Debloated

Debloated နောက်ပိုင်း နှစ်တွေမှာ ရင်းနှီးလာသည့် စကားလုံး တခု။ Computer & Phone တို့မှာ ထုတ်လုပ်လိုက်တဲ့ Company ကနေ တပါတည်း ထည့်ပေးလိုက်တဲ့ ကိုယ်မသုံးဖြစ်၊ အသုံး မလိုတဲ့ software, app တွေ ပါလာလေ့ ရှိပါတယ်။ အဆိုပါ မလိုအပ်တဲ့ bloatware app တွေကို ဖယ်ရှားခြင်းကို Debloated လုပ်တယ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

အထူးသဖြင့် Xiaomi, Redmi ရဲ့ China Region phone တွေမှာဆိုရင် bloatware တွေ အများကြီး ပါရှိနေတတ်ပါတယ်။ တရုတ်ပြည်မှာသာ အသုံးဝင်ပြီး ကျနော်တို့ အတွက် အသုံးမဝင် အပိုဖြစ်နေတဲ့ App တွေ အများကြီး ပါနေပါတယ်။ ဒီအရာတွေက စက်ရဲ့ စွမ်းဆောင်ရည်ကို နှေးကွေးစေပြီး storage နေရာပိုယူစေနိုင်သလို၊ ဘက်ထရီကိုလည်း အားပိုကုန်စေနိုင်ပါတယ်။

Debloated လုပ်လိုက်ပါက အနှီ မလိုအပ်သည့် bloatware app တွေကို ဖြုတ်လိုက်တာမို့ စက်ကပိုပြီး မြန်ဆက် သွက်လက်လာမယ်၊ Storage space ပိုရလာမယ်၊ ဘက်ထရီသက်တမ်းလည်း ပိုပြီးကြာရှည်ခံပါလိမ့်မယ်၊ အားအပိုမကုန်တော့ အားပိုခံတာပေါ့ဗျာ။

အရင်တုန်းကတော့ Root လုပ်ပြီးတာနဲ့ Custom ROM ပြောင်းသုံးနေကြဆိုတော့ bloatware app တွေ က ကျနော့်ကို အနှောင့်အယှက် မဖြစ်စေပါဘူး။ Xiaomi phone အသုံးများပေမယ့် miui နဲ့ hyper os ကို သိပ်အကြိုက်ကြီးတော့ မဟုတ်နေပါဘူး။ အထက်မှာ ပြောခဲ့တဲ့ bloatware တွေကြောင့်ပါ။ Custom ROM တွေကကြတော့ pure android နီးပါး ဒီဇိုင်းထုတ်ထားတာမို့ အတော်လေး ပေါ့ပါးပြီး ပိုလည်း အဆင်ပြေပါတယ်။

နောက်ပိုင်းမှာတော့ Hyper os ကိုမှ Debloated လုပ်ပြီးသား custom ROM တွေ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ အမယ် Debloated ကိုမှ Normal Debloated အပြင် Ultra Debloated ဆိုပြီးတော့ကိုပါ ရှိလာနေခဲ့ပါပြီ။ ပြီး အဆိုပါ Custom ROM တွေကလည်း ပုံမှန် Update ရပါတယ်။ Custom ROM တင်ဖို့က BLU (Bootloader Unlock) ဖြစ်မှရပါတယ်။ Xiaomi ရဲ့ နောက်ပိုင်း ပြောင်းလဲ လိုက်တဲ့ ပေါ်လစီကြောင့် BLU လုပ်ဖို့ အရင်လောက် မလွယ်တော့ပါဘူး။ (ထိုအကြောင်းကိုလည်း ရေးခဲ့ဖူး၏)

ဆိုတော့ကော bloatware app တွေကို ရှင်းဖို့ နည်းလမ်း ရှာကြံရပါတော့တယ်။ BLU မရှိ၊ Root မရှိဘဲပေါ့။ BLU လုပ်လို့ရရင်က ဘာမှကို မခက်ခဲပေ။ နောက်ပိုင်းက အလွယ်လေးပင်။ တချို့ App တွေကကြ ဒီအတိုင်း Uninstall လုပ်ပလိုက်လို့ရ၏။ တချို့ App တွေကကြ မရပေ။ နည်းနည်း ပိုအားထုတ်ရ၏။

App တွေ၊ Tool တွေ သုံးပေးရ၏။ နည်းမသိခင်ကသာ ခက်နေတာပါ။ နည်းလည်းသိသွားရော လွယ်လွယ်လေး ဖြစ်သွားပါလေရော။ ထုံးစံအတိုင်း ဆရာကတော့ Google & YouTube ပေါ့။ လောလောဆယ်တော့ ကျနော့် Redmi note 13 pro မှာ bloatware app တွေ ဖယ်ထားနိုင်ပြီ ဖြစ်၏။ အပြီးတိုင် ဖျက်ပစ်လိုက်လို့တော့ မရသေးပေ။ Root ရှိရင်တော့ အပြီးတိုင် ဖျက်ပစ်လို့ရပါ၏။ ဘာပဲ ပြောပြော block လုပ်၊ remove လုပ်လို့ ရတာကလည်း မဆိုးဘူးမလား။ အဆင်ပြေတဲ့ တရက် အဆိုပါနည်းလမ်းလေးကို မျှဝေပါဦးမည်။



0
0
0.000
4 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

HiveBuzz is Leveling Up - Introducing Our New Project Manager
Our Hive Power Delegations to the August PUM Winners
Feedback from the September Hive Power Up Day
0
0
0.000
avatar

ကျွန်တော်မှာ တရုတ်ဖုန်းလေး တလုံးရှိတယ်
တရုတ်ဆော့ဝဲလ်တွေကလွဲရင် ကျန်တဲ့ဆော့ဝဲလ်တွေထည့်မရဘူး ကိုဒွန်ကို အကူအညီတောင်း ပြကြည့်အုံးမှ။
!LOLZ
!MEME

0
0
0.000