Another Telegram App

SpaceS က Farming project တွေ၊ Event တွေ တခုပြီး တခု ဆက်တိုက်လာနေခဲ့၏။ တချို့ event တွေဆို နောက်ကျသွားလို့ လက်လွှတ် လိုက်ရတာတွေလည်း ရှိ၏။ သတ်မှတ် ပါဝင်သူ အရေအတွက် ပြည့်သွားသဖြင့် ပါဝင်ခွင့် မရလိုက်တာမျိုးပေါ့။ ရမယ့်ဟာကြတော့ လွတ် ဆိုသလိုပေါ့။ တခြားဟာလေးတွေ ရနေလို့ တော်သေးသည် ပြောရမည်။

Telegram Airdrop တွေ ကောက်ရင်း telegram မှာပဲ အချိန်တွေ ပိုပြီး ကုန်ဖြစ်၏။ ဒါလည်း တမျိုးတော့ ကောင်းသားလား။ ကျနော့် အတွက်တော့ Facebook က Telegram လောက်မှ အကျိုး မပြုဘဲကိုး။ Telegram သုံးပေမယ့် official telegram app ထက်စာရင် 3rd party telegram app ကိုသာ သုံးဖြစ်၏။

Auragram ကို စသုံးခဲ့၏။ ထို့နောက်မှာတော့ Nagram ကို အချိန်အတော်ကြာ သုံးဖြစ်၏။ ဒီနေ့မှာတော့ အခြား တခု စမ်းသုံးကြည့် ဖြစ်၏။ Nicegram တဲ့။ သူလည်း Telegram ကို base ယူထားတာပါပဲ။ Nagram က play store မှာ မရ၊ မရှိပေမယ့် Nicegram ကတော့ play store မှာပါ ရ၏။ နှစ်ခုလုံးကတော့ Open source တွေပင် ဖြစ်၏။

Nicegram မှာက build in wallet တခုပါ၏။ solana wallet ဖြစ်၏။ Nicegram မှာ သူ၏ native coin တမျိုးလည်း ပါ၏။ Attention Points ဆိုပြီးတော့ပေါ့။ ပြီး Gems တွေ ဘာတွေလည်း ပါသေး၏။ စမ်းသုံး ကြည့်ပါဦးမည်။ နောက်ရက်မှ အသေးစိတ် ထပ်ပြောပြပါဦးမည်။



0
0
0.000
7 comments
avatar

ကောင်းတာလေးတွေ မျှဝေပေးပါအုံးခင်ဗျာ...စောင့်မျှော်နေပါ့မယ်...
!PGM
!LOLZ
!LUV
!MEME

0
0
0.000