Congratulations Chelsea
ဒီနေ့က ဂိမ်းပိုစ့်နေ့ ဖြစ်ချေ၏။ နို့ပေမယ့် ကြားဖြတ် ဦးစားပေး ရေးစရာလေး ရှိလာခဲ့၏။ မနက်က ကစားသွားသည့် FIFA Club World Cup Final ပွဲစဉ်အကြောင်း ဖြစ်၏။ Chelsea vs PSG တို့၏ ပွဲစဉ် ဖြစ်၏။ Chelsea က 3-0 ဖြင့် အနိုင်ရကာ ဗိုလ်စွဲ သွားခဲ့၏။ ဒီရာသီမှာ Conference League ဖလားပါ ရထားပြီးပြီမို့ ဥရောပ ဖလားစုံ ရှိသည့် အသင်း တသင်း ဖြစ်လာခဲ့တော့၏။ ပြီး အသွင်သစ်နဲ့ ကျင်းပသည့် FIFA Club World Cup ချန်ပီယံလည်း ဖြစ်သွားခဲ့ပြီ။
Champion League ချန်ပီယံ PSG နှင့် Europa Conference League ချန်ပီယံ Chelsea တို့ ထိပ်တိုက်တွေ့ကြသည့် ပွဲစဉ်မှာ PSG အသင်း အလေးသာနေသည်ဟု အများစုက မှတ်ယူထားကြ၏။ Chelsea ပရိတ်သတ်တွေ ကိုယ်တိုင် သိပ်အများကြီး မမျှော်လင့်ထားကြပေ။ Chelsea ပရိတ်သတ် အသိ ညီလေး ပြောသလို ပြောရရင် အသင်းက ရူးနေပေမယ့် ဘုန်းက မရူးဘူး ဆိုပဲ။ သူပြောလည်း ပြောချင်စရာ Group D မှာ ဒုတိယ ရ၏။ ထို့ကြောင့် Group C က အုပ်စုဗိုလ် Benfica နဲ့ ကစားရ၏။ Chelsea သာ Group D ၏ အုပ်စုဗိုလ် ဖြစ်ခဲ့ရင် Group C က ဒုတိယအသင်း Bayern Munchen နဲ့ ကစားရနိုင်၏။
ထို အတိုင်းသာ ဆိုရင် Chelsea ၏ ကံကြမ္မာက တမျိုးတဖုံ ပြောင်းလဲလို့ သွားနိုင်၏။ အရှုံးကောင်း ဖြစ်သွားတယ်လို့ပဲ ဆိုရမလားပေါ့။ ဒါပေမယ့် Bayern Munchen နဲ့ တွေ့ခဲ့ရင်တောင် Chelsea အနေနဲ့ နောက်တဆင့် တက်လာနိုင်ပါသေး၏။ ဘာပဲ ပြောပြော ရှုံးသွားတော့ လမ်းခရီးပိုသင့်သွားတာပေါ့ဟု ပြောလို့ရ၏။
တကယ်လည်း ကံကြမ္မာက Chelsea ဘက်မှာ ရှိနေသည်ဟု ပြောလို့ရ၏။ သို့ပေမယ့် ဗိုလ်လုပွဲမှာတော့ ကံတရားကြောင့် မဟုတ်ဘဲ ခြေစွမ်းကောင်းလို့ကို နိုင်တာဟု ပြောလို့ရ၏။ Champion League ချန်ပီယံ Bayern Munchen, Real Madrid တို့ကို ဂိုးပြတ်တွေ သွင်းပြီး ဗိုလ်လုပွဲ ရောက်လာသည့် PSG ကို Chelsea တို့က အကောင်းဆုံး တုန့်ပြန်ကစားပြီး ဦးချိုးပေးလိုက်သည်ဟု ဆိုရမည်။
PSG အတွက် နောက်ထပ် ဖလားတလုံး ရမယ့် အခွင့်အရေး လက်လွတ်ခဲ့ရပြီ ဖြစ်၏။ Chelsea အတွက်တော့ ရဖူးပြီးသား ဖလားပေမယ့် ခုက ပုံစံအသစ် ဒီဇိုင်းအသစ်နဲ့ ကျင်းပသည့် ပြိုင်ပွဲမှာ ထပ်မံ ဗိုလ်စွဲခဲ့ခြင်း ဖြစ်၏။ London မြို့ ဂုဏ်ဆောင်ကြီးပေါ့ဟု ကြွယ်လို့ ရပြီ ဖြစ်၏။
(photos from Chelsea and Sport Myanmar pages)
အရင်တုန်းကတော့ မန်ယူပြီးရင် Chelsea ကိုကြိုက်ခဲ့တာ။ ဘာလို့လဲဆိုတော့ ငယ်ငယ်က ဘောလုံးဂိမ်းကစားရင် မန်ယူ၊ ချဲလ်ဆီး ဆိုပြီးကစားကြတာမို့။ ခုတော့ ပထမလည်း မန်ယူ၊ ဒုတိယလည်း မန်ယူ။
အခုတော့ ဘောလုံးပွဲတွေမကြည့်ဖြစ်တာလည်း ကြာပါပြီ။
!PGM
တူတူပါပဲဗျာ။
မန်ယူ ဖန်ပေမယ့် အသင်းက နိမ့်ပါးနေချိန်ဆိုတော့ တိတ်တိတ်လေးပဲ နေနေရတာ။ ကြာတော့ လေ ဘယ်လို ပြန်တိုက်ရမလဲတောင် မသိတော့ဘူးရယ်။
😁