Another Update

avatar

ဒီနေ့ မနက် အစောကြီး နိုးနေခဲ့၏။ ပြန်အိပ်ဖို့ ကြံပေမယ့် အိပ်မရနေပေ။ သို့နှင့် phone လေး ခဏဖွင့်ပြီး vote ပေးတာနှင့် အခြား ဘာညာကွာစိလေးတွေ လုပ်ဖြစ်၏။ System update ထဲ သွားကြည့်တော့ firmware update ပေးနေ၏။ ကိုယ်က မနေ့ကမှ တင်ပြီးတယ်။ သူက ဒီနေ့မှာ update လာ ပေးနေခဲ့ပြီ။ သူ့ အမှားလည်း မဟုတ်။ သူက ယခင် ကတည်းက အချိန်မှန် update ပေးနေကြ ဖြစ်၏။ Initial signed ကို May 28 ရက်က ပေးခဲ့ခြင်း ဖြစ်၏။ အချိန်အားဖြင့် တပတ် ပြည့်ပြီ။

ပြန်အိပ်မ‌ရသေးမယ့်အတူ update ကို download ဆွဲလိုက်၏။ ROM update တင်ပြီးမှပဲ ပြန်အိပ်မယ်ပေါ့။ Download ဆွဲရတာတော့ မြန်၏။ ထူးထူးဆန်းဆန်း Welink က လိုင်းတွေ ဘာတွေ ကောင်းနေ၏။ 2 GB လောက်တော့ ရှိ၏။ မိနစ် အနည်းငယ် အတွင်း download လုပ်လို့ ပြီးသွားခဲ့၏။ မထူးပါဘူးကွာ ဆိုပြီး တလက်စတည်း update တင် လိုက်၏။

Firmware update က အဆင်ပြေပြေ ပြီးသွား၏။ အဆင်မပြေတာက Magisk (Root) ဖြစ်၏။ ယခု Android 14 မှရယ် မဟုတ် ယခင် Android 11 မှာတုန်းကလည်း update တင်လိုက်ပြီးရင် Magisk မရ (ခဏ မရ) တာ သဘာဝပင်။ ပြန် flash လိုက်ရင်တော့ ရ၏။ သွင်းထားသည့် module တွေပါ နဂို အတိုင်းလေး ပြန်ရ၏။ ကဲ ပြန်သွင်းရုံပေါ့။ Official update တွေက ဒီတခုတော့ အလုပ်ပို၏။

အဲ့မှာ စတာပဲ။ ပြန် flash လိုက်တာက ရ၏။ module တွေလည်း ပြန်ပြီး ပေါ်လာ၏။ အဆင်လည်းပြေ အလုပ်လည်း လုပ်၏။ တခုပဲ၊ ဒါပေမယ့် အဲ့ တခုက တကယ့် အရေးကြီးတဲ့ တခု ဖြစ်နေ၏။ Bank apps တွေ သုံးမရတော့ပေ။ Root (Magisk သွင်းထားရင်) လုပ်ထားရင် Bank apps တွေ သုံးမရပေ။ ဒါကို ကျနော်တို့က Bank apps တွေ အတွက် Root ကို hide ပြီး သုံးကြခြင်း ဖြစ်၏။ တနည်း ပြောရရင် Bank apps ကို လိမ်လိုက်ခြင်း ဖြစ်၏။ Root လုပ်ထားရဲ့သားနဲ့ မလုပ်ဘူးပေါ့။

Magisk ထဲမှာ Zygisk ကို on ပြီး Root deny list ထဲ မိမိ Root လုပ်ထားတာကို မသိစေချင်သည့် app တွေကို ထည့်ထားလိုက်ရင် Root လုပ်ထားသော်လည်း Bank apps တွေ၊ အခြား Root လက်မခံသည့် apps တွေကို သုံးလို့ ရပြီ ဖြစ်၏။ ခု ကျနော် ဖြစ်နေတာက Zygisk က setting မှာ enable ဖြစ်နေပြီးသားကို home page မှာက No ပဲ ပြနေ၏။

Setting မှာ off ပေးပြီး reboot လုပ်၊ ပြန် on ပေးပြီး reboot လုပ်။ ဘယ်လို လုပ်လုပ် Zygisk က No ပဲ ပြနေ၏။ ကောင်းရော။ Modules တွေ ပြန်ပဲ သွင်းလိုက်ပါတော့ဟု စိတ်ဆုံးဖြတ်ပြီး Magisk ကို Fully Uninstall သာ လုပ်လိုက်တော့၏။ Module တွေ ပြန်သွင်းရမှာ ပျင်းပေမယ့် အဆင်မပြေနေတာကို အဆင်ပြေအောင် လုပ်ဖို့က ပို အရေးကြီးသည် မဟုတ်လား။ အစက ပြန်သွင်းတော့ ရသွား၏။ တမင် ညစ်တာပါလေ။ ပြန်လည်း အိပ်မရတော့ပေ။ မထူးတော့ပါဘူး Module တွေ ပြန်သွင်းလိုက်ရုံပေါ့။ မနက်ခင်းလေးတော့ ကုန်လွန် သွားခဲ့၏။



0
0
0.000
6 comments
avatar

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

0
0
0.000