Beautiful Origami Baskets, How to Make them

avatar

ဒီနေ့ တကယ့်ကိုလှတဲ့ paper basket နှစ်ခုပြုလုပ်ထားပါတယ်။ သူတို့ကိုစက္ကူခေါက်၍ပြုလုပ်ရတာပါ။ ထိုတစ်ခုစီကို အရောင်တစ်မျိုးတည်းဖြင့်ပြုလုပ်လို့လည်းရပါတယ်။ဒါပေမဲ့သူတို့ကိုပို၍ခိုင်ခံ့ပြီး၊ထူစေချင်လို့ စက္ကူအရောင်နှစ်မျိုးကို ကော်ကပ်ပြီးပြုလုပ်ထားတာပါ။ လက်ကိုင်တစ်ခုစီပါရှိပြီး၊ ပန်းနှစ်ပွင့်စီဖြင့်လည်းအလှဆင်ထားပါတယ်။ထိုပန်းပွင့်တွေကပြုလုပ်ရတာလွယ်ကူပါတယ်။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလိုစာလည်းရေးထားပါတယ်။ လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ စက္ကူအရောင်လေးမျိုးကို 15cm ဖြင့်အလျားအနံတူညီစွာဖြတ်ပါတယ်။ အနီနဲ့ပန်းရောင်ကိုအတူတကွကော်ကပ်ပြီး၊နောက်ထပ်ပန်းရောင်နဲ့အစိမ်းရောင်စက္ကူကိုအတူတကွကော်ကပ်ပါတယ်။စက္ကူတစ်ခုစီကိုတစ်ဝက်ခေါက်၍၊ အနားစွန်းတစ်ဘက်စီမှ 5.5cm စီတိုင်း၍အမှတ်များမှတ်ထားပါတယ်။ ထောင့်စွန်းတွေကိုလည်း ပုံအတိုင်းညှိပါတယ်။ အနားနှစ်ဘက်ကိုအလယ်မျဥ်းသို့ခေါက်၍၊ ခုနကမှတ်ထားတဲ့နေရာနှစ်ခုကို ခေါက်ချိုးမျဥ်းအထိပုံအတိုင်းဖြတ်ရမှာပါ။ တစ်ဘက်စီမှစက္ကူအပိုင်းသုံးခုကိုအတူတကွကော်ကပ်ခြင်းဖြင့် box ပုံစံပြုလုပ်ပါတယ်။စက္ကူအပိုင်းတစ်ခုကိုဖြတ်၍ခေါက်ပြီး၊ လက်ကိုင်အဖြစ် အသုံးပြုပါတယ်။ နောက်ထပ် တစ်ခုကိုလည်းထပ်မံပြုလုပ်ပါတယ်။

ပန်းပွင့်အတွက်အပြာရောင်စက္ကူပေါ် ပန်းပွင့်ပုံဆွဲ၍ဖြတ်ရမှာပါ။စက်ဝိုင်းပုံစံအနီရောင်စက္ကူအပိုင်းငယ်များဖြတ်၍ထပ်မံကော်ကပ်ပါတယ်။ ထို basket တစ်ခုစီမှာ ပန်းနှစ်ပွင့်စီဖြင့်အလှဆင်ပါတယ်။ သူတို့က တကယ့်ကိုလှပြီး နှစ်သက်စရာပါ။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။


June 10, 2023
Written by @asterkame
By my photos & made by me



0
0
0.000
4 comments
avatar

Again, also nice to put flowers on it.

0
0
0.000
avatar

Because I want to be more beautiful. Thank you.

0
0
0.000