ဘယ်တော့လဲလို့
BTC ကြီးတောင် ကျမှတော့ ကျန် Tokens တွေလည်း ဘယ်မှာလာ ခံနိုင်တော့မှာလဲ။ အရှေ့အလယ်ပိုင်း ကိစ္စ၏ ရိုက်ခတ်မှုက အတော်လေး ဆိုးလှ၏။ တချို့ Tokens တွေက ယခင်ကတည်းက ဈေးတန်း တခုမှာရှိနေခဲ့ပြီးသား ဆိုတော့ ဆင်ပိန်တောင် ကျွဲလောက်တော့ ကျန်ပါသေး၏။ ကိုယ်တွေရဲ့ Hive သာ။ 2021 November 26 မှာ အမြင့်ဆုံး ဈေးအဖြစ် 3.4$ ဝန်းကျင်ထိ ရောက်ခဲ့ဖူးပေမယ့် ခုချိန်မှာတော့ 1$ ပြန်ရောက်ဖို့ မပြောနဲ့ ပြား 50 ကျော်ဖို့တောင် မလွယ်သည့် အခြေအနေ ရောက်နေခဲ့၏။
အခြေအနေတွေ ကောင်းနေတုန်း BTC ဈေး တက်နေတုန်းမှာတောင် 0.5$ မကျော်ခဲ့ဖူးသေးသည့် Hive အဖို့ ခုလိုတွေ ဖြစ်လာတော့ ရှိရင်းစွဲ ဈေးထက်တောင် ပိုကျသွားခဲ့၏။ Other Coins တွေ၏ ဘဝက အဲ့လိုပါပဲ ဆိုရင်တောင် ကိုယ်တွေရဲ့ Hive က ပိုဆိုးသည်ဟု ပြောလို့ရမယ်။ BTC တက်ရင် သူ လိုက်မတက်ပေမယ့် BTC ကျရင်တော့ သူ လိုက်ကျလေ့ ရှိ၏။
ဆရာတွေကလည်း ဘာလို့များ စစ်တိုက်ကြရတာလဲပေါ့။ အားလုံး ဒုက္ခရောက်၊ အခက်အခဲတွေ ဖြစ်ကုန်၏။ နဂိုဆိုးနေပြီးသား ကိုယ်တွေအဖို့ သာ၍ ဆိုးပေါ့။ အသက်ရှူပေါက်ရယ်လို့ ဒီ ခရစ်ပတိုလေးတွေပဲ ရှိပါတယ်ဆိုမှ ခုတော့ အသက်ရှူတွေပါ ကြပ်ကုန်ကြပြီ။ ထရန့် တက်လာပြီး ကတည်းက ခရစ်ပတိုလောကကြီးမှာ ကမောက်ကမတွေ တခုပြီး တခုကို ဖြစ်လို့။
တကျော့ပြန် သမ္မတခရီးလမ်းမှာ ခရစ်ပတိုနဲ့ မဲဆွယ်ခဲ့သည့် ထရန့်။ တကယ်လည်း သူ့ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက ခရစ်ပတိုတွေ ထောင်ထောင် ထောင်ထောင်နဲ့ နေရာလေးရလိုက်ကြသေး၏။ ခု နောက်တခေါက် သမ္မတ ဖြစ်လာပြန်တော့လည်း ခရစ်ပတိုသမားတွေက တခြားသူတွေထက် ပိုပြီး မျှော်လင့်ကြတာပေါ့။
နို့ပေမယ့် ဈေးတွေ တက်လာ၊ ကောင်းလာတာထက် ကျကျသွားတာသာ များ၏။ သူ statement တွေ ထုတ်လိုက်တိုင်း ထုတ်လိုက်တိုင်း ခရစ်ပတိုဈေးတွေက ကပြောင်းကပြန်တွေ ဖြစ်ကုန်လေ့ ရှိ၏။ ကြာတော့ သူ စာထုတ်မှာကိုတောင် လန့်လာခဲ့၏။ ခုကြ စာမထုတ်ဘဲ ဗုံးသွားကြဲချလေတော့၏။ ဈေးတွေ ထပ်ကျပြန်ရော။
ဈေးကျတော့လည်း ပါဝါပိုစုလို့ရတာပေါ့ဟုသာ စိတ်ဖြေနေရ၏။ အသီးအပွင့်တွေ စားသုံးရဖို့ကတော့ ဒီအတိုင်းဆို အချိန်တော့ ထပ်ယူရပေလိမ့်ဦးမည်။ Hive က နှစ်ရှည်ပင် မလား။ တချိန် အထွက်နှုန်း ကောင်းလာဖို့ မြေဆီ မြေဩဇာ ကောင်းမွန်အောင်လုပ်၊ ပေါင်းမြက်တွေရှင်း၊ အချိန်မှန် ရေလောင်းပေးပေါ့။ တချိန်မှာတော့ ယခုထက် ပိုတဲ့ အသီးအပွင့်လေးတွေ ရမှာပါ။ ရေးစရာ ရှိတာရေးလို့၊ တင်စရာ ရှိတာတင်ရင်း စောင့်ရုံသာ။
အင်း၊ ဟုတ်တာပေါ့၊ အဲ့သလိုပါဆို ကျုပ်တို့ရဲ့
Hive ကြီးကလေ 😂။
!LOLZ
!MEME
lolztoken.com
It was a knick knack paddy whack.
Credit: playbyhive
@donjaun, I sent you an $LOLZ on behalf of htwegyi
(3/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: megareigns
Earn Crypto for your Memes @ HiveMe.me!
သူများတက်လို့ သူ လိုက်မတက်ပေမယ့် သူများကျရင်တော့ လိုက်လိုက်ကျ။
Congratulations @donjaun! You received a personal badge!
You can view your badges on your board and compare yourself to others in the Ranking
Check out our last posts: