Congratulations Liverpool
EPL Round 34 ကစားပြီးသွားခဲ့ပြီ။ အားလုံးသိထားပြီးသည့်အတိုင်း Liverpool က ချန်ပီယံ ဖြစ်သွားခဲ့ပြီ။ ရာသီပြီးဆုံးဖို့ 4 ပွဲကျန်နေသေးပေမယ့် အဆင့် 2 နေရာက Arsenal ကို 15 မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီမို့ လက်ကျန် 4 ပွဲလုံး ရှုံးခဲ့ရင်တောင် 2 မှတ် အသာနဲ့ ဦးဆောင်ထားနိုင်မှာမို့ Arsenal အနေဖြင့် လိုက်မှီဖို့ မဖြစ်နိုင်တော့ပေ။ ပြီးခဲ့သော Super Sunday မှာ Liverpool က Tottenham ကို မိမိ အိမ်ကွင်းမှာ 5-1 ဂိုးဖြင့် ဂိုးပြတ် အနိုင်ရယူပြီး ချန်ပီယံဘွဲ့ကို ခပ်စောစော သိမ်းပိုက်သွားခဲ့လေ၏။
EPL မှာလိုပဲ အစောကြီး ချန်ပီယံ ဖြစ်နေသည့် နောက်တသင်းက France Ligue 1 မှ PSG အသင်း ဖြစ်၏။ ရာသီသိမ်းဖို့ 3 ပွဲကျန်နေသေးပေမယ့် ဒုတိယနေရာက Marseille အသင်းကို အမှတ် 20 ထိ ဖြတ်ထားပြီးပြီ ဖြစ်၏။ German Bundesliga ဖက်မှာတော့ Bayern Munchen အသင်း ချန်ပီယံ ဖြစ်သွားဖို့ အလားအလာ ကောင်းနေခဲ့၏။ ရာသီသိမ်းဖို့ 3 ပွဲကျန်၊ ဒုတိယနေရာက Leverkusen ကို 8 မှတ် ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်၏။ လက်ကျန် 3 ပွဲကို သူတို့ အေးဆေးလေး ကစားပြီး ဖလားသိမ်းရုံသာ။ Tottenham တိုက်စစ်မှူးဟောင်း Kane အတွက် ဆုဖလားကိုင်မြှောက်ခွင့် အခွင့်အရေး ရရှိတော့မည် ဖြစ်၏။
ချန်ပီယံဆု အတွက် အကြိတ်အနယ် ဖြစ်နေဆဲ လိဂ် နှစ်ခုကတော့ Spain Laliga နှင့် Italy Serie A တို့ ဖြစ်၏။ Spain Laliga မှာ Barcelona အသင်းက 33 ပွဲ ကစားပြီး 76 မှတ်ဖြင့် အဆင့် 1 နေရာမှာ ရပ်တည်နေ၏။ Real Madrid အသင်းကတော့ 33 ပွဲကစားပြီး 72 မှတ်ဖြင့် အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ ရာသီသိမ်းဖို့ 5 ပွဲကျန်နေသေးသည်မို့ ဘယ်အသင်း ချန်ပီယံ ဖြစ်သွားမလဲက စိတ်ဝင်စားစရာပင်။
Serie A ကလည်း Laliga လိုပင်။ Napoli အသင်းက 34 ပွဲကစားပြီး 74 မှတ်ဖြင့် အဆင့် 1 မှာ ရပ်တည်နေ၏။ Inter Milan အသင်းက 34 ပွဲ ကစားပြီး 71 မှတ်ဖြင့် အဆင့် 2 နေရာမှာ ရပ်တည်နေ၏။ 4 ပွဲသာ ကစားဖို့ ကျန်တော့၏။ 3 မှတ်ကွာ အနေအထားက ဘာမဆို ဖြစ်သွားနိုင်သေးသည့် အခြေအနေမလား။ 2022/23 မှာ ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် Napoli ကပဲ တကျော့ပြန် ချန်ပီယံ ဖြစ်သွားမလား။ ဒါမှမဟုတ် မနှစ်က ချန်ပီယံဖြစ်ခဲ့သည့် Inter Milan ကပဲ back to back ချန်ပီယံ ပြန်ဖြစ်လာနိုင်မလားကတော့ တကယ့်ကို စိတ်ဝင်စားစရာပင်။
Inter Milan အနေဖြင့် Champion League Semi Final အဆင့် မှာ Barcelona အသင်းနဲ့ ကစားရဦးမှာမို့ လမ်းကြောင်း နှစ်ခု ဖြစ်နေပေလိမ့်မည်။ ဖလား နှစ်ခုလုံးကို အာရုံစိုက်ထားတယ်ဆိုရင်တော့ သေချာလေး အားထုတ်ကစားဖို့ လိုမည် ဖြစ်၏။ ပွဲပန်းသည့် ဒဏ်ကိုလည်း ခံရနိုင်သေး၏။ League အချို့မှာ ချန်ပီယံအသင်းတွေ ခပ်စောစော ထွက်ပေါ် လာခဲ့ပေမယ့် League အချို့မှာတော့ ရာသီနောက်ဆုံးပိတ် ပွဲစဉ်တွေအထိ အကြိတ်အနယ် ယှဉ်ပြိုင် ကစားသွားရဖို့ ရှိနေ၏။
(photos from Premier league page)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: