‌အားဖြစ် စေခဲ့ပါ၏

တရက်သားက ကိုဟိန်းနဲ့ ကိုကိုမိုးဟိန်း (မြန်မာကိုကို) တို့၏ ပိုစ့်တွေ ဖတ်ရ၏။ ပျောက်ဆုံးနေသည့် စိတ်ခံစားချက်များ ပြန်လည် ဖြစ်ပေါ်လာ၏။ သူတို့ ပိုစ့်တွေ ဖတ်ပြီးနောက် စိတ်ခွန်အားတွေလည်း ရ၏။ ထို့နောက် ရှေ့ခရီးဆက်ဖို့ ကျနော့် အနေနဲ့ အစီအစဉ်တွေ ချမှတ်ဖို့လိုမည် ဖြစ်ကြောင်းကိုပါ တပါတည်း သိလိုက်ရ၏။

သူတို့နဲ့က အပြင်မှာ တကြိမ်လောက်သာ ဆုံဖူး၏။ Online မှာပဲ တွေ့မြင်ကြရတာ များ၏။ အထူးသဖြင့် Hive မှာပေါ့။ တကယ်တော့ ကျနော်တို့က Steemit မှာကတည်းက ခရီးဖော်တွေ ဖြစ်၏။ ကိုဟိန်းက Steemit မှာကတည်းက plan တွေ ချမှတ်ပြီး သွားနေသူ ဖြစ်၏။ မြန်မာကိုကိုလည်း ထို့အတူပင်။ နှစ်ယောက်လုံးက အခြား မြန်မာအနည်းငယ်သာရှိသည့် Hive မှာ ပိုစ့်တင် မပျက်ကြသူတွေ ဖြစ်၏။

သူတို့ နှစ်ယောက်ထံကနေ စိတ်ခွန်အားရသွားစေသည့် ပိုစ့် နှစ်ခု ရှိ၏။ ကိုဟိန်း၏ Hive platform ပေါ်မှာ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းမှာ ဘယ်လိုတွေ အစီအစဉ်တွေချပြီး လုပ်ဆောင်ကာ လက်ရှိမှာ လစဉ် ဘယ်လောက် ရနေပြီ ဆိုတာမျိုး ရေးသားဖော်ပြထားသည့် ပိုစ့် ဖြစ်၏။

မြန်မာကိုကိုက Hive နဲ့ ပတ်သက်လို့ လချုပ်စာရင်း ပိုစ့်လေး ဖြစ်၏။ ဒီတလ အတွက် Hive ကနေ income ဘယ်လောက် ရတယ် ဆိုတာမျိုးပေါ့။ ထိုလချုပ် ပိုစ့်တွေ အရင်ကတည်းက ရေးလာတာကြာခဲ့ပြီလားတော့ မသိပေ။ ကျနော် နှစ်ပုဒ်တော့ ဖတ်ဖူး၏။ ပထမ တပိုစ့်မှာတုန်းကတော့ Alarm က မမြည်သေးပေ။ နောက်ထပ် လချုပ်ပိုစ့် တခုဖတ်ပြီးချိန်၊ ကိုဟိန်းရဲ့ ပိုစ့်ကိုလည်း ဖတ်ရပြီးချိန်မှာတော့ Alarm က ကျယ်ကျယ်မြည်လာခဲ့ပြီ။ အိပ်နေသည့် စိတ်တို့ လှုပ်နိုးလို့ လာခဲ့၏။

ကျနော် နေ့စဉ် ပိုစ့်တွေ ရေးနေပေမယ့် အစီအစဉ် မရှိ၊ မထားမိတာကိုတော့ ဝန်ခံရပေလိမ့်မယ်။ ဒီအတိုင်း ရေးမယ်၊ တင်တယ်ပေါ့။ ရက်မှန်၊ အချိန်မှန် တင်တာပဲ ရှိ၏။ တရက် ဘယ်လောက်၊ တပတ် ဘယ်လောက်၊ ပြီးခဲ့တဲ့လက ဘယ်လောက်ရတယ် စသည်ဖြင့် စာရင်း မရှိ၊ မလုပ် ထားဖြစ်ပေ။ ပြီးနောက်လ အတွက် target ဆိုပြီး မရှိပေ။ လစဉ် plan တောင် မရှိမှတော့ နှစ်စဉ် plan နဲ့ ရေရှည် plan တွေ ပသို့ ရှိတော့မည်နည်း။ ထိုအချက်တွေ ကျနော် ပြင်မှ ရပေမည်။

ပျင်းရိလေးလံ မေ့မောနေသည့် စိတ်တွေကို လှုပ်နိုးစေခဲ့သည့် ကိုဟိန်းနှင့် မြန်မာကိုကိုတို့ကို ယခုပိုစ့် နှင့်အတူ ကျေးဇူးတင်ပါတယ်ဟု ပြောလိုပါ၏။



0
0
0.000
8 comments
avatar
(Edited)

ဟုတ်သဗျို့ ကျွန်တော်လည်း တစ်ရက်ခြားပိုစ့်သာ တင်နေတာ ဘယ်ရွေ့ ဘယ်မျှရသည်ကကို သတိမထားမိ။ သူရို့ တွေ အဲ့သလို ရေးပြမှ သတိထားမိတာ။
!LOLZ
!MEME

0
0
0.000
avatar

အတုယူစရာလေးတွေပေါ့ဗျာ။

0
0
0.000
avatar

@golden.future account နဲ့လည်း တင်ပြဦးမှ ထင်တယ်။
အောင်မြင်ပါစေ။
တောင်ကြီးမှာ ဆုံချင်ပါသေးတယ်။
!HUG
!meme

0
0
0.000
avatar

ခေတ်ကာလ ကောင်းချိန်ကြ အားလုံး အတူ ပြန်ဆုံကြမယ်ဗျာ။

0
0
0.000