EPL Round 36

EPL Round 36 ပွဲစဉ်များ ကစားပြီးခဲ့ပြီ ဖြစ်၏။ အသင်းကြီး တော်တော်များများ နိုင်ပွဲ ရှာမတွေ့ခဲ့ပေ။ တချို့အသင်းတွေကတော့ တချိန်က အသင်းကြီး ဖြစ်ခဲ့ပေမယ့် ခုချိန်မှာ အသင်းငယ်သာသာလောက်သာ ရှိတော့၏။ အဆင့် 1 နဲ့ 2 နှစ်သင်း ထိပ်တိုက် တွေ့ဆုံမှုမှာ တဖက် 2 ဂိုးစီ သရေရလဒ်နဲ့သာ ပြီးသွားခဲ့၏။ Liverpool တို့ ဦးဆောင်ဂိုး 2 ဂိုး အရင် သွင်းယူခဲ့ပေမယ့် Arsenal က ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်လည်လို့ သွင်းယူ သွားခဲ့၏။ 79 မိနစ်မှာ Arsenal ကစားသမား တယောက်ထုတ်ခံရ၏။ တယောက်လျော့ Arsenal ကို Liverpool တို့ ဂိုး ထပ်မသွင်းနိုင်ဘဲ သရေ ရလဒ်နဲ့သာ ပွဲပြီး သွားခဲ့၏။

Man City အနေဖြင့်လည်း အမှတ်ပေးဇယား အောက်ဆုံးဆင့်က Southampton ကို ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။ ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးသွားခဲ့၏။ Chelsea ကတော့ New Castle ကို အဝေးကွင်းမှာ 2-0 ဖြင့် ရှုံးနိမ့်သွားခဲ့၏။ ပထမပိုင်း 35 မိနစ်မှာ ကတည်းက Chelsea တို့ တယောက် ထုတ်ခံထားရ၏။ New Castle က Chelsea ကို အနိုင်ကစားပြီး နောက်ရာသီ Champion League ဝင်ခွင့်တနေရာကို အသေအချာ ရယူသွားခဲ့ပြီ ဖြစ်ပါတယ်။

Chelsea အနေဖြင့် လက်ကျန် 2 ပွဲမှာ ရသင့်သည့် အမှတ်တွေကို အရယူထားနိုင်မှသာ မိမိ၏ Champion League ဝင်ခွင့် နေရာကို ကာကွယ် နိုင်မည် ဖြစ်၏။ အဆင့် 15 နေရာ ရောက်နေပါတယ်ဆိုမှ အဆင့် 16 ကို ဆင်းသွားသည့် အသင်းက United ဖြစ်လေ၏။ အိမ်ကွင်းမှာ West Ham ကို 0-2 ဖြင့် ရှုံးနိမ့်ပြီး မိမိ၏ အဆင့် 15 နေရာကို West Ham လက်ထံ ပြောင်းပေးခဲ့ရပြီး အဆင့် 16 သို့ ဆင်းသွားခဲ့ရ၏။

အားကျမခံ United နောက်ကို လိုက်သည့် အသင်းက Tottenham ဖြစ်ချေ၏။ အိမ်ကွင်းမှာ Crystal Palace ကို 0-2 ဖြင့် ရှုံးကာ တန်းဆင်းဇုန် အထက် အဆင့် 17 နေရာသို့ ဆင်းပေးခဲ့ရ၏။ Europa League ဗိုလ်လုပွဲ ကန်မယ့် နှစ်သင်းက တသင်းက အဆင့် 16 တသင်းက အဆင့် 17 တဲ့။ အတော် ရယ်ရတဲ့ အသင်းတွေ။

ဒီတပတ်မှာတော့ အသင်းကြီးတွေ အခြေအနေမလှခဲ့သည့် တပတ်တာ ဖြစ်သွားခဲ့လေ၏။

(photos from Premier League page)



0
0
0.000
0 comments