အိပ်ပျက်ည
မနေ့ညက တော်တော်နဲ့ အိပ်မပျော်ပေ။ မနက် ၂ နာရီ ထိုးသွားခဲ့၏။ ဘာကြောင့်ရယ် မသိ။ ည ၁၂ နာရီမှာ အိပ်ရာ ဝင်ပေမယ့် အိပ်မပျော်နေခြင်း ဖြစ်၏။ ညဦးပိုင်းတုန်းကတော့ ရုပ်ရှင်ကြည့်သေး၏။ Nice view နဲ့ Law Abiding Citizen ဖြစ်၏။ နှစ်ကားလုံး ကြည့်လို့ကောင်း၏။ Review တော့ မရေး ဖြစ်လောက်ပေ။ ဒီရက်ပိုင်းထဲ တချို့ရက်တွေမှာ ဇာတ်ကားတွေ ကြည့်ဖြစ်၏။ အရင်လိုတော့ Review တွေ ပြန်မရေး ဖြစ်လောက်သေးပေ။ ရေးပျင်းနေသောကြောင့် ဖြစ်၏။
မျက်လုံးက ထူးထူးဆန်းဆန်း ကြောင်နေ၏။ ခေါင်းကလည်း ကြည်ကြည်လင်လင်ကြီးနဲ့။ အိပ်ချိန်စိတ်က အနည်းငယ်မျှကို မရှိနေပေ။ မနက်ခင်း အစောထနေရသဖြင့် ပုံမှန်ဆို ဒီအချိန်က အိပ်ကို အိပ်ရတော့မှာ၊ အိပ်လည်း အိပ်သင့်နေပြီ။ အခြားရက်တွေတုန်းကဆို ခေါင်းအုံးပေါ် မှေးလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း အိပ်ပျော်နေကြ ဒီနေ့မှသာ ပသို့ ဖြစ်သည် မသိပေ။
မနက်က ထရဦးမယ်၊ အိပ်ချိန်တန်နေပြီကို လူက မအိပ်သေး အိပ်ရေး မဝတော့ ဖြစ်ပေတော့မယ်။ အနှီအတွေးစိတ်ကြောင့် လူက ပိုလို့ အိပ်မပျော် ဖြစ်ရလေပြန်၏။ အင်း ခက်တော့နေပြီ။ ဘယ်လှိမ့် ညာလှိမ့် ပက်လက်ပြန်နေလိုက်နဲ့ တော်တော်နဲ့ အိပ်မပျော်နေပေ။ နာရီကြည့်တော့ မနက် ၁ နာရီထိုးနေပြီ။ ဒီလောက် ဖြစ်လှတာဆိုပြီး phone ပြန်ဖွင့်ပြီး သုံးပစ်လိုက်၏။
အစကတော့ နက်ဖြန် အတွက်ဆိုပြီး ပိုစ့် ကြိုရေးဦးမလို့ပဲ။ နို့ပေမယ့် သိသည့်အတိုင်း Facebook ထဲ ခဏ ဆိုပြီး ဝင်လိုက်တာ တနာရီ လောက်ကြာသွားခဲ့၏။ မျက်စိ အနည်းငယ်ညောင်းလာသလို အိပ်ချင်သလိုလိုလည်း ဖြစ်လာ၏။ သို့နှင့် phone ပိတ်ကာ အိပ်လိုက်၏။ ဒီတကြိမ်မှာတော့ ခဏနဲ့ အိပ်ပျော်သွားခဲ့၏။
ထင်ထားသည့် အတိုင်း မနက် အိပ်ရာ ထချိန်မှာ ခေါင်းက မကြည်လင်နေတော့ပေ။ အိပ်ရာ ထသင့်သည့်အချိန်မှာ လူက နိုးထခဲ့ပေမယ့် အိပ်စက်ချိန် မပြည့်ခြင်းကြောင့် ယခုလို ဖြစ်ခြင်း ဖြစ်၏။ ယခင်တုန်းကလည်း ခုလိုမျိုး အိပ်မရ ပြုမရတာမျိုးတော့ ဖြစ်ခဲ့ဖူး၏။ ကြာကြာနေ တခါပေါ့။ ယခင်ကတော့ အတွေးတွေများပြီး အိပ်မပျော်တာများ၏။ အစားအသောက်ကြောင့် အိပ်မရတာက နည်းနည်းပဲ ရှိခဲ့၏။
ဒီနေ့ အိပ်မရတာကတော့ အတွေးတွေကြောင့် မဟုတ်ပေ။ အစားအသောက်ကြောင့် ပြောရအောင်လည်း အစား မမှား။ ညနေက ထမင်း စားရင်း လက်ဖက်လေး အနည်းငယ် စားတာသာ ရှိ၏။ ထို ပမာဏလောက်လေးနဲ့ အိပ်မပျော်နိုင်စရာ အကြောင်း မရှိပေ။ အင်း အသက်ရလာလို့များလား။ ဒါမှမဟုတ် တခြား အကြောင်းတခုခု ကြောင့်လေလား။
လက်ဖက်က စားနေကြ မဟုတ်ရင် မျက်လုံးကြောင်းတယ်။
!LOLZ
!MEME
lolztoken.com
An Orcastra
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Credit: rickonthemoun10
Earn Crypto for your Memes @ HiveMe.me!
Credit: orionvk
Earn Crypto for your Memes @ HiveMe.me!