Derby

1000009222.jpg

April 11 ရက်နေ့မှ EPL ပွဲစဉ်များ ပြန် ကစားမည် ဖြစ်၏။ April 8 ရက်နေ့မှာတော့ UCL ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များ ကစားမည် ဖြစ်၏။ ဒီကြားထဲမှာတော့ နိုင်ငံတကာ ပွဲစဉ်များသာ ရှိပေလိမ့်မည်။ ပျင်းရိဖွယ် နေ့ရက်များကို ဖြတ်သန်းရပေလိမ့်ဦးမည်။ ထိုသို့ ပြောသဖြင့် နိုင်ငံပွဲတွေက မကောင်းဟု မဆိုလိုပေ။ ကောင်းတာကကောင်း၏။ သို့ပေမဲ့ ကလပ်ပွဲစဉ်တွေလောက် ရင်ခုန် စိတ်လှုပ်ရှားဖို့ မကောင်းနေဘူးဟု ခံစားရ၏။

ထိုသို့ ပြောရပေမဲ့ ကိုယ့်အသင်းက ပွဲတွေ အများကြီး ကန်နေရသလို ထင်နေပေလိမ့်ဦးမည်။ တကယ်တမ်း ကိုယ့်အသင်းက တပတ်မှ တပွဲပဲ ကန်ရတာ။ အဲ့တာတောင် အသင်းက လိမ်ဖယ် လိမ်ဖယ်နဲ့ရယ်။ တပတ် တပွဲပဲမို့ ရှယ်ကြမ်းပြမယ်ပေါ့။ ဒါပေမဲ့ ဒါက စိတ်ကူး မျှော်လင့်ချက် သက်သက်သာ။ ဘာပဲ ပြောပြော လာမယ့်ရာသီ UCL ဝင်ခွင့်ရရင်ပဲ ဟုတ်နေပါပြီလေ။

EFL ပွဲစဉ်တွေကတော့ April 6 ရက်နေ့မှာ ကစားမည် ဖြစ်၏။ ကြားထဲမှာ WSL ပွဲစဉ်တွေနှင့် women UCL ပွဲစဉ်တွေတော့ ရှိ၏။ ရှိတာ ကြည့်ပေါ့။ နက်ဖြန် ည ၈ နာရီမှာ Man United women vs Man City women တို့၏ WSL Round 19 ပွဲစဉ် ရှိ၏။ WSL ချန်ပီယံကတော့ Man City women အသင်းသာ ဖြစ်သွားခဲ့လေပြီ။ ဘာပဲ ပြောပြော Derby ပွဲစဉ်လေးတော့ ကြည့်ရပေဦးမည်။



0
0
0.000
0 comments