Beautiful Paper Umbrella, How to Make it

avatar

ဒီနေ့ တကယ့်ကိုလှတဲ့ စက္ကူထီးတစ်ခုပြုလုပ်ထားပါတယ်။ယခင်က ထီးတွေအများကြီးပြုလုပ်ဖူးပေမဲ့ ဒီတစ်ခုကတော့ပိုခက်ခဲပါတယ်။ပြီးတော့တကယ့်ထီးနဲ့လည်းပိုတူပါတယ်။ထီးရွက်အတွက်အရွယ်တူ၊ပုံစံတူစက္ကူအပိုင်းနှစ်ခုပြုလုပ်ရမှာပါ။ပြီးမှထီးရိုးနဲ့ဆက်ရမှာပါ။ဘယ်လိုပြုလုပ်ရမလဲဆိုတာပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။လိုအပ်တာတွေက ရောင်စုံစက္ကူ ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ ပန်းရောင် စက္ကူကို 15cm တိုင်းတာ၍အလျားအနံတူညီစွာဖြတ်ရမှာပါ။ထိုစက္ကူကိုတစ်ဝက်စီလေးကြိမ်ခေါက်၍ထိုခေါက်ချိုးမျဥ်းများအတိုင်းအတွင်းသို့ခေါက်ရမယ်။ထိုစက္ကူခေါက်ရဲ့ ခေါက်ချိုးမျဥ်းတစ်ခုစီကိုပုံအတိုင်းဖြန့်၍ခေါက်ရမှာပါ။နောက်တစ်ဆင့်မှာလည်းခေါက်ချိုးမျဥ်းအားလုံးကိုထပ်မံခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုပုံအတိုင်းဖြတ်၍၊ ဘေးဘက်စက္ကူအစွန်းနှစ်ခုကိုအနည်းငယ်စီညှိပါတယ်။ထိုစက္ကူခေါက်ရဲ့အလယ်မှာလည်းပုံအတိုင်းတစ်ဘက်ကိုအနည်းငယ်စီဖြတ်ပါတယ်။နောက်တစ်ဆင့်မှာထိုစက္ကူခေါက်ကိုဖြန့်၍ ၊ဖြတ်ထားတဲ့စက္ကူအစွန်းတွေကိုခေါက်ပါတယ်။

ဒီအဆင့်မှာ ထိုနည်းအတိုင်းနောက်ထပ်တစ်ခုကိုပြုလုပ်၍၊ထိုနှစ်ခုရဲ့အနားပတ်လည်မှာကော်ကပ်ပြီးဆက်ပါတယ်။လိမ္မော်ရောင်စက္ကူအလိပ်တစ်ခုကိုခေါက်၍ထီးရိုးအဖြစ်အသုံးပြုပါတယ်။ ပန်းရောင် စက္ကူခေါက်ကိုပုံအတိုင်းအနည်းငယ်စီဖြတ်၍၊ လိမ္မော်ရောင်စက္ကူအလိပ်နဲ့ဆက်ပါတယ်။ အနီရောင် စက္ကူအပိုင်းတစ်ခုဖြတ်၍ပုံအတိုင်းကော်ကပ်ပါတယ်။ထိုစက္ကူထီးလေးကတကယ့်ကိုလှတယ်လို့ထင်ပါတယ်။ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။


May 9, 2023
Written by @asterkame
By my photos & made by me



0
0
0.000
11 comments
avatar

စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျလုပ်ထားတဲ့ ထီးလေး အရမ်းလှပါတယ်ခင်ဗျာ...!PGM !PIZZA

0
0
0.000
avatar

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 6

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


0
0
0.000
avatar

You always have great ideas sis

0
0
0.000
avatar

Thank you sis. I will make more than with good ideas.

0
0
0.000