အပူဒဏ်သက်သာဖို့ သစ်ပင် သစ်တော ချစ်ခင်စို့

avatar

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....

အခုရက်ပိုင်းမှာ ပူလွန်းတဲ့ရာသီဥတုဒဏ်ကြောင့် မိုးသည်းသည်းမဲမဲရွာစေချင်နေကြမှာဖြစ်ပါတယ်။ မုန်တိုင်းဟေ့လို့ အသံကြားတဲ့အခါ မိုးရွာစေချင်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကလူတွေ မိုးရွာနိုင်တဲ့အတွက် မုန်တိုင်းမြန်မြန်ဝင်ရောက်လာပါစေလို့တောင် ဆုတောင်းနေကြလိမ့်မယ်။ အပူဒဏ်ကို ‌နေ့ရော ညပါ ခံစားနေကြရလေတော့ မိုးရွာစေချင်ကြတာပေါ့။ ပင်လယ်ကမ်းရိုးတန်း‌မှာ နေထိုင်ကြတဲ့လူတွေအတွက်ကတော့ မုန်တိုင်းသံကြားတဲ့အခါ ရင်တထိတ်ထိတ် ဖြစ်နေကြရမလားပဲ။



မိုးသားတိမ်လိပ်တွေ အုံ့ဆိုင်းလို့ မှိုင်းလာရင် မိုးရွာတော့မလားဆိုပြီး ကောင်းကင်ကို မော့မော့ကြည့်နေတာ အလုပ်တစ်ခုလိုဖြစ်နေတယ်။ မိုးစက်လေးတွေကျလာရင်ကို ပျော်လိုက်ကြတဲ့ဖြစ်ခြင်းပေါ့။ ဒါပေမယ့် မိုးရွာမယ့်အချိန်က မရောက်သေးတော့ မိုးတစ်ပေါက် နှစ်ပေါက်လောက်ကျလာပြီး ရပ်သွားလေရဲ့။ ကျလာတဲ့ မိုးရေနည်းနည်းကြောင့် ပူနေတဲ့မြေပြင် အပူငွေ့တွေပျံတက်လာတော့ ပိုပူသလိုခံစားကြရပြန်တော့ မိုးနတ်မင်းကို အားမလို အားမရ အပြစ်တင်ကြပြန်ပါရောလား။

"ရွာမလိုလို လာမလိုလိုနဲ့ လေယူရာပါသွားတဲ့ မိုးတိမ်လို မြင်သာမြင် မကြင်ရတဲ့မေတ္တာ"တဲ့။ သွားလေသူ အဆိုတော်ကြီး စိုင်းထီးဆိုင် သီဆိုခဲ့တဲ့သီချင်းလိုပဲ။ မိုးသားတိမ်လိပ်တွေတက်လာတာမြင်လိုက်ရပြီးခဏလောက်နေရင် လေတိုက်ရာပါပြီး ဘာတိမ်မှ မကျန်တော့ဘူး။ တိမ်ကိုကြည့်ရုံ မြင်ရုံပဲရှိပြီး ခုချိန်ထိ မိုးကောင်းကောင်းမရွာတော့ မြင်သာမြင် မကြင်ရတဲ့ မောင့်ဘဝဖြစ်နေတာ အတော်ကြာပြီ 😁

မိုးကို မျှော်နေရုံက တစ်ကြိမ်တစ်ခါလောက်ပဲ အပူဒဏ်ကနေ သက်သာနိုင်မှာပါ။ အမြဲတမ်းအပူဒဏ်သက်သာဖို့ဆိုရင် သစ်ပင် 🌲 သစ်တောတွေကို ချစ်တတ်မှဖြစ်မယ်။ သစ်ပင် 🌲 သစ်တောကိုချစ်ရင် သစ်ပင် တစ်ပင်ဖြစ်အောင် စိုက်ပျိုးသင့်တယ်။ သစ်ပင် 🌲 တစ်ပင်ကနေ တောအုပ်တစ်ခုဖြစ်လာရင် အပူဒဏ်ကနေ အထိုက်အလျောက်တော့ ကာကွယ်ပေးကြပါလိမ့်မယ်။ အရူးမုန်တိုင်းဖြစ်တဲ့ မိုချကြောင့် မိုးကတော့ ဒီတစ်ပတ်ထဲမှာ ရွာလာအုံးမှာပါ။ သဘာဝပတ်ဝန်းကျင်ကို ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ကြပါစေ။

သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။


အားလုံးကို လေးစားလျှက် -


@ansoe



0
0
0.000
10 comments
avatar

သစ်ပင်စိုက်ထားပြီး စိုက်နေမြဲ။
!LOLZ
!MEME

0
0
0.000
avatar

ရွသာရွာပါ မိုးရယ်
!LOL

0
0
0.000