Can United Win

ဒီနေ့ မြန်မာစံတော်ချိန် ည 10 နာရီမှာ United ပွဲစဉ်ရှိ၏။ Fulham ၏ အိမ်ကွင်းမှာ သွားရောက် ကစားရမည် ဖြစ်၏။ Round 1 တုန်းက အိမ်ကွင်းမှာ Arsenal ကို ရှုံးနိမ့်ထားသည့် United အဖို့ ယခုပွဲစဉ်ကို အနိုင်ကစားဖို့ လိုမည်။ Fulham က Round 1 မှာတုန်းက Brighton နဲ့ 1-1 သရေကျထားခဲ့၏။ United ကစားပုံ ကောင်းမွန် လာသည်ဆိုပေမယ့် Fulham ကလည်း လွယ်လွယ် အနိုင်ယူလို့ရသည့် အသင်းမျိုးတော့ မဟုတ်ပေ။ Arsenal နှင့် ပွဲတုန်းက ပြသခဲ့သည့် ပုံစံကောင်းကို United တို့ ထပ်မံ ပြသနိုင်ဦးမလားကတော့ စောင့်ကြည့်ရပေလိမ့်ဦးမည်။

စနေနေ့က ပွဲစဉ်တွေမှာ တပွဲမှ သရေပွဲ မပါခဲ့ဘဲ အနိုင်အရှုံး အဖြေ‌ထွက်ပေါ်ခဲ့၏။ အိမ်ရှင် Man City ကို 0-2 ဖြင့် အနိုင်ကစားပြသွားသည့် Tottenham ကတော့ ဒီနှစ် အတော်လေးဟုတ်နေ၏။ တာထွက်လှနေပြီ။ ယခုပုံစံကို ဆက်ထိန်းထားမယ်ဆိုရင်တော့ ဇယားထိပ်မှာချည်း နေနေရမည် ဖြစ်၏။ ခုမှ 2 ပွဲသာ ကစားပြီးချိန်မို့ ပြောဖို့တော့ စောနေပါသေး၏။ ဆက်လက် စောင့်ကြည့်ရုံပေါ့။

London မြို့ခံ နောက်တသင်း ဖြစ်သည့် Arsenal ကလည်း Leeds ကို အိမ်ကွင်းမှာ 5-0 ဖြင့် အနိုင်ရသွားခဲ့၏။ United နှင့် ပွဲမှာတုန်းက fan တွေ၏ အားမလို အားမရ ဖြစ်မှုကို ဒီပွဲမှာ သူတို့ ချေဖျက်ပြသွား၏။ Round 1 မှာ West Ham ကို 3-0 ဖြင့် အနိုင်ယူခဲ့သည့် Sunderland အနေနဲ့ Burnley ကိုတော့ 2-0 ဖြင့် ရှုံးသွားခဲ့လေ၏။

ဒီတပတ် FPL မှာတော့ အမှတ် အတော်လေး နည်းသွားနိုင်၏။ Week 1 ထက်ကို နည်းမယ် ထင်ပါရဲ့။ Cole Palmer ကိုက ထည့်ကို မကစားသွား။ City က Haaland က line up ပါပေမယ့် ဂိုးမရ။ အေးလေ သူလည်း ပွဲတိုင်းတော့ ဘယ်ဂိုးသွင်းနိုင်မလဲပေါ့။ Palmer ကိုသာ ထည့်ကစားခဲ့ရင် Chelsea သွင်းခဲ့တဲ့ 5 ဂိုးထဲမှာ Palmer သွင်းသည့် ဂိုးတွေလည်း ပါကောင်းပါလာနိုင်၏။

Chelsea ပွဲလိုပဲ Arsenal နဲ့ ပွဲမှာလည်း 5 ဂိုးသွင်းတဲ့ထဲ Rice မပါဘူးတဲ့လေ။ Assistant တလုံးလေး ပါတော့ မဆိုးပါဘူး ဆိုရပေလိမ့်မည်။ Rice က line up တော့ သေချာပေါက်ရမယ့်သူမို့ 2 မှတ်ကတော့ ပုံမှန် ရနေမှာပါ။ ဂိုးဖန်တီး၊ ဂိုးသွင်းရင်တော့ အမှတ် ပိုပြီး ရမပေါ့။ အမှတ်တွေ ထပ်ရဖို့ ဒီနေ့ United ၏ ပွဲကို စောင့်ကြည့်ရပေလိမ့်မည်။

မနေ့က Ronaldo ၏ Al Nassr အသင်း အနေဖြင့် Al Ahli ကို ပင်နယ်တီနဲ့ ရှုံးနိမ့်သွားရ၏။ မိနစ် 90 ထိ 2-2 ဖြစ်နေသဖြင့် ပင်နယ်တီ အဆုံးအဖြတ် ယူတာ Al Ahli က 3-5 ဖြင့် အနိုင်ရသွားခဲ့၏။ ပွဲအချိန် အတွင်း ဦးဆောင်ဂိုးတွေကို Al Nassr ကပဲ အရင်သွင်းခဲ့၏။ ဒါပေမယ့် Al Ahli က အကောင်းဆုံး ချေပပြီး ပြန်လာနိုင်ခဲ့၏။ Al Nassr အဖို့တော့ မနှစ်ကလည်း ဒုတိယ၊ ဒီနှစ်လည်း ဒုတိယနဲ့သာ ထပ်မံ ကျေနပ်လိုက်ရလေ၏။ Ronaldo အတွက်တော့ စိတ်မကောင်းပေ။

(photos from Premier League Page)



0
0
0.000
2 comments
avatar

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

0
0
0.000
avatar

ဘရူနို မပျော်မရွှင်ဖြစ်နေတာ တကယ်စိတ်မကောင်းဘူး။
ပင်နယ်တီမဝင်အောင် တမင်ကန်လိုက်သလားတောင် ထင်ရတယ်။

0
0
0.000