Can Get 3 Win Stake

ဒီ တပတ်မှာ EPL Round 9 ပွဲစဉ်တွေ ကစားမည် ဖြစ်၏။ စနေနေ့မှာ 4 ပွဲ၊ တနင်္ဂနွေနေ့မှာ 6 ပွဲ ကစားမည် ဖြစ်၏။ ဒီတပတ်မှာတော့ အသင်းကြီးချင်း ထိပ်တိုက် တွေ့သည့် ပွဲစဉ်တွေ မရှိပေ။ အသင်းကြီး အသင်းငယ်လို့သာ ပြောနေရတာ တကယ်က အသင်းငယ်တွေက အသင်းကြီးတွေကို ပြန်ပြီး အနိုင်ယူပြတာမျိုးတွေလည်း ရှိသေးသည် မဟုတ်လား။ ထင်မှတ်မထားသည့် ရလဒ်တွေ ထွက်ပေါ်လေ့ ရှိတာကပင် ဘောလုံး ရသ တခု ဖြစ်လေ၏။
ဒီနေ့မှာ Chelsea vs Sunderland နှင့် Man United vs Brighton တို့၏ ပွဲစဉ်တွေကို စောင့်ကြည့်ရပေလိမ့်မည်။ အထူးသဖြင့်တော့ ကိုယ်တွေ United ပေါ့။ မြန်မာစံတော်ချိန် ည 11 နာရီမှာ ကစားမည် ဖြစ်၏။ United အိမ်ကွင်းပေမယ့် နောက်ပိုင်း နှစ်တွေမှာ Brighton ကသာ အသာစီးရယူထားနိုင်ခဲ့၏။

United အနေနဲ့ နည်းပြ Amorim လက်ထက်မှာ ပထမဆုံးအကြိမ် အဖြစ် 2 ပွဲဆက် နိုင်ပွဲရထား၏။ ယခု Brighton ကိုပါ အနိုင်ရခဲ့မယ်ဆိုရင် 3 ပွဲဆက် နိုင်ပွဲ နှင့်အတူ 3 မှတ်ပါ ရမည် ဖြစ်၏။ ဒီ နှစ်သင်းက အမှတ်ပေး ဇယားမှာ အထက်အောင် ရပ်တည်နေ၏။ United က 13 မှတ်နဲ့ အဆင့် 9, Brighton က 12 မှတ်နဲ့ အဆင့် 10 မှာ ရပ်တည်နေ၏။
နောက်ဆုံး ကစားထားသည့် ပွဲစဉ် 5 ပွဲကို ပြန်ကြည့်မယ် ဆိုရင် United ထက် Brighton က Team form ပိုကောင်းနေသည်ဟု ပြောရမည်ထင်။ United က နောက်ဆုံး 5 ပွဲမှာ 3 ပွဲနိုင် 2 ပွဲရှုံး၊ Brighton က 5 ပွဲမှာ 3 ပွဲနိုင် 2 ပွဲ သရေကျထား၏။
အိမ်ကွင်း ဖြစ်နေတာကော၊ ဇယားထိပ်ပိုင်းနားလေး လှမ်းထားနိုင်ဖို့ လိုအပ်နေတာကြောင့် United တို့ ယခုပွဲစဉ်ကို အနိုင် ကစားထားနိုင်ဖို့ လိုမည် ဖြစ်၏။ Brighton ကလည်း လျော့တွက်ထားလို့ မရသည့် အသင်းမျိုး ဖြစ်၏။
Chelsea vs Sunderland ပွဲကတော့ အမှတ်တူနေသည့် အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံသည့် ပွဲဖြစ်၏။ 14 မှတ်စီဖြင့် ဂိုးကွာခြားချက်ကြောင့် Chelsea က အဆင့် 5, Brighton က အဆင့် 7 နေရာမှာ အသီးသီးရပ်တည်နေ၏။ ယနေ့ပွဲစဉ်မှာတော့ Chelsea အသင်း အနီကဒ် မရ၊ မယူတန် ကောင်းပါရဲ့။
(photos from Man United & Premier League Pages)
!PIZZA
$PIZZA slices delivered:
@phyowinkoko7(3/10) tipped @donjaun
Come get MOONed!