100 Halaand

ဒီဇင်ဘာ ပွဲကြပ်ကာလတွေ ရောက်လို့ လာခဲ့ပြီ ဖြစ်၏။ ကြားရက်တွေမှာ EPL Round 14 ပွဲစဉ်များ ရက်ခွဲပြီး ကစားကြ၏။ မနက်က 3 ပွဲ ကစားသွား၏။ 2 ပွဲ အနိုင်အရှုံး အဖြေပေါ်ပြီး 1 ပွဲက သရေပွဲ ဖြစ်သွားခဲ့၏။ Everton က Bournemouth ကို အဝေးကွင်းမှာ 0-1 ဖြင့် အနိုင်ရသွားခဲ့၏။ Tottenham က New Castle နှင့် 2-2 သရေကျသွားခဲ့၏။
Tottenham အနေဖြင့် 5 ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့၏။ United နှင့် သရေကျပြီး နောက်ပိုင်း မှာ 3 ပွဲဆက် ရှုံးနိမ့်ထား၏။ ခု New Castle နှင့် သရေ ထပ်ကျပေါ့။ ဂိုးများသွားသည့် ပွဲကတော့ Fulham vs Man City ပွဲ ဖြစ်လေ၏။ 4-5 ဖြင့် Man City က Fulham ကို အနိုင်ရသွားခဲ့လေ၏။

Laliga ဘက်မှာတော့ Barcelona က Atletico Madrid ကို 3-1 ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေး ဇယားကို ဆက်လက် ဦးဆောင်ထား၏။ နက်ဖြန် မနက် 12 နာရီခွဲမှာတော့ Athletic Club vs Real Madrid တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။
နက်ဖြန် မနက် 2 နာရီနှင့် 2 နာရီ 45 မိနစ်တို့မှာ EPL Round 14 ပွဲစဉ်အချို့ ဆက်ကစားမည် ဖြစ်၏။ Arsenal vs Brentford ပွဲစဉ်ကတော့ ကြည့်ကောင်း မယ့်ပွဲစဉ်ပင်။ Leeds vs Chelsea ပွဲစဉ် အပြင် Liverpool vs Sunderland တို့၏ ပွဲစဉ်လည်း ရှိနေပါသေး၏။ နိုင်ပွဲ ပြန်တွေ့ထားသည့် Liverpool အနေနဲ့ Sunderland ကို အသာစီး ရယူနိုင်မလားကတော့ စိတ်ဝင်စားစရာပင်။ United vs West Ham ပွဲစဉ်ကတော့ သဘက်ခါမှ ကစားမည် ဖြစ်၏။
(photos from Premier League)