After Round 7

ချန်ပီယံလိဂ် Round 7 ဒုတိယရက် ပွဲစဉ်များလည်း ကစားလို့ ပြီးသွားခဲ့၏။ နောက်ထပ် ပွဲစဉ် ၁ ပွဲ ပြီးရင်တော့ အုပ်စု ပွဲစဉ်များ အားလုံး ပြီးပြီ။ ၂၉ ရက်နေ့ မနက် ၂ နာရီခွဲ အချိန်မှာ တပြိုက်နက်ထဲ ကစားကြမည် ဖြစ်၏။ Round 7 ပွဲစဉ်များ အပြီးမှာ Round of 16 တိုက်ရိုက် ဝင်ခွင့် အတွက် အသင်း အနည်းငယ်သာ ထွက်ပေါ်လာခဲ့ပြီး ကျန်အသင်းတွေကတော့ မျှော်လင့်ချက် ရှိနေပါသေး၏။ Playoff ဝင်ခွင့် အတွက်လည်း ထိုနည်း အတိုင်းပင်။
Napoli အသင်း အနေဖြင့် လောလောဆယ်မှာ အဆင့် ၂၅ နေရာမှာ ရပ်တည်နေ၏။ အုပ်စု နောက်ဆုံးပွဲစဉ်ကို အနိုင်ရမှသာ playoff အတွက် သေချာမည် ဖြစ်၏။ အုပ်စု နောက်ဆုံးပွဲကို Chelsea အသင်းနှင့် အိမ်ကွင်းမှာ ကစားရမည် ဖြစ်၏။ Chelsea အနေဖြင့်လည်း Round of 16 တိုက်ရိုက်ဝင်ခွင့် သေချာဖို့ အတွက် Napoli ကို သရေ သို့မဟုတ် အနိုင်ကစားဖို့ လိုမည် ဖြစ်၏။ Playoff ဝင်ခွင့်ရရုံလောက်သာ ဆိုရင် Napoli ကိုများ သူတို့ အရှုံး ပေးလိုက် လေမလားပေါ့။

အသင်းတွေက တသင်းနှင့် တသင်း အမှတ် သိပ်မကွာကြပေ။ ခုချိန်မှာ တိုက်ရိုက်ဝင်ခွင့်ရထားတာဆိုလို့ Arsenal နှင့် Bayern Munchen တို့သာ သေချာနေသေး၏။ ကျန်အသင်းတွေက တိုက်ရိုက်လား၊ playoff လား မသဲကွဲသေးပေ။ အုပ်စု နောက်ဆုံး ပွဲစဉ်တွေကတော့ ကြည့်ကောင်းဦးမှာ အသေအချာပင်။
ဒုတိယရက်မှာတော့ EPL အသင်း ၃ သင်းလုံး အနိုင်ရသွားခဲ့၏။ Chelsea က Pafos FC ကို 1-0 Liverpool က Marseille ကို 0-3 New Castle က PSV ကို 3-0 ဖြင့် အသီးသီး အနိုင်ရရှိသွားကြလေ၏။ ဒုတိယနေ့ ပွဲစဉ်တွေမှာလည်း သရေပွဲ ၁ ပွဲသာ ရှိခဲ့ပြီး ကျန် ၈ ပွဲက အရှုံးအနိုင် အဖြေပေါ်ခဲ့လေ၏။ Round 8 ပွဲစဉ်တွေကလည်း အကြိတ်အနယ် ရှိနေဦးမှာပင် ဖြစ်၏။
နက်ဖြန်မှာတော့ ယူရိုပါလိဂ် Round 7 ပွဲစဉ်တွေ ကစားသွားဖို့ ရှိနေပါသေး၏။ EPL က ၂ သင်း Aston Villa ကော Nottm Forest ကော နှစ်သင်းလုံး အခြေအနေ ကောင်းနေပါသေး၏။ Aston Villa က တိုက်ရိုက် ဝင်ခွင့် နှင့် Nottm Forest က playoff ဝင်ခွင့် နေရာတွေမှာ ရပ်တည်နေ၏။
(photos from UCL page)