Draw but Still Top One

EPL Round 21 ၏ နောက်ဆုံး ပွဲစဉ်လည်းဖြစ်၊ အကောင်းဆုံး ပွဲစဉ်လည်းဖြစ်သည့် Arsenal vs Liverpool တို့၏ ပွဲစဉ်ကို မနက် ၂ နာရီခွဲမှာ ကစားသွားခဲ့၏။ ဘယ်သူကမှ ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိ သရေကျသွားခဲ့လေ၏။ Man City, Aston Villa တို့လည်း ဒီတပတ်မှာ သရေတမှတ်စီသာ ရခဲ့ကြ၏။ Arsenal အနေဖြင့် ထိုအခွင့်အရေးကို အသုံးချပြီး အမှတ်ဖြတ်ရန် ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ ပုံစံကောင်းတွေ ပြန်ရနေသည့် Liverpool ကို ဂိုးမသွင်းနိုင်ဘဲ သရေတမှတ်စီသာ ခွဲဝေယူသွားခဲ့ကြ၏။

Arsenal အနေဖြင့် ယခုပွဲစဉ် သရေကျသွားခဲ့ပေမယ့် အဆင့် ၂၊ ၃ အသင်းတွေကို ၆ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီး ဖြစ်၏။ Liverpool အနေဖြင့်ကတော့ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့၏။ လာမယ့် တနင်္ဂနွေနေ့မှာတော့ EPL ပွဲစဉ်များ မရှိဘဲ FA cup round 3 ပွဲစဉ်များ ကစားသွားမည် ဖြစ်၏။

အာဖရိကဖလား AFCON ပြိုင်ပွဲ ကျင်းပနေသည်မို့ လိဂ်အသီးသီးက အာဖရိကကစားသမားတွေကို နိုင်ငံအသင်းတွေထံ ခွင့်ပြုထားပေးရ၏။ ယခုဆို အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ပြီးလို့ ရှုံးထွက်အဆင့် (ကွာတားဖိုင်နယ်) ပွဲစဉ်တွေတောင် ကစားနေပြီ ဖြစ်၏။ ဒီနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ Mali vs Senegal တို့ ကစားကြမည် ဖြစ်၏။

Ronaldo ၏ Al Nassr အသင်းအနေဖြင့် Saudi Arabia Pro League မှာ နှစ်ပွဲဆက် ရှုံးပွဲနှင့် ကြုံနေခဲ့ရ၏။ Round 11 အထိ ရာနှုန်းပြည့် နိုင်ပွဲရခဲ့ပေမယ့် Round 12 မှာ သရေ ကျခဲ့၏။ Round 13 & 14 မှာတော့ ရှုံးနိမ့်ထား၏။ သရေ တပွဲကနေစလို့ နှစ်ပွဲဆက် ရှုံးနိမ့်မှုကြောင့် အဆင့် ၁ နေရာကို Al Hilal အသင်းထံသို့ လက်ပြောင်းပေးလိုက်ရလေ၏။ ထို့ပြင် Al Hilal အသင်းနှင့် ၄ မှတ်ကွာ အနေအထားသို့လည်း ရောက်သွားခဲ့ရလေ၏။

အသင်း၏ တိုက်စစ် ကစားသမား Mane Senegal လက်ရွေးစဉ်အသင်း နှင့်အတူ AFCON ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်နေမှုက Al Nassr အသင်း၏ ရလဒ်ပိုင်းဆိုင်ရာတွေကို ထိခိုက်စေသလားကတော့ မေးခွန်းထုတ်စရာပင်။ Ronaldo အနေဖြင့်လည်း Saudi မြေ ရောက်ပြီးနောက် ခုချိန်ထိ Pro League မှာ ချန်ပီယံဆုကို မရယူနိုင်သေးပေ။ အသက်အရွယ်အရ အနားယူရမယ့်အချိန်သို့ တဖြည်းဖြည်းနီးကပ်လာပြီမို့ အနားမယူချိန်လေးမှာ ချန်ပီယံဆု ရယူသွားတာကို တွေ့မြင်ချင်ပါသေး၏။

(photos from Premier League & Al Nassr pages)



0
0
0.000
0 comments