖြင့် အနိုင်ရသွားခဲ့၏။ နိုင်သည် ဆိုပေမဲ့ သာမန် ပွဲကစားချိန် အထိ ၂-၂ သရေကျနေသဖြင့် အချိန်ပို ဆက်ကစားခဲ့ရခြင်း ဖြစ်၏။ Wrexham က ဦးဆောင်ဂိုး သွင်းလိုက် Chelsea က ချေပလိုက်နဲ့ နောက်ကနေ လိုက်ကစား ခဲ့ရခြင်း ဖြစ်၏။

Man City ကတော့ New Castle ကို ၁-၃ ဖြင့် အနိုင်ရသွားခဲ့၏။ Round 5 ပွဲစဉ်များ ယှဉ်ပြိုင် ကစားပြီးနောက်မှာ Quarter Final ပွဲစဉ်များ ကစားရမည် ဖြစ်၏။ ဆိုတော့ကာ အသင်းကြီး ၄ သင်း အနေဖြင့် Quarter Final အဆင့်သို့ တက်လှမ်း သွားခဲ့ပြီဟု ဆိုရမည် ဖြစ်၏။ EPL မှ Wolves, New Castle တို့ကတော့ Round 5 ကနေပဲ နှုတ်ဆက်ခဲ့ရပြီ ဖြစ်၏။ United ထက်စာရင်‌ တော်သေးသည် မဟုတ်လား။ ကိုယ်တွေအသင်းက Round 3 ကတည်းက ထွက်ခဲ့ရတာ။

ကျန် ၄ ပွဲမှာလည်း EPL အသင်းတွေ ရှိနေသေး၏။ Quarter Final အဆင့်ကို EPL အသင်းတွေချည်း တက်လှမ်းလာနိုင်မလားကတော့ စိတ်ဝင်စားဖို့ ကောင်း၏။ EPL အသင်းချင်း ဆုံသည့် West Ham vs Brentford ပွဲစဉ်မှာတော့ EPL အသင်း ၁ သင်း နှုတ်ဆက် ထွက်ခွာ သွားရဖို့ ရှိနေ၏။ အခြား ပွဲစဉ် ၃ ပွဲမှာတော့ မှာ EFL က နှစ်သင်း ဖြစ်သည့် Southampton က Fulham နဲ့ အဝေးကွင်း၊ Norwich က လည်း Leeds နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။

League One က ၁ သင်းထဲသော ကျန်ရှိသည့် Port Vale အသင်းကတော့ Sunderland အသင်းနဲ့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ West Ham vs Brentford ပွဲစဉ်က မတ်လ ၁၀ ရက်နေ့မှ ကစားမည် ဖြစ်ပြီး ကျန်ပွဲစဉ် ၃ ပွဲကတော့ ဒီနေ့မှာ ကစားမည် ဖြစ်၏။

(photos from Emirates FA Cup page)



0
0
0.000
1 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Our Hive Power Delegations to the February PUM Winners
0
0
0.000