ဒေါင်း
မနေ့က အပျင်းမထူသင့်တော့ကြောင်း နိုးထသင့်ကြောင်း ပြောပြီးမှ ဒီနေ့မှာတော့ ကောင်းကောင်း အနားယူဖို့က လိုလာပြန်ခဲ့၏။ အကြောင်းကား မနေ့က ကိစ္စကြောင့် ဖြစ်ချေ၏။ မနေ့က Futsal ကန်၏။ Cygnus အသင်း ၆ နှစ်ပြည့် အမှတ်တရ အဖြစ် ကိုယ့်အချင်းချင်း လူခွဲ ကန်သည့် ပွဲ ဖြစ်၏။ တသင်း ၈ ယောက်နှင့် ၄ သင်း ရ၏။ ၄ သင်း ပတ်လည် ကန်ပြီး အမှတ်အများဆုံး ၂ သင်းက ဗိုလ်လု၊ ကျန် ၂ သင်းကတော့ တတိယ လုပွဲ ကစားပေါ့။
သို့နှင့် မနေ့က ပွဲစဉ် ၂ ပွဲ ယှဉ်ပြိုင်ကစားဖြစ်၏။ မိနစ် ၂၀၊ ၂ ပိုင်းကို ၂ ပွဲဆိုတော့ မိနစ် ၂၀၊ ၄ ပိုင်း ဆိုတော့ မိနစ် ၈၀ ပေါ့။ တကယ်တမ်းကတော့ တရက်ကို တပွဲပဲ ကန်သင့်တာပါ။ ခုက အားတဲ့ရက်မှာ အချိန်လုပြီး လုပ်ပေးရတာမို့ တရက်ထဲ ၂ ပွဲ ကစားရခြင်း ဖြစ်၏။ ၁ ပွဲဆိုရင်ကို တော်တော်သိသာ၏။ သက်လုံ ခံနိုင်ရည်အားက ကုန်ပြီ။ ဒါကို ၂ ပွဲ ခဏသာနားပြီး ကန်တော့ အကုန်လုံး ဟောဟဲတွေ ဆိုက်ကုန်ကြ၏။ ကြွက်တက်သူတွေကတက်နှင့်။
ကျနော်လည်း ဒုတိယ ပွဲစဉ် ဒုတိယပိုင်း ပြီးခါနီးမှာတော့ ညာဘက် ခြေထောက် ခြေသလုံး ကြွက်တက်ချင်သလိုလို ဖြစ်လာခဲ့၏။ ကန်တာကတော့ အားလုံး အစွမ်းကုန် ကြိုးစားကစားကြပါ၏။ သို့ပေမယ့် ကျနော့် အသင်းက ၂ ပွဲလုံး ရှုံး၏။ ဗိုလ်လုဖို့ကတော့ မဖြစ်နိုင်တော့ပေ။ တတိယသာ မျှော်မှန်းဖို့ ရှိ၏။ အဆိုပါ ပွဲက နက်ဖြန် ကန်ရမည် ဖြစ်၏။ လူက recovery တော့ မဖြစ်သေးပေ။ သို့ပေမယ့် မတက်နိုင် ကန်မယ် လုပ်ပြီးမှတော့ ကန်ကြရုံပင်။
အသက်အရွယ်က စကားပြောလာခဲ့ပြီ။ ငယ်တုန်း ရွယ်တုန်းက သိပ်ကိစ္စ မရှိပေ။ သို့ပေမယ့် ခု အသက်အရွယ်အပိုင်းမှာတော့ မလွယ်ပေ။ ရှာကြံ ချီးကျူးရရင် ဒီလောက် ကန်နိုင်တာပဲ ဟုတ်နေပြီဟု ပြောလို့ရ၏။ ၂၀ ကျော် လူငယ်လေးတွေမှာတောင် ကြွက်တက်သူတွေ ရှိနေတော့ ငါ မဆိုးဘူးဟလို့ ကြံဖန် ဂုဏ်ယူရပြန် သေး၏။
ကန်ပြီးစ မသိသာပေမယ့် မနက် အိပ်ရာ ထချိန်မှာတော့ သိသာလာ၏။ တကိုယ်လုံး ကိုင်ရိုက်ထားသည့် အလားပင်။ အဓိကကတော့ ခြေသလုံး ကြွက်သားတွေ ဖြစ်၏။ ဒီနေ့ တနေ့လုံးတော့ သေချာလေး နားမှ ရပေလိမ့်မည်။ သို့မှ နက်ဖြန် အတွက် အဆင်ပြေ နိုင်မည် မလား။ ၁ ပွဲ ၁ လေတော့ နိုင်အောင် ကန်ဖို့ လိုမည် ဖြစ်၏။
တပွဲတော့ နိုင်သင့်ပါတယ်။
Fighting!💪
!lolz
lolztoken.com
He had no chance against all 5 of us.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of walarhein
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ဒီနေ့ပွဲတော့ နိုင်ပါတယ်ဗျ။
😅
!meme
!lol
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
A horse-pital.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future
(3/10)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
!hiqvote
@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @donjaun gets !PIZZA from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
!PIZZA
!MEME
Credit: amigoponc
Earn Crypto for your Memes @ HiveMe.me!
$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun