Draw
စနေနေ့ EPL ပွဲစဉ်တွေတော့ ကစားလို့ ပြီးခဲ့ပြီ။ ပွဲစဉ် 8 ပွဲထိကို ကစားပြီးသွားခဲ့ပြီ ဖြစ်၏။ ဒီနေ့ တနင်္ဂနွေနေ့မှာတော့ 2 ပွဲသာ ကစားဖို့ ကျန်၏။ New Castle vs Nottm Forest နှင့် Man City vs Liverpool တို့၏ ပွဲစဉ် ဖြစ်၏။ ပွဲကောင်းတွေပင်။ Man City vs Liverpool ပွဲကတော့ Super Sunday အတွက် အထူးပွဲဟု ဆိုရပေလိမ့်မည်။ City အနေဖြင့် Liverpool ထက် တပွဲလျော့ 17 မှတ်ကွာ အနေအထားမို့ ချန်ပီယံ မျှော်လင့်ခွင့်က နည်းသွားပြီဟု ဆိုလို့ရမည်။ နို့ပေမယ့် နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာစေဖို့ လက်ကျန်ပွဲတွေကို သေချာ အာရုံစိုက်ဖို့ လိုမည် ဖြစ်၏။ ယခုပွဲစဉ်က သူတို့၏ ဂုဏ်သိက္ခာပိုင်း အတွက်လည်း အရေးကြီးသည် မဟုတ်လား။
ကြားရက် ချန်ပီယံလိဂ် Round of 16 Play Off အဆင့်မှာ Real Madrid ကို ရှုံးပြီး ထွက်ခဲ့ရသည့် နာကျင်မှုကလည်း ရှိနေခဲ့သေးသည်ကိုး။ အဆိုပါ နာကျင်မှုကို ဒီပွဲမှာ ဖြေဖျောက်ဖို့ လိုပေလိမ့်မည်။ Liverpool အနေဖြင့်လည်း ချန်ပီယံ အိပ်မက် ပိုမို သေချာစေရန် အမှတ်တွေ အရယူထားဖို့လို၏။ ဒီကြားထဲ သရေမကျသင့်ဘဲ ကျတဲ့ပွဲတွေကြောင့် အမှတ်တွေလည်း ဆုံးရှုံးထားခဲ့ရပြီးပြီ မဟုတ်လား။ ယခုပွဲကတော့ 2 သင်းလုံးအတွက် အရေးပါ၏။
မနေ့က ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ အခြေအနေ မလှကြပေ။ Man United က Everton နဲ့ သရေကျ၏။ Everton က ဦးဆောင်ဂိုး 2 ဂိုး အရင်သွင်းခြင်း ဖြစ်၏။ United က နောက်ကနေ ပြန်လိုက်ကစားပြီး ချေပဂိုးတွေ သွင်းယူနိုင်ခဲ့လို့သာပေါ့။ နို့ဆို အရှုံးနဲ့ ရင်ဆိုင်ရမှာ။ သရေတမှတ်လေးရခဲ့လို့ တော်သေး၏။ တော်သေး ဆိုပေမယ့် West Ham က ကိုယ်တွေ၏ အဆင့် 15 နေရာကို လာ မျက်စောင်းထိုးနေပြီ။ မနေ့က Arsenal vs West Ham ပွဲစဉ်မှာ West Ham က 0-1 ဂိုးဖြင့် အနိုင်ရသွားခဲ့၏။
West Ham တို့ အနေဖြင့် တန်းဆင်းဇုန်နဲ့ ဝေးရာကို သွားနိုင်ဖို့ တွန်းအားတွေ ပိုရသွားတယ် ဆိုပေမယ့် Arsenal အတွက်တော့ နစ်နာ လှ၏။ Liverpool အသင်းနဲ့ အမှတ်ကွာဟမှု နည်းအောင် လုပ်နိုင်မယ့် အခွင့်အရေး သူတို့ လက်လွှတ်ခဲ့ရ၏။ ဒီအတိုင်းသာဆိုရင် ဒီရာသီလည်း ဒုတိယနဲ့ပဲ အဆုံးသတ်လေ ဦးမလား မပြောတတ်ပေ။ ဒါကြီးက Arsenal အတွက်တော့ တကယ့်ကို မကျေနပ် စရာပင်။
Chelsea ကလည်း Aston Villa ကို 2-1 ဖြင့် ရှုံးသွားခဲ့၏။ Chelsea ကလည်း အစကတော့ ဟုတ်မလိုလိုနဲ့ နောက်တော့ ဒုံရင်း ဒုံရင်း ပြန်ဖြစ်သွားပြန်၏။ ကိုယ်တွေ United ထက်တော့ သာပါတယ်။ ဒီရာသီမှာ ခြေစွမ်းမှန်တာဆိုလို့ Liverpool တသင်းပဲ ရှိမယ်။ သူ ပြီးရင်တော့ Arsenal လည်း မဆိုးပါဘူး။ ပုံစံကောင်းတွေ ထိန်းထား၊ ပြထား နိုင်သေးတယ်။ ကံပဲ မကောင်းနေတာ။
(photos from Manchester United & City pages)
!LOLZ
!MEME
!LUV
@donjaun, @uthantzin(7/10) sent you LUV. | tools | discord | community | HiveWiki | <>< daily
Credit: ashiru
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
We're a cover band.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of uthantzin
(5/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
!LOLZ
!MEME
lolztoken.com
in some people’s eyes.
Credit: marshmellowman
@donjaun, I sent you an $LOLZ on behalf of chanmin
(6/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: ashiru
Earn Crypto for your Memes @ HiveMe.me!
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP