အဆုံးအဖြတ် ပွဲစဉ်များ

Man United women အသင်း အနေနဲ့ မနေ့က Man City women အသင်းနဲ့ ပွဲစဉ်မှာ 3-0 ဖြင့် ရှုံးနိမ့် သွားခဲ့ရ၏။ Men အသင်းတုန်းကလည်း ဒီရာသီမှာ Man City ကို 3-0 နဲ့ ရှုံးထားခဲ့၏။ ရှုံးပုံ ရှုံးခြင်းတောင် လာတူနေသေးတယ်။ Man City အိမ်ကွင်း ဖြစ်နေတာမို့ အနိုင်ရဖို့ ခဲယဉ်းပေမယ့် သရေလောက်တော့ ကျသွားမယ် ထင်ထားပေမယ့် ရှုံးသွားခဲ့၏။ အဆင့် 1 အသင်းနဲ့ အမှတ် ကွာဟမှု လျော့ချဖို့ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်သွားခဲ့ပေ။
Man United women အသင်း အနေဖြင့် အဆင့် 1 က Man City women နှင့် 7 မှတ်ကွာ အနေအထား ဖြစ်သွားခဲ့ရ၏။ Chelsea women အသင်း အနေဖြင့် Liverpool နှင့်ပွဲကို အနိုင်ကစားထားနိုင်မှသာ Man City ကို ဖိအား ပေးထားနိုင်မည် ဖြစ်၏။

ဒီနေ့မှာ World Cup Qualification UEFA zone အုပ်စု နောက်ဆုံး ပွဲစဉ်များ ကစားသွားဖို့လည်း ရှိနေပါသေး၏။ Group F မှာ Portugal vs Armenia, Hungary vs Ireland တို့ ပွဲစဉ်မှာ Portugal အနေနဲ့ Armenia ကို အနိုင် ကစားထားနိုင်မယ်ဆိုရင် ခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်မည် ဖြစ်၏။ Hungary vs Ireland ပွဲစဉ်မှာတော့ နိုင်တဲ့ အသင်းက နောက်တဆင့် အတွက် မျှော်လင့်ချက် ရရှိသွားမည် ဖြစ်၏။
Group D မှာတော့ France က တိုက်ရိုက်ခြေစစ်ပွဲ အောင်သွားပြီး ဖြစ်၏။ နောက်တနေရာ နောက်တဆင့် အတွက် Ukraine vs Iceland တို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Group K မှာတော့ နောက်တဆင့် နောက်တနေရာ အတွက် ယှဉ်ပြိုင်စရာ မလိုတော့ပေ။ England က တိုက်ရိုက် ခြေစစ်ပွဲအောင်၊ Albania က နောက်တဆင့် အတွက် ကစားခွင့် ရသွားခဲ့ပြီ ဖြစ်၏။
ကျန် Group များ၏ အုပ်စု နောက်ဆုံး ပွဲစဉ်များကိုလည်း နောက်ရက်တွေမှာ ဆက်လက် ယှဉ်ပြိုင် သွားဖို့ ရှိပါ၏။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP