Carabao Cup Semifinal 1st Lag

Futsal ဖိနပ် အသစ် ဝယ်လိုက်လို့ ထင်ပါရဲ့ လက်ရှိ ကန်နေတဲ့ ဖိနပ်က ထိပ်ပွင့်သွားပြီ ဖြစ်၏။ အသစ် မဝယ်ခင်ကတည်းက ညာဘက်တဖက် ဘေးက နည်းနည်းပြဲနေပြီ ဖြစ်၏။ မနေ့ ရှေ့တနေ့က ကန်ပြီးသည့် နောက်မှာတော့ ထိပ်ပါ ပွင့်သွား၏။ ဖိနပ်တွေက ပြဲ၊ ပေါက်ရင် ညာဘက်တွေချည်း ဖြစ်လေ့ ရှိ၏။ အင်း ကျနော်ကလည်း ညာသန် ဆိုတော့ ညာခြေ ပိုအသုံးများတော့ ဖိနပ်တွေက ညာဘက်တွေချည်း အရင် ပျက်လေ့ ရှိ၏။
ဒီရက်ပိုင်းထဲ ခပ်စောစော အိပ်ပျော်၏။ မနေ့ညကဆို ၈ နာရီခွဲ ကတည်းက အိပ်ပျော်သွားခဲ့၏။ သွားတောင် မတိုက်ဖြစ်ဘဲ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်၏။ မနက် ၃ နာရီကျော်တော့ တရေးနိုး၏။ ခဏနဲ့ပဲ ပြန်အိပ်ပျော်သွားခဲ့လေ၏။ မနက် ဆွမ်းလောင်းမှသာ နိုးလေတော့၏။ အိပ်ရေးဝတော့ လူလည်း လန်းလန်းဆန်းဆန်း ဖြစ်တာပေါ့။

ဒီရက်ထဲ ဘောလုံးပွဲတွေကလည်း သန်းခေါင်ကျော်တွေဆိုတော့ မကြည့်ဖြစ်ပေ။ ပွဲကြီး ပွဲကောင်းတွေ ချည်း ဖြစ်၏။ စပိန် Super Cup Final, AFCON Semifinal, အင်္ဂလန် EFL Cup Semifinal ပထမကျော့ ပွဲစဉ်တွေ ဖြစ်၏။ Super Cup မှာတော့ Barcelona ဗိုလ်စွဲပြီး Real Madrid နည်းပြ Xabi Alonso နှုတ်ထွက်သည့် သတင်းတွေကတော့ ဒီတပတ်ရဲ့ လှုပ်ခပ်မှု ရှိသည့် သတင်းတွေထဲ တခု အပါအဝင် ဖြစ်ခဲ့၏။ နှစ်သစ်မှာ နည်းပြတွေ အထုတ်ခံရ၊ နှုတ်ထွက်တာတွေ များနေခဲ့၏။
AFCON မှာတော့ Senegal vs Morocco တို့ ဗိုလ်လုပွဲ အဖြစ် January 19 ရက် မနက် 1 နာရီခွဲမှာ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Egypt vs Nigeria တို့က တတိယလုပွဲ အဖြစ် January 17 ရက် ည 10 နာရီခွဲမှာ ကစားကြမည် ဖြစ်၏။ EFL Cup ပထမကျော့ ပွဲစဉ်တွေမှာတော့ Man City က New Castle ကို 0-2 ဖြင့် လည်းကောင်း Arsenal က Chelsea ကို 2-3 ဖြင့် လည်းကောင်း အသီးသီး အနိုင်ရသွားခဲ့လေ၏။ ဒုတိယကျော့ ပွဲစဉ်တွေကိုတော့ February 4,5 ရက်နေ့တွေမှာ ကစားသွားဖို့ ရှိနေ၏။
Xabi Alonso နှုတ်ထွက်သွားပြီး နည်းပြသစ် လက်ထက်မှာ Real Madrid တို့ ရှုံးပွဲ တွေ့သွားရပြန်၏။ စပိန် Copa del Rey Round of 16 အဆင့်မှာ Laliga 2 မှ Albacete အသင်းကို 3-2 ဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်၏။
(photos from Carabao Cup Page)