Congratulations Manchester United Women Team

ထင်ထားသည့်အတိုင်းပင် United တို့ Arsenal ကို 0-1 ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့၏။ မျှော်လင့်ထားပြီးသားမို့ ယခု အရှုံးကို တုန်လှုပ် မနေပေ။ ဂိုးပြတ်ရှုံးမယ် ထင်ထားခဲ့ပေမယ့် 1 ဂိုးထဲနဲ့သာ ရှုံးသည်ကိုတော့ အံ့ဩမိပါ၏။ ချီးကျူးစရာတော့ မရှိပေ။ ဒီရာသီမှာ ပရိတ်သတ်တွေကို တော်တော်လေး စိတ်ဒုက္ခ ပေးခဲ့သည် မဟုတ်လား။ အများက လှောင်ပြောင်ခေါ်ဆိုလေ့ ရှိသည့် 10 မိုင်ကုန်းက Chelsea တောင် ကိုယ်တွေကို ကျော်တက်သွားခဲ့ပြီ။ Chelsea က အဆင့် 7, ကိုယ်တွေက အဆင့် 8 3 မှတ်ကွာ အနေအထားမှာ ရှိနေ၏။

ချန်ပီယံလိဂ် ဝင်ခွင့်ကနေ ခုဆို ယူရိုပါလိဂ် ဝင်ခွင့်တောင် မသေချာတော့ပေ။ ဒီအတိုင်းဆို ယူရိုပါ ကွန့်ဖရန့်လိဂ်တောင် ကန်ခွင့် ရနိုင်ပါ့မလား။ အဖက်ဖက်က ဆိုးရွားနေသည့် အသင်းအဖို့ FA Cup ဗိုလ်လုပွဲမှာ Man City ကို ဖြတ်ကျော်နိုင်ပါ့မလား။ စံချိန်တန် ဒဏ်ရာရ ကစားသမားစာရင်းနဲ့ Man City ကို ဘယ်လိုများ ရင်ဆိုင် ကစားမည်နည်း။ စစ်မရောက်ခင် မြှားကုန်တာမျိုး မဟုတ်ပေမယ့် အနိုင်ရဖို့ကတော့ ခက်ခဲပေလိမ့်မည်။ ဒီလို အခြေအနေမျိုးကိုမှ နိုင်အောင် ကစားပြီး ဖလားရအောင် ယူပြ နိုင်ရင်တော့ ချီးကျူးစရာပင်။

Women FA Cup မှာတော့ United အမျိုးသမီးအသင်းက Tottenham အမျိုးသမီးအသင်းကို အနိုင်ယူ ဗိုလ်စွဲ သွားခဲ့၏။ 4 ဂိုးပြတ်နှင့်ကို အနိုင်ရသွားခြင်း ဖြစ်၏။ အမျိုးသားအသင်းက ပေးသည့် စိတ်ဒုက္ခကို အမျိုးသမီးအသင်းက သက်သာရာ ရစေ၏။ အဖွင့်ဂိုးကို အသည်းကျော် Ella Toone က လှပစွာ သွင်းယူသွားပေးခဲ့တာကလည်း ပျော်စရာပင်။ Toone တယောက် ကစားပုံ တဖြည်းဖြည်း ပိုလို့ ပိုလို့ ကောင်းလာနေပြီ ဖြစ်၏။

အမျိုးသမီးအသင်းက အောင်မြင်မှုတွေ ဖလားတွေ ရယူပေးနေလို့လာ တော်သေးသည် ဆိုရမည်။ အမျိုးသမီးအသင်း လိုပဲ အမျိုးသားအသင်းကကော ပရိတ်သတ် ပျော်အောင် လုပ်ပေးနိုင်မလားကတော့ စောင့်ကြည့်ရုံပေါ့။

EPL တန်းတက်ခွင့် တနေရာ အတွက် playoff ပွဲစဉ် ပကျော့များ မနေ့က ယှဉ်ပြိုင်ကစားကြ၏။ Norwich 0-0 Leeds, West Brom 0-0 Southampton ဖြင့် ဘယ်သူ့ ဘယ်သူမှ ဂိုး မသွင်းနိုင်ကြဘဲ ပကျော့ ပွဲစဉ်များ ပြီးသွားခဲ့၏။ ဒုတိယကျော့ ပွဲစဉ်များကိုတော့ မေလ 17/ 18 ရက်နေ့တွေမှာ ကစားသွားမည် ဖြစ်၏။ ဗိုလ်လုပွဲကိုတော့ မေလ 26 ရက်နေ့မှာ ကစားသွားမည် ဖြစ်၏။ ဗိုလ်စွဲသည့် အသင်းက EPL သို့ တန်းတက်ခွင့် ရမည် ဖြစ်၏။

_(photos from Manchester United Women & Sky sports Facebook page



0
0
0.000
4 comments
avatar

ညီမလေးတွေကို အားပေးရတာပဲ တန်တယ်ဗျာ

0
0
0.000