အချက် မသိ

avatar

ကျနော့်အိမ်၏ မြောက်ဘက် ‌ပေ ၃၀၀ ကျော် အကွာ အဝေးလောက်မှာ ကုန်းကမူ ခပ်မြင့်မြင့် နေရာလေး တခု ရှိ၏။ မြို့နယ် သံဃ အဖွဲ့ရုံး နေရာ ဖြစ်၏။ ခုမှ အကောင်အထည် ဖော်ယူနေစဟု ပြောလို့ရ၏။ စေတီငယ်နဲ့ ဓမ္မာရ‌ံု တခု ရှိ၏။ ညောင်ပင်လည်း ရ‌ှိ၏။ ကဆုန် ညောင်ရေသွန်း ပွဲတို့ ဘာတို့လည်း ဆို အဆိုပါ ညောင်ပင်မှာ လုပ်လေ့ ရှိ၏။ ပြီးခဲ့သော သီတင်းကျွတ်တုန်းကတောင် ဆီမီး ပူဇော် ပွဲတွေ ဘာတွေလည်း လုပ်၏။

သာသနာ့ နယ်‌ေြမ မဖြစ်ခင်တုန်းက အဆိုပါ ကုန်းမြေက သင်္ချိုင်းကုန်း ဖြစ်၏။ တိုင်းရင်းသား ပေါင်းစုံ သုသာန်သင်္ချိုင်း မရှိခင်တုန်းက အဆိုပါ နေရာက ရပ်ကွက် သုသာန်သင်္ချိုင်း ဖြစ်၏။ ထိုစဉ်က ရပ်ကွက်တိုင်း လိုလိုမှာ သူ့ သင်္ချိုင်းနဲ့သူ ဖြစ်၏။ နောက်ပိုင်း လူနေ ထူထပ် လာသဖြင့် ရပ်ကွက် သုသာန်သင်္ချိုင်းတွေကို ဖျက်လိုက်ပြီး မြို့နဲ့ အတန်ငယ်လှမ်းသည့် နေရာမှာ တိုင်းရင်းသား ပေါင်းစုံ သုသာန်သင်္ချိုင်းဆိုပြီး လုပ်လိုက်၏။ ထို့ကြောင့် ယခင် ရပ်ကွက် သုသာန် နေရာတွေက ယခုအခါ အခြား အဆောက်အဦးတွေ ဖြစ်ကုန်၏။ ဘုရားကျောင်း၊ သာသနာ့ နယ်မြေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လူနေ အဆောက်အဦး အစ ရှိသဖြင့်ပေါ့။

ကျနော့် အိမ်၏ တောင်ဘက် ၁ အိမ်ကျော်မှာ ၃ တန်း အရွယ် ကလေး တယောက် ရှိ၏။ တခုသော ညနေခင်း ကျောင်းဆင်းချိန် အိမ်ပြန်ရောက် အဝတ်အစား ဘာညာ လဲပြီး ဆော့ကစားရန် အလို့ငှာ ထို ကလေး ထွက်လာ၏။ အိမ်က အထွက် လမ်းမှာ သူ့ အမေနဲ့ ဆုံ၏။ အမေက မေး၏။ သားက ဖြေ၏။

"ဘယ်သွား မှာလဲ"
"သွား ကစားမလို့"
"ဘယ် သွား ကစားမှာလဲ"
"သင်္ချိုင်းကုန်း"
"ဘယ်နှယ် နာရီ ပြန်လာမှာလဲ"
"၅ နာရီ"
"အေး ပြီးရော"

သူတို့ အပြန်အလှန် ပြောတာက သူတို့ အတွက် ကိစ္စ မရှိ၊ မထူးဆန်းပေ။ သို့ပေမယ့် အဆိုပါ ကုန်းကမူ၏ သမိုင်းကို မသိသူ အတွက်ကတော့ နားလည်ရ ခက်ပေလိမ့်မည်။ မသိရင် သားက အမေကို ရွဲ့နေသလားပေါ့။ သားက သင်္ချိုင်းကုန်း သွား (ဆော့) မှာကို အမေက ဘယ်အချိန် ပြန်လာမှာလ‌ဲ ဆိုပြီး တဖန် ပြန်များ ရွဲ့နေသလားပေါ့လေ။

အကြောင်း မသိသူ အဖို့ အတော်လေး အူကြောင်ကြောင်၊ အူလည်လည် ဖြစ်သွားနိုင်၏။



0
0
0.000
4 comments
avatar

သံဃာတွေပဲ မီးသင်င်္ဂြိုလ်တဲ့နေရာလို့ ကြားဖူးတာ

0
0
0.000