EPL Round 21

ဒီနေ့ မနက် ၂ နာရီခွဲမှာတော့ EPL Round 21 ၏ ပွဲစဉ် တပွဲ အဖြစ် West Ham vs Nottm Forest တို့ ကစားခဲ့ပါတယ်။ အိမ်ရှင် West Ham တို့ 1-2 ဖြင့် ရှုံးနိမ့်သွားခဲ့ရပါတယ်။ ယခု ရှုံးပွဲကြောင့် West Ham တို့ အနေဖြင့် အဆင့် 18 နေရာမှာပဲ ကျောက်ချနေရဖို့ များသွားခဲ့ပါပြီ။ နက်ဖြန် မနက် ၂ နာရီနှင့် ၂ နာရီ ၄၅ မိနစ် အချိန်တွေမှာတော့ နောက်ထပ် ပွဲစဉ် ၈ ပွဲ ကစားသွားဖို့ ရှိနေပါတယ်။ သဘတ်ခါမှာတော့ Arsenal vs Liverpool တို့ရဲ့ ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။
နက်ဖြန် မနက် ၂ နာရီ ၄၅ မိနစ်မှာတော့ Burnley vs Man United တို့ ပွဲစဉ် ကစားမှာ ဖြစ်ပါတယ်။ နည်းပြ Amorim ထုတ်ပယ်ခံရပြီးနောက် နည်းပြသစ် မရခင် ခဏကို United ကစားသမားဟောင်း Darren Fletcher က နည်းပြ အဖြစ် ယာယီ ကိုင်တွယ် သွားမှာ ဖြစ်ပါတယ်။ Legendary ကစားသမား Darren Fletcher တယောက် ရလဒ်ကောင်းတွေ ရယူနိုင်မလားကတော့ စောင့်ကြည့်ရမှာပါ။ 3-4-3 ကစားကွက် အစား 4-4-2 သို့မဟုတ် 4-2-3-1 ကစားကွက်နဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

နောက်တန်း ၃ ယောက် ကစားကွက်ကနေ နောက်တန်း ၄ ယောက် ကစားကွက်နဲ့ ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ United ကစားသမားတွေထဲမှာ ၃ ယောက် ခံစစ်တန်း ကစားကွက်နဲ့ ကစားနိုင်သူ ကစားတတ်သူက အင်မတန် နည်းပါတယ်။ ထို့ကြောင့်လည်း Amorim က လူသစ် ခေါ်ပေးဖို့ တောက်လျောက် ပြောနေခဲ့တာပါ။ ခုတော့ လူသစ် မခေါ်ပေးဘဲ နည်းပြကို ထုတ်ပယ် လိုက်ပါပြီ။ လက်ရှိ လိုအပ်နေတာကတော့ အလယ်တန်း ကစားသမားတယောက် ပါပဲ။
သား နှစ်ယောက်က စီနီယာ အသင်းကို ရောက်နေချိန် အဖေက ယာယီနည်းပြအဖြစ် အသင်းကို အချိန်ခဏ ကိုင်တွယ်မယ် ဆိုတော့ Fletcher ညီအကို နှစ်ယောက် အနေနဲ့ ယခင်ထက် ပွဲထွက်ခွင့်ပိုရလာမလားကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ Burnley ကိုတော့ United အနေနဲ့ အနိုင်ကစားနိုင်မှာပါလေ။ လက်ရှိ ကစားသမားတွေ ရင်းနှီးတဲ့ ကစားကွက်နဲ့ ပြန်ကစားရမှာမို့ အဆင်ပြေမယ် ထင်ပါရဲ့။ တရေးနိုးချိန်နဲ့ ကြုံကြိုက်ရင်တော့ အားပေး ဖြစ်မယ် ထင်ပါရဲ့။
Aston Villa က Crystal Palace နဲ့ အဝေးကွင်း၊ Man City က Brighton နဲ့ အိမ်ကွင်း မှာ ကစားသွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ Arsenal နှင့် City ကော Aston Villa ကော ၆ မှတ်ကွာ အနေအထားမှာ ရှိနေပါတယ်။ City တို့ Arsenal ကို ဖိအားပေးဖို့ ကြိုးစားနေရင်း ကိုယ်တိုင် အရှုံးနှင့် ရင်ဆိုင်ရပြီး အဆင့် ၃ နေရာက Aston Villa ၏ ဖိအားပေးခြင်းကို ခံနေရပါတယ်။ ခုဆို အမှတ်တောင် တူနေခဲ့ပြီ မဟုတ်လား။ ဒီရာသီ Aston Villa အသင်းကတော့ အတော်လေး ဟုတ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
United လိုပဲ နည်းပြ ထုတ်ပယ်ခံထားရတဲ့ Chelsea ကတော့ Fulham နဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ Chelsea ကတော့ နည်းပြသစ် ရသွားခဲ့ပါပြီ။ ပြင်သစ်ကလပ် Strasbourg နည်းပြ Liam Rosenior ကို ခေါ်ယူထားပါတယ်။ နည်းပြသစ်နှင့် ယာယီ နည်းပြတွေ လက်အောက်မှာ Chelsea, Man United တို့ ဘယ်လို ရလဒ်တွေ ထွက်ပေါ် လာမလဲကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
(photos from respective Facebook pages)