Congratulations Mc Tominay

Napoli ရဲ့ တကျော့ပြန် ချန်ပီယံ ခရီးလမ်းမှာ အရေးပါတဲ့ ကစားသမားကို ပြပါ ဆိုရင် Mc Tominay ကိုပဲ ပြရမယ် ထင်ပါရဲ့။ United ခြံပေါက် ကစားသမားဟာ ပြီးခဲ့သော နွေရာသီ အပြောင်းအရွှေ့မှာ Napoli အသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ United ခြံထွက် ကစားသမား ဆိုပေမယ့် ပွဲထွက် ကစားခွင့်တော့ သိပ်မရခဲ့ပါဘူး။ ဦးစားပေး ကစားသမား စာရင်းမှာ သူ မပါခဲ့ပါဘူး။ ဒါပေမယ့် ကစားခွင့်ရတဲ့ ပွဲတိုင်း ရှိသမျှ နိုင်သမျှ အားကုန်ထုတ်ပြီး ပေးဆပ် ကစားတတ်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။

United မှာ 8 နှစ်ကြာ ကစားခဲ့ပြီးနောက် 28 နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့သော နွေရာသီမှာ Napoli အသင်းထံ ရောင်းချခြင်း ခံခဲ့ရပါတယ်။ United နဲ့ 8 ရာသီ ဖြတ်သန်းခဲ့မှုမှာ Europa League 1 ကြိမ်၊ FA ဖလား 1 ကြိမ်၊ EFL Cup 2 ကြိမ် အစရှိတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ EPL ချန်ပီယံဆုကိုတော့ ကိုင်မြှောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ခုတော့ ရောက်ရောက်ချင်း ရာသီမှာပဲ Napoli အသင်း နှင့်အတူ Serie A ချန်ပီယံဆုကို ကိုင်မြှောက် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြ Antonio Conte ၏ လမ်းပြ ပေးမှု အောက်မှာ Mc Tominay version အသစ်ကို ကျနော်တို့ မြင်ခဲ့ရပါတယ်။ United မှာထက် စာရင် သူ့ကို လွတ်လပ်စွာ စိတ်ကြိုက် ကစားခွင့် ပေးခဲ့ပါတယ်။ ပြီး ပုံမှန် ပွဲထွက်ခွင့်တွေနဲ့ ကစားသမားရဲ့ မိမိ ကိုယ်ကို ယုံကြည်မှုကို ပိုသေချာ ခိုင်မာအောင် လုပ်ပေးခဲ့ပါတယ်။ Tominay ကလည်း Conte ၏ ယုံကြည်မှုကို အကောင်းဆုံး ခြေစွမ်းတွေနဲ့ သက်သေပြပေးခဲ့ပါတယ်။

မခိုမကပ်နဲ့ ရှိသမျှ အားကုန်သုံး ကစားတတ်တာ Tominay ရဲ့ trade mark တခုပါပဲ။ ဒါသည်ပင် အချိန် ခဏအတွင်းမှာ Napoli ပရိတ်သတ်တွေရဲ့ ချစ်ခင် အားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ စကော့တလန် တုတ်ကြီး၊ စကော့တလန် ဇီဒန်း ဆိုပြီး United fan တွေ ချစ်စနိုးနဲ့ ခေါ်ခဲ့ကြတဲ့ Tominay ဟာ Napoli မှာ ပိုကောင်းတဲ့ နာမည်သစ်တွေ ရနေပါပြီ။ ပိုလည်း အချစ်ခံနေရပြပြီ။

36 ပွဲ ကစားပြီး 13 ဂိုးသွင်းကာ ဂိုးဖန်တီးပေးမှု 4 ကြိမ် ဒီရာသီမှာ သူ လုပ်ပြထားပါတယ်။ United မှာ ကတည်းက လိုအပ်ရင် လိုအပ်သလို သူဟာ ခြေစွမ်းပြ ဂိုးတွေ သွင်းပြီး ဖန်တီးမှုတွေ လုပ်ပြနေကြပါ။ သူ့ကို ရောင်းလိုက်တော့ United နည်းပြဟောင်း အချို့က ဝေဖန် ခဲ့ကြပါတယ်။ မရောင်းသင့်ဘူးပေါ့။ တကယ်လည်း သူ့ကို ရောင်းလိုက်တာ မှားကြောင်း Tominay က သက်သေပြသွားခဲ့ပါပြီ။

နည်းပြ Conte ကလည်း Tominay ဟာ United မှာ သူ ရသင့် ရထိုက် ကစားသင့်တဲ့ နေရာမျိုးမှာ မကစားခဲ့ရပါဘူး။ ဒါပေမယ့် ကျနော့် လက်ထဲမှာတော့ သူ့ကို နေရာမှန်မှာ စိတ်ကြိုက် ကစားခွင့်ပေးခဲ့လို့ ခုလို ခြေစွမ်းတွေ ပြနိုင်တာပါလို့ ဆိုထားပါတယ်။ Napoli အသင်း ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့အပြင် ယခုရာသီမှာ Serie A ရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ သူ ရယူသွားခဲ့ပါပြီ။



0
0
0.000
1 comments