အနိုင် မယူသူ အရှုံး
ရယ်ရလွန်းလို့ မရယ်ချင်တော့ဘူး။ အမှန်တော့ မချိလို့ သွားဖြဲပြတာကို ရယ်တယ် ထင်နေကြတာပါ။ တော်တော်လေး စိတ်ပျက်နေပြီ ပျက်လွန်းလို့ ဒီထက်လည်း ထပ် စိတ်ညစ် မနေတော့ပေ။ ဟုတ်ကဲ့ မိတ်ဆွေတို့ မမှားပါဘူး။ United ပါပဲ။ တရာသီလုံးလည်း စိတ်ဒုက္ခ ပေးထားခဲ့ပြီးပြီ။ အဆိုးရွားဆုံး ရလဒ်တွေနဲ့ ခုဘောလုံး ရာသီကို အဆုံးသတ်လိုက်ရတယ်။ ဒီနှစ်တော့ ထားလိုက်တော့ နောက်နှစ်ပေါ့။ မထားလို့လည်း မရဘူးကိုး။
ရာသီအကြိုဆိုပြီး Asia Tour ပွဲစဉ်တွေ ကစား၏။ May 28 မှာ ASEAN All Stars အသင်းနဲ့ ကစား၏။ အာရှ အဆင့် မဟုတ်ဘူးနော် အာဆီယံ အဆင့် အသင်း။ အဲ့အသင်းကို United က 1-0 နဲ့ ရှုံးသတဲ့ဗျာ။ ဘယ်လိုမှကို လက်ခံမရပေ။ United က တော်တော် အခြေအနေဆိုးနေပြီ။
United ရှုံးပေမယ့် ရှာကြံ ဂုဏ်ယူရရင် ဂိုးသွင်းသွားသူက မြန်မာကစားသမား မောင်မောင်လွင် ဖြစ်နေခဲ့၏။ United ကို ဂိုးသွင်းဖူးသည့် ပထမဆုံး မြန်မာ ကစားသမား အဖြစ်လည်း မှတ်တမ်း ဝင်သွားခဲ့လေ၏။ ဖန်တီး ပေးပို့ပေးသူကလည်းကောင်း အဆုံးသတ် ဂိုးသွင်းသည့် မောင်မောင်လွင်ကလည်း တိကျ သေသပ်တော့ လှပတဲ့ သွင်းဂိုးလေး တဂိုး ဖြစ်သွားခဲ့လေ၏။
မောင်မောင်လွင်က United fan ဟု သိရ၏။ ကိုယ်အားပေးသည့် အသင်းကို ကိုယ့်သွင်းဂိုးနဲ့ အနိုင်ရသည့် ခံစားချက်က အင်မတန်မှကို စိတ်ကျေနပ်စရာပင်။ ကာယကံရှင် မပြောနဲ့ ကျနော်တို့တောင် အတော်လေး သူ့အတွက် ဂုဏ်ယူ ဝမ်းသာမိပါ၏။ နို့ပေမယ့် အကြောင်းကြောင်းကြောင့် ထုတ်ဖော် ပြောဆို ချီးကျူးဖို့ရာ မဖြစ်နိုင်သေးပေ။ စိတ်ထဲကနေတော့ ထပ်တူ ဝမ်းသာ ပီတိ ဖြစ်မိပါ၏။
မောင်မောင်လွင်အဖို့ အနိုင်ဂိုးလည်း သွင်းယူနိုင်ခဲ့သည့် အပြင် United အသင်း Captain Bruno Fernandes ရဲ့ Jersey ပါ အမှတ်တရ လက်ဆောင် အနေဖြင့် ရခဲ့တော့ သူ့ဘဝရဲ့ အမှတ်တရ အဖြစ်ဆုံးနှင့် အပျော်ဆုံး နေ့ရက် ဖြစ်မှာ မလွဲဧကန်ပင် ဖြစ်ပါလိမ့်မည်။
ဖန်ပေးတဲ့သူတော်တော်ကောင်းတယ်ဗျ။ Australia သားလို့ေတာ့ပြောတယ်။ နှစ်ယောက်စလုံး အချိတ်အဆတ်မိတာလဲပါမယ်ဗျ။
ဟုတ်ပဗျာ။
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: