EPL Game Week 7 Review

EPL Round 7 ပွဲစဉ်တွေကတော့ ပြီးဆုံးလို့ သွားခဲ့၏။ ဒီတပတ်မှာလည်း ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်လို့လာခဲ့၏။ အမှတ်ပေးဇယား ဦးဆောင်သူ အပြောင်းအလဲကနေ စလိုက်ကြရအောင်။ Chelsea အသင်းကို နောက်ကျ ဂိုးနဲ့ အရှုံးပေးရပြီးနောက် Liverpool အနေဖြင့် EPL မှာ နှစ်ပတ်ဆက်တိုက် ရှုံးပွဲနဲ့ ကြုံရလေ၏။ Liverpool ၏ အရှုံးကနေ အပြည့်အဝ အခွင့်အရေး ရယူသွားနိုင်ခဲ့တာက Arsenal ဖြစ်လေ၏။

7 ပွဲ ကစားပြီးချိန်မှာ Arsenal က 16 မှတ်၊ Liverpool က 15 မှတ်၊ Tottenham, Bournemouth တို့က 14 မှတ်စီဖြင့် အဆင့် 3,4 နေရာ၊ Man City က 13 မှတ်ဖြင့် အဆင့် 5 နေရာမှာ ရပ်တည်နေ၏။ Liverpool ကို EPL ပထမဆုံး ရှုံးပွဲတွေ့စေခဲ့သည့် Crystal Palace အနေဖြင့် ဒီတပတ်မှာ Everton ကို 2-1 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့ရလေ၏။ အဆင့် 6 နေရာ ရောက်သွားခဲ့၏။

United ကတော့ 10 မှတ်ဖြင့် အဆင့် 10 နေရာမှာ ရပ်တည်နေ၏။ ရှုံးပွဲ မတွေ့သေးသည့် Crystal Palace ကပါ ဒီတပတ်မှာ ရှုံးသွားတော့ EPL မှာ ရှုံးပွဲ မရှိသည့် အသင်း မရှိတော့ပေ။ နှစ်ပွဲဆက် ရှုံးထားသည့် Liverpool အနေနဲ့ လာမယ် Round 8 မှာ United ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမည် ဖြစ်၏။ Liverpool အနေဖြင့် မဖြစ်မနေ အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ နိုင်တလှည့် ရှုံးတလှည့် ဖြစ်နေသည့် United အဖို့လည်း အဆိုပါ အစဉ်အလာဆိုးကို ချေဖျက်ဖို့ လိုမည် ဖြစ်၏။

နှစ်ပွဲဆက် နိုင်တဲ့ United ကို မြင်ချင်မိပါ၏။ ဘာတဲ့ United ဘယ်နှယ်ပွဲဆက်တိုက် နိုင်မှ ဆံပင်ညှပ်မယ်ဆိုတဲ့ တယောက်လည်း ဆံပင်တွေ အတော်လေး ရှည်နေခဲ့ပြီ။ သူ့မှာလည်း ဒုက္ခ။ ချစ်မိတဲ့ ဒုက္ခပေါ့လေ။

တန်းဆင်းဇုန်ထဲ ရောက်နေတာက Burnley, West Ham & Wolves တို့ ဖြစ်၏။ Wolves ဆို 7 ပွဲကစားပြီးချိန်ထိ တပွဲမှ မနိုင်သေးပေ။ West Ham ဆိုလည်း တပွဲသာ နိုင်ထားသေး၏။ Burnley လည်း ထို့အတူပင်။ Europa League ကစားခွင့်ရထားတဲ့ Nottm Forest ကတော့ အဆိုပါ 3 သင်း၏ အထက်နားမှာ ရပ်တည်နေ၏။ EPL မှာ သူတို့ 5 မှတ်သာ ရသေး၏။

မနှစ်က ခြေစွာခဲ့တဲ့ Nottm Forest တို့ ဒီနှစ်မှာ ဘယ်လိုတွေ ဖြစ်ကုန်လေသနည်း။ နည်းပြ အပြောင်းအလဲ ကစားသမား အပြောင်းအလဲတွေကပဲ အသင်းအနေအထားကို ပိုပြီး ဆိုးသွားခဲ့လေသလား။ မနှစ်က ပုံစံကောင်းတွေ တည်ဆောက်ပေးခဲ့တဲ့ နည်းပြ Nuno Santo ရဲ့ နေရာမှာ Tottenham နဲ့ Europa League ရယူနိုင်ခဲ့တဲ့ နည်းပြ Ange Postecoglou ကို ခန့်အပ်ထားပေမယ့် ရလဒ်တွေက မကောင်းလာသေးပေ။

နည်းပြ Nuno Santo လည်း ဘာထူးသေးလို့လည်း လက်ရှိ West Ham နည်းပြ အဖြစ်နဲ့ အသင်းကို ဆွဲတင်ပေးနိုင်ခြင်း မရှိသေးပေ။ Round 7 ပဲ ရှိပါသေးတယ် ဆိုပေမယ့် စကတည်းက သေချာ အာရုံ မစိုက်ထားရင် တန်းဆင်းဇုန်ထဲက ထွက်နိုင်ဖို့ ခက်သွားနိုင်၏။ 3 လပြတ် သင်တန်းတွေလို ရာသီသိမ်းခါနီးမှ လက်ပူတိုက်ကြတာမျိုးက အမြဲတမ်း အလုပ် မဖြစ်နေပေ။ ချန်ပီယံ တိုက်ပွဲမှရယ် မဟုတ် တန်းဆင်းဇုန် တိုက်ပွဲကလည်း ပြင်းထန် အရေးပါသည် မဟုတ်ပါလား။

(photos from Premier League Page)



0
0
0.000
2 comments