အချိန် မလင့်စေလို
မပြောချင်ပေမယ့်လည်း ပြောရပေလိမ့်ဦးမည်။
အမှန်တော့ ပြောချင်စိတ်ကို မရှိတော့တာ။ Round 1 ဖွင့်ပွဲတုန်းက မပျော်ခဲ့ရသမျှ Round 2 မှာ ပျော်ရပြီ ထင်ခဲ့တာပေါ့။ ဒါပေမယ့် Fulham ကို 1-1 သရေတဲ့လေ။ 58 မိနစ်မှာ ဦးဆောင်ဂိုး အရင်သွင်းတယ်။ 73 မိနစ်မှာ Fulham က ချေပဂိုး ပြန်သွင်းသွားတယ်။ လက်ကျန် မိနစ်မှာ ဂိုး ထပ်မသွင်းနိုင်ဘဲ ဒီအတိုင်း ပြီးသွားခဲ့တယ်။ Arsenal နဲ့ တုန်းက ခြေစွမ်းမျိုး Fulham နဲ့ ပွဲမှာ မတွေ့ရဘူး။ အသင်းသားတွေက ဘာဖြစ်ချင်နေမှန်းကို မသိတော့ဘူးရယ်။
အကယ်လို့ Bruno ရဲ့ ပင်နယ်တီသာ ဂိုး ဖြစ်သွားခဲ့ရင် တမျိုးတဖုံ ပြောင်းလဲသွားနိုင်၏။ Bruno ကလည်း တကယ့်အရေးမှ ပင်နယ်တီ လွဲရတယ်လို့။ မနေ့က တသင်းလုံး ကစားပုံက တလွဲတွေချည်းပဲ။ Arsenal နဲ့ ပွဲတုန်းက United မှ ဟုတ်ပါလေစဟု မေးယူရသည်အထိပင်။ ပသို့များ ဖြစ်သွားခဲ့လေ သနည်း။ မပျော်ရသည့် ကာလကြီးမှာ မပျော်စရာတွေချည်း ဘာလို့ ထပ်လောင်းပေါင်းထည့်နေပါသနည်း အသင် United.
မနှစ်ကလည်း စိတ်ညစ်ခဲ့ရ၏။ ဒီနှစ်လည်း နှစ်ပွဲ ကစားပြီး တမှတ်တဲ့လေ။ ဒုတိယပွဲမှာတင် မနှစ်က ခြေစွမ်း အကျင့်မျိုးတွေ ပြန်ပေါ်လို့ လာခဲ့ပြီ။ ခုလိုတွေ ဖြစ်နေတာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
မနှစ်က ရာသီဝက်မှ ရောက်လာလို့ ဆိုပြီး အကြောင်းပြ၏။ ခုကတော့ ရာသီအစကတည်းက အသင်းကို ပြင်ဆင်ခွင့်ရထားတဲ့။ နည်းပြ လိုချင်သည့် ကစားသမားတွေကိုပဲ မခေါ်ပေးကြတာလား။ ဒါမှမဟုတ် ခေါ်ပေးနေရဲ့သားနဲ့ Amorim ကပဲ မဟုတ်နေသေးတာလားပေါ့။ Sir Alex အလွန်မှာ United ဟာ နည်းပြတွေရဲ့ ကျရှုံးရာနေရာများ ဖြစ်နေပြီလား။ ဘယ်နည်းပြ ရောက်လာ၊ ရောက်လာ နှစ်ရှည်ကိုင်တွယ် သွားတာမျိုး မရှိပေ။ အသင်းနဲ့ Chemistry မိနေသည့် နည်းပြမျိုး ခုထိ မတွေ့ရသေးပေ။
ကောင်းပေ့ နာမည်ကြီးပေ့ နည်းပြတွေ ခေါ်တာပါပဲ။ ဒါပေမယ့် United ရောက်ရင် သူတို့ ဘယ်လိုတွေ ဖြစ်သွားကြသည် မသိပေ။ အသင်းကို သူတို့ မဆွဲတင်နိုင်ဘဲ အသင်းကသာ သူတို့ကို ဆွဲချသွားလေသလားဟုပင် ထင်မှတ်ရ၏။ လက်ရှိ နည်းပြ Amorim ၏ 3-4-3 ကစားကွက်နှင့် ပတ်သက်၍ ဝေဖန် ပြောဆိုမှုတွေက ယခင်ထက် စာရင် ယခုအချိန်မှာ ပိုများလာခဲ့၏။ United နဲ့ အဆိုပါ ကစားကွက်က ဘယ်လိုမှ မလိုက်ဖက်၊ အဆင်မပြေဘူး ပေါ့။
Amorim ကလည်း အတော်လေး ခေါင်းမာ၏။ ကစားကွက်တော့ ပြောင်းမှာ မဟုတ်ဟု ဆိုထား၏။ ဒါဖြင့်ရင်လည်း ကစားကွက်နဲ့ အံဝင်သည့် ကစားသမားတွေ ခေါ်ဆိုပြန်တော့လည်း လက်ရှိ ကစားသမားတွေကို အရင်ရောင်းထုတ်နေတာ အဆင်မပြေသေးပေ။ အရောင်းမရလို့ အငှားကွာ ဆိုပြန်တော့လည်း လစာ များပြားနေသောကြောင့် တော်ရုံအသင်းတွေက မခေါ်နိုင်ကြပေ။ ဆရာသမားတွေကလည်း လစာလေး လျော့ယူပေါ့။
ဘာတွေ ဖြစ်ဖြစ် စိတ်ညစ်ရ၊ မပျော်ရပေမယ့်လည်း ချစ်နေတော့လည်း ဆက်လက် အားပေးရုံသာ။ တနေ့နေ့မှာတော့ United ပြန်လာတန် ကောင်းပါရဲ့။ အချိန် မလင့်ခင်ပေါ့။
(photos from မန်ယူဖန်များအတွက် သီးသန့် နေရာ Facebook page)
!LOLZ
!MEME
lolztoken.com
To get his teeth crowned.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
Credit: pepe-cash
Earn Crypto for your Memes @ HiveMe.me!